Fallout လို့ပြောလိုက်ရင် RPG gamer တော်တော်များများသိကြပါလိမ့်မယ်။ နူးကလီးယားစစ်ပွဲအပြီးနှစ်အတော်အကြာမှာ အရာရာပျက်စီးနေတဲ့ လောကထဲ အသက်ရှင် ဖို့ကြိုးစားရတဲ့ Post-apocalyptic game တစ်ခုပါ။ Bethesda ကထုတ်တဲ့ role play တွေထဲမှာတော့ Skyrim တို့လိုပဲ စွဲစွဲလမ်းလမ်းဆော့ ခဲ့ဖူးတဲ့ series တစ်ခုပေါ့။ Fallout ကနေ Fallout 4 အထိလည်းထွက်ခဲ့ပါပြီ။ အခုလာမယ့် စက်တင်ဘာ ၂၆ မှာတော့ ဒီ FALLOUT 4 အတွက် Game of the year edition ထွက်လာမယ်ဆိုပြီး မနေ့ကပဲကြေငြာခဲ့ပါတယ်။
Fallout 4 က ၂၀၁၅ နိုဝင်ဘာလောက်တည်းကထွက်ထားတဲ game ဆိုတော့ လာမယ့် GOTY Edition ထွက်လာတာက အတော်လေးတော့ နောက်ကျတယ်ဗျာ။ ကြားထဲမှာ Fan တွေရဲ့ mod တွေတောင်တော်တော်လေး များနေပြီဆိုတော့လေ။ ဒီ Edition မှာ သူတို့ DLC တွေအကုန် ပါလာပါလိမ့်မယ်
- Automatron (March 2016 မှာထုတ်ပါတယ်)
- Wasteland Workshop (April 2016)
- Far Harbour (May 2016)
- Contraptions Workshop (June 2016)
- Valut-Tec Workshop (July 2016)
- Nuka-World (August 2016 ဒါကတော့နောက်ဆုံးထုတ်ထားပေးတာ)
ဒီ add-on တွေအပြင် ၂နှစ်အတွင်းမှာ ထပ်ပေါင်းထားပေးတဲ့ High-resolution texture pack (PC only) တွေလည်းပါလာလိမ့်မယ်။
နောက်ထပ်စိတ်ဝင်စားစရာက Fallout 4 အတွက် Pip-Boy edition ထပ်လာမယ်ဆိုတာပဲ။ သတိထားမိတဲ့လူရှိမလားတော့မသိဘူးဗျာ ၂၀၁၅ တုန်းက Pip-Boy Edition ဆိုတာ ပထမဆုံးစထွက်တာ၊ အဲ့တုန်းက သူတို့တော်တော်ရောင်းကောင်းတယ်ဗျ။ ခုထပ်ထိလည်း လိုချင်တဲ့သူတွေရှိနေကြတုန်း။
Pip-Boy Editionကတော့ ဒီလိုပါ၊ Game ကိုဝယ်တဲ့အခါ game ထဲမှာဝတ်ရတဲ့ လက်ပတ် computer ကို တကယ်ဝတ်လို့ရတဲ့ ပုံစံတူလက်ဆောင်ပါလာတာပါ၊ Pip-Boy app ကိုဖုန်းထဲထည့်ပြီး ဖုန်းနဲ့တွဲသုံးလို့ရတယ်၊ Game နဲ့ချိတ်ပြီးသား။
အရင်ကတော့ USD120 လောက်ပေးရတယ်၊ ဝယ်လိုတောင်မရဘူး၊ကုန်တာမြန်မှမြန်ပေါ့။ ခုတစ်ခေါက်ကတော့ North America exclusive ရောင်းမယ်ပြောတော့ သိပ်တော့ မတရားဘူးပေါ့ဗျာ။
PC, Playsation 4, Xbox One တွေအတွက် လာမယ့် စက်တင်ဘာ ၂၆ မှာထွက်လာမယ့် Game of the Year Edition ကိုတော့ USD59.99 နဲ့ရောင်းမယ်တော့ပြောထားပါတယ်။ Collection တစ်ခုအနေနဲ့ရော ပြီးတော့ Fallout 4 ကိုတစ်စုတစ်စည်းထဲ ပြန်ဆော့ချင်တယ်ဆိုရင်တော့ စဉ်းစားသင့်တဲ့ Edition တစ်ခုပါ။
Note: သတိထားရမှာက ၂၀၁၅ နောက်ပိုင်းထွက်ထားတဲ့ ဖုန်းတစ်ချို့ (size ကြီးလာတဲ့ဖုန်းတွေ) ကတော့ Pip-Boy နဲ့ မဆန့်နိုင်ဘူးလို့တော့ပြောထားပါတယ်ဗျ။ ဥပမာ – Samsung Galaxy S series တွေပေါ့။