MLBB ဆိုတာကတော့ Mobile legends: bang bang ကိုပြောတာပါ၊ အရင်ကတော့ mobile legends ပဲ၊ တရားစွဲခံရလို့ နာမည်ပြောင်းသွားတာ။ 2016 July နဲ့ November မှာ android နဲ့ ios အတွက် ၄လလောက်ခြားပြီးထွက်လာတယ် December မှာ download & play လုပ်တဲ့သူ ၁၀ သန်းကျော်နေပြီ။
Shanghai Moonton technology ကစထုတ်ကာစတုန်းကတော့ ဒီလောက်အောင်မြင်မယ်လို့ ဘယ်သူကမှ မထင်မိခဲ့ကြဘူး။ ဒါကြောင့်လည်း December လောက်ရောက်မှ pro-gamer တို့ဘာတို့ဆိုတဲ့ကောင်တွေက guide တွေ၊ review တွေ၊ build set တွေ အသည်းအသန် လိုက်ရေးကြရ တော့တာကိုး။ သတင်းလိုက်ရေးဖို့ အဖွဲ့တစ်ခု သပ်သပ်ငှားထားရတဲ့အထိ ဖြစ်ကုန်တာ။
သူ့ရဲ အဓိက အားသာချက်တစ်ခုက ခင်ဗျား online တက်လိုက်တာနဲ့ ကိုယ့် team ပဲဖြစ်ဖြစ် ဟိုဘက် ကိုပဲဖြစ်ဖြစ် ဘာမှ အချိန်အကြာကြီးစောင့်စရာလိုဘူး၊ Moonton ကလည်းကြွားထားတာရှိတယ်၊ ပွဲတိုင်းအတွက် player ရှိနေတယ်ပြောတာကိုး။ တစ်ကမ္ဘာလုံးက ၁၀သန်းလောက် ဝိုင်းပြီး download လုပ်ဆော့နေမှတော့ စောင့်နေစရာ လိုမလားဗျာ။ ပြီးတော့ ကိုယ့်မှာ တော်ရုံ ဖုန်းတစ်လုံးရှိရင် online ရရင်ရပြီ။ (နောက်ဆုံး အိမ်သာတက်နေရင်းနဲ့တောင် အပျင်းပြေ တစ်ပွဲဆိုပြီး ဆော့လို့ရသေးတယ်။ အိမ်သာခွက်ထဲ ပြုတ်ကျ ဘာညာကတော့ ကိုယ့်အပိုင်းပေါ့နော်)
ဟုတ်ပြီး သူက ဂိမ်း UI အရ ဘယ်ဘက်မှာ လိုရာသွားလို့ရတဲ့ control ပါတယ်။ ညာဘက်မှာ skill buttons တွေပါတယ်၊ ပြီးပြီလေ၊ ကိုင်ရတွယ်ရလည်းလွယ်တယ်။ ခက်လာမှာတွေကတော့ ပွဲထဲရောက်မှပေါ့။ ပြီးတော့ ပိုက်ဆံတစ်ပြားမှ မသုံးရင်လည်း still enjoyable ဖြစ်နေတာပဲ၊ ဖုန်း data လောက်တော့ကုန်မှာပေါ့။ MOBA တွေထဲမှာ free to play ဖြစ်ပြီး pay to win မဖြစ်တာကလည်း လူတွေကိုကောင်းကောင်းစွဲ နေအောင်လုပ်ထားနိုင်တာပဲ။ ဒီစာတစ်ပုဒ် လုံးမှာတော့ ဘာဝယ်ပါလို့ပြောမှာ မဟုတ်ဘူး။ ဘာမှမဝယ်ပဲဆော့ချင်တဲ့ new player တွေအတွက်ရေးတာ။ (ဝယ်မယ်ဆိုလည်း ကိုယ့် ဒေါသနဲ့ကိုယ်ပေါ့ဗျာ။)
အဓိကကတော့ လေ့ကျင့်ဖို့တော့လိုမယ်။ ဒါကတော့ဘယ် game ကိုဆော့ဆော့ပါ၊ တစ်ကြိမ်မက ရှုံးတတ်ပါတယ်။ အမှားတွေလည်း လုပ်တတ်ပါတယ်။ ဒါကိုကျော်နိုင်တဲ့နည်းက တစ်ခုပဲရှိတယ်။ လေ့ကျင့်ရုံပါပဲ။ သူမှာ Hero/ Characterတွေ ၄၀ ကျော်လောက်ရှိလို့ အကုန်လုံးဆော့ရမယ်လို့ မဆိုလိုပါဘူး။ စတဲ့ အချိန်မှာ hero တစ်ကောင်ကို ကောင်းကောင်းကိုင် နိုင်အောင် အရင်ကြိုးစားသင့်ပါတယ်။ နောက်မှတစ်ဖြည်းဖြည်း တိုးသွားလည်းရပါတယ်။ ပြီးတော့ ကိုယ်ရဲ့ role/ play style ပေါ်မှာလည်း အများကြီးမူတည်ပါသေးတယ်။ ကိုယ်ပိုင်ပုံစံကိုသေချာသိပြီဆိုရင်တော့ ဒီလို ပုံစံတူ hero ကိုပဲဆက်လေ့ကျင့်သွားတာက ပိုပြီးပျော်စရာ ကောင်းလာပါလိမ့်မယ်။ ပြီးတော့ ဒီ game ကိုလည်းပို နားလည်လာနိုင်ပါတယ်။
နောက်ပြီး ကိုယ့်အထာနဲ့ ကိုယ် ဆော့တတ်ဖို့လည်း အရေးကြီးတယ်ခင်ဗျ။ ခင်ဗျားတစ်ယောက်တည်း နဲ့ ဟိုဘက်က ၅ယောက်နဲ့တိုက်နေတာမဟုတ်ဘူး။ သေချာကြည့် Hero list ထဲမှာ ခုထိ superman , Ironman , Batman နဲ့ James Bond ပါမလာဘူး။ ပြီးတော့ ခင်ဗျားက Goku လည်းမဟုတ် Naruto လည်းမဟုတ်ဘူး။့(Chuck Norris ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ)။ ပြောချင်တာက ခင်ဗျား lane ကတစ်ယောက်နဲ့ ခင်ဗျားပဲ battle ဆိုင်နေတာလည်း မဟုတ်ဘူး။ ခင်ဗျားရဲ့ team ၅ယောက်နဲ့ ဟိုဘက်က ၅ယောက် ပြိုင်နေတယ် ဆိုတာသတိထားဖို့လိုတယ်။ MOBA တွေမှာ new player တွေအမှား အများဆုံးက အဲ့ဒါပါပဲ။ ကိုယ်က team player တစ်ယောက်ဖြစ်နေပြီးတော့ ကိုယ် ဘယ်အပိုင်း တာဝန်ယူမလဲဆိုတာ အရေးကြီးပါတယ်။
1) Carry
Ok.. ဘယ် role မဆို အရေးကြီးပါတယ်။ ဒါပေမယ့် ဒီထဲမှာတော့ အတော်ဆုံး player တွေကပဲ carry နေသင့်တာမျိုးပါ။ သူကတော့ team ရဲ့ လက်နက်တိုက်လို့ ခေါ်ရလောက်အောင် damage ပြင်းရပါလိမ့်မယ်။ လူတိုင်းက carry ကို damage dealer အဖြစ်ပဲမြင်ကြမှာဆိုတော့ အရင်နွာဖို့ပဲ စဉ်းစားကြမှာလေ။ Carry အများစုက damage ပြင်းတဲ့ marksman တွေများပါတယ်။ ကျန်တာတွေကတော့ burst damage နဲ့ AoE ပါတဲ့သူတွေပါ။ AoE သမားတွေက team fight တွေမှာ AoE အားကိုးနဲ့သာတတ်ပါတယ်။ (AoE ဆိုတာက Area of effect ကိုပြောတာပါ၊ “Noobs & Terms” ဆိုတဲ့ post တစ်ခုမှာရေးထားတာရှိပါတယ်။) Carry ကြီးကိုင်ပြီး ရှေ့ဆုံးကနေ ငါကွ ကိုးတောင်ဝတ်ယောကျာၤးဆိုပြီး ဝင်သွားရင် အရင်ဆုံးသေပြီး ပွဲရှုံးတတ်ပါတယ် (ဒါက စကားချပ်)
2)Tank
ဒီကောင်တွေကတော့ နာမည်ကြားရုံနဲ့ သိသာပါတယ်။ သူတို့က damage ပေးဖို့ အဓိကမဟုတ်ပါဘူး။ Team fight တွေမှာ ရှေ့ဆုံးကနေရပြီးတော့ battle ကိုသူတို့ကပဲစတတ်ပါတယ်။ (အဓိကက ရန်သူက ကိုယ့်ကို မချချ ချင်လာအောင် နေပြရမှာပါ။ Bait လုပ်တယ်လို့ ခေါ်ပါတယ်။ ဥပမာ enemy tower စက်ကွင်း အရှေ့မှာ သွားရပ်ပြနေပြီး လမ်းလျှောက်ပြနေတာမျိုး) အစကောင်းဖို့တော့လိုတယ် ဆုံးဖြတ်တတ်ရမယ်ပေါ့၊ ကိုယ့် team ရဲ့ အခြေအနေကိုကြည့်ပြီးမှ battle စသင့်ပါတယ်။ team အဆင်သင့် မဖြစ်တာရယ် ရောက်နေတဲ့နေရာကကိုယ့်နေရာဟုတ်မဟုတ်ရယ် မသေချာတာတွေနဲ့ဆို အကုန် Kill မိတတ်ပါတယ်။ နိုင်မလားရှုံးမလားက နောက်ကလိုက်လာမယ့် ကိုယ့် teamနဲ့လည်းဆိုင်ပါသေးတယ်။ သေချာတာကတော့ tank တွေက မာတယ်၊ carry တွေကိုကောင်းကောင်းကကွယ်ပေးနိုင်သင့်တယ်။ Franco ကိုင်ပြီး တစ်ဖက်အသင်းကို ဂျိတ်ဆွဲတာ Tigeral ကြီး ပါလာလို့ ကိုယ့်ဘက်က ငါးကောင် သေသွားတယ် ဘာညာဆိုရင်တော့ ကြားမကောင်းပါဘူး။
Support
ဒီနေရာကတော့ တစ်ချို့တွေ မနေချင်ကြဘူး။ အကုန်လုံးက tank တစ်ကောင်တောင်းပြီး carry နေရာပဲနေချင်ကြတာများတာကိုး… ဘာလို့လဲဆိုတော့ carry ကမင်းသားလေ။ တစ်ကယ်တော့ support တွေဘယ်ဘယ်လောက်အရေးကြီးလဲဆိုတာကို ဆော့တဲ့ပွဲတွေများလာမှပဲ သိကြလိမ့်မယ်ထင်တယ်။ Support ရဲ့အလုပ်ကတော့ carry တွေ battle ကြားထဲမှာ အချိန်ကြာကြာ အသက်ရှင်ပြီး လိုက်ခုတ် နေနိုင်အောင် ကူပေးရတာပဲ။ Support မကောင်း carry မကောင်းဆိုရင်တော့ ထိုင်ကြည့်နေလိုက်တော့။ ရှုံးတတ်တယ်။
Jungler / Fighter
ဒီနေရာမှာ ၂ခုပေါင်းပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ML မှာ Jungling ကလည်း အရေးကြီးတဲ့အတွက် Fighter တော်တော်များများ က အစပိုင်း တောအောင်းတတ်ကြလို့ပါ။ ပြောရမယ်ဆိုရင်တော့ သူတို့ကတော့ မြွေမကြောက် ကင်းမကြောက်ကောင်တွေပေါ့။ မြေပုံတစ်ခုလုံး ဘာဖြစ်ဖြစ် သိနေပြီးတော့ လျောက်သွားနေရမှာက သူတို့အလုပ်ပါ။ ခက်တဲ့ lane ကိုဝင်ကူဖို့ တစ်ဘက်က စီးပွားရှာတာကို နှောက်ယှက်ဖို့ ပြီးတော့ tower ချိုးတာတွေဘာတွေမှာ ကူဖို့ပါ။ gank နဲ့ anti-gank အတွက်ပေါ့။ (Gank ဆိုတာက တစ်နည်းအားဖြင့် lane control ကိုပြောတာပါ၊ “Noobs & Terms” ဆိုတဲ့ post တစ်ခုမှာရေးထားတာရှိပါတယ်။) ပြီးတော့ အချိန်မရွေး တစ်ကောင်တည်း ချန်ထားခဲ့လည်း နေတတ်ရပါလိမ့်မယ်။
ဘယ်မှာနေမလဲ
ဒီတော့ ကိုယ်ဘာလုပ်တတ်လဲ၊ ဘယ်role မှာနေမလဲဆို ခပ်စောစောတည်းကသဘောပေါက်ရင်တော့ အကောင်းဆုံးပါပဲ။ ဥပမာ … Carry နေရာနေမယ်ဆိုရင် နေရာရွေးနေတတ်ပြီး အလစ်တိုက်တာလေးတွေသုံး မြန်မြန်နဲ့ damage များများနဲ့ ခုတ်ဖို့ပဲစဉ်းစား။ ကိုယ်က Carry ဆိုပြီး ဟိုတစ်ဘက်က Carry ကိုချည်းပဲသတ်ဖို့ ကြိုးစားတာမျိုးကိုရှောင်၊ အနီးဆုံးနဲ့ အန္တာရယ်ပေးမယ့်ကောင်ကို အရင်ရှင်းသင့်တာမျိုးပေါ့။ အေးဆေးဆော့ချင်တဲ့သူ ဆိုရင်တော့ Support နေရာမှာနေပြီး Carry မသေအောင် ဂရုစိုက်ပေးလိုက်ပေါ့ဗျာ။
ပိုက်ဆံရှာဖို့လိုတယ်
ပီးတော့ CS skill (Creep Score) အကြောင်း။ MOBA တွေက ပိုက်ဆံရှာရတယ်၊ ဒါကအရေးကြီးတယ်။ နှစ်မျိုးပဲရှိတယ်၊ ကိုယ်က သိပ်ဂျွတ်စ် နေလို့ Hero Kill နဲ့ပဲ ပိုက်ဆံရှာမလား၊ CS skill (Creep Score) နဲ့ပိုက်ဆံရှာမလားပေါ့။ ချက်ချင်းတော့ နှစ်ခုလုံးမှာတော်မလာနိုင်ဘူး၊ အချိန်ယူပါတယ်။ ဘာလို့ hero တစ်ကောင်တည်းကို အရင်သေချာဆော့ပါလို့ ပြောထားလဲဆိုတော့ ဒီ skill တက်လာစေချင်တာ လဲပါပါတယ်။ Hero တစ်ကောင်နဲ့တစ်ကောင် base damage တွေကမတူပါဘူး။ အဲ့တော့ creep စားဖို့ ဆိုတာက ကိုယ့်ရဲ့နောက်ဆုံးအချက်မှာ ဒီ creep သေမှ gold ပိုရတာဆိုတော့ (ML မှာ Creep ကို Last Hit ပေးနိုင်၇င် exp နဲ့ gold မဆိုသလောက် ပိုရပါတယ်) damage ကိုသေသေချာချာသိမှ အဆင်ပြေတာပါ။ တစ်ဖြည်းဖြည်းနဲ့တော့ ဘ ယ် hero နဲ့ဆို ဘယ်အချိန်မှာ နောက်ဆုံးအချက်နဲ့ creep သတ်ရမလဲဆိုတာ သိလာပါလိမ့်မယ်။ level အလိုက် damage လည်းတိုးလာဦးမှာ။ ဒါကတော့ ရေရှည်လေ့ကျင့်ဖို့လိုပါတယ်။ Auto kill တော့ ရှိတယ်၊ training မလိုဘူးဆိုလည်း အဲဒါပဲသုံးပေါ့ဗျာ။
ဒါကတော့ ဒီဂိမ်းအတွက် အစပဲ။ ranking, interface, market နဲ့ recharge အကြောင်းတွေကတော့ သပ်သပ် post တွေရှိပါတယ်။ Level 6 နဲ့ hero 5 ကောင်ရှိရင် နောက်ထပ် post တွေထပ်ဖတ်ဖို့ အချိန်ရောက်ပါပြီ။ အစပိုင်းမှာတော့ ပိုးဆိုးပက်စက် kill ခံရနိုင်ပါတယ်။ မပူပါနဲ့ ခင်ဗျားကို kill နေတဲ့ကောင်တွေလည်း တစ်ချိန်က ဒီလိုပါပဲ။
ပြီးတော့ ဒီလို MOBA တွေက team work ဦးစားပေးပါတယ်။ စိတ်ဓါတ်ကောင်းကောင်းလေးနဲ့ ဝင်ဆော့မယ်ဆိုရင် ခင်ဗျားသူငယ်ချင်းတွေရော တစ်ဘက်အသင်းရော အားလုံးအတွက် ပျော်ဖို့ကောင်းပါလိမ့်မယ်။ Hero Kill ချင်ရုံစိတ်နဲ့ ဝင်ဆော့နေရင်တော့ ခင်ဗျား player မပီသပါဘူး။ တစ်ကမ္ဘာလုံးမှာ game တွေက E-sport (အားကစားတစ်ခု) ဖြစ်လာတာသတိထားပါ။ ပျော်ချင်လို့ ဝင်ဆော့တာပါ။ ရန်ဖြစ်ဖို့ စကားများဖို့ မဟုတ်ပါဘူး။
နောက်ဆုံး သတိထားသင့်တာက ဒါသည် game တစ်ခုပါ၊ ခင်ဗျား တစ်ကယ် pro ဖြစ်ဖို့ လုပ်နေတယ်ဆိုရင်တော့ strategy ထားပြီး team & coach ကောင်းကောင်းရှာပါလို့ တိုက်တွန်း လိုက်ပါတယ်။ အိမ်နဲ့တော့ အဆင်ပြေပါစေဗျာ။
Ref: MLBB main page