ကဲကဲ…ကျောင်းပြီးရင် ဘာလုပ်ကြမလဲ? ဂိမ်းရေးမယ်ဟေ့လို့ ဘယ်သူတွေများစဉ်းစားထားလဲ? Game developer တွေကတော့ ပြိုင်ဘက်တိုးလာမယ်ဆိုပြီး ဘာမှမသင်ပေးလာက်ဘူးထင်တာပဲ၊ ပြီးတော့ အခက်အခဲတွေအများကြီးတော့ သေကောင်ပေါင်းလဲ ဖြစ်ပြီး စိတ်ညစ်လောက်အောင်ရှိနိုင်မယ်။ ထားပါတော့.. ဒီတော့ ဂိမ်းမထုတ်ရတော့ဘူးလား? နိုးပါ.. the gamedev business handbook ဆိုပြီးတော့ ဂိမ်းထုတ်လုပ်သူလက်စွဲစာအုပ်အဖြစ် Mike Futter နဲ့ Bithell Games ကထုတ်လိုက်ပါတယ်။ ဒီစာအုပ်မှာ pro game developer 25 အုပ်စုလောက်နဲ့တွေ့ပြီး သူတို့ဆီက အလုပ်ဖြစ်မယ့် ချက်တွေနဲ့ စွန့်စားရမယ့် ကိစ္စတွေကို ရေးပေးထားကြောင်းပြောလာပါတယ်။ Mike Futter ဆိုတဲ့ဘဲကတော့ business report ရေးတတ်သူအဖြစ် သိရပါတယ်။
သူကတော့ ကျောင်းသားတွေနဲ့ ပထမဆုံးစွန့်စားအလုပ်လုပ်မယ့် developer တွေအတွက် ရည်ရွယ်ပြီးရေးပုံရပါတယ်။ အခုမှာမယ်ဆိုရင်တော့ ebook ကို USD20 နဲ့ရနိုင်ပြီး စာအုပ်အဖြစ်နဲ့တော့ USD30 ကျသင့်ပါလိမ့်မယ်။ စာအုပ်ထဲမှာ ငွေစာရင်း၊ အလုပ်သမားငှားဖို့ ပြီးတော့ ဥပဒေအရ ကိုယ့်ရဲ့ ဂိမ်းတွေကိုကာကွယ်ဖို့ ကိစ္စတွေကို သေချာရေးပေးထားတယ်ပြောပါတယ်။ သူကတော့ ဒီ သင်ခန်းစာတွေက ကျောင်းက မသင်ပေးလိုက်တဲ့ကိစ္စတွေကို သူကလိုက်ဖြည့်ပေးထားတဲ့သဘောပါ။
တကယ်တော့လည်းဟုတ်ပါတယ် developer ကျောင်းတွေက ရှိနေပြီဆိုပေမယ့်လည်း တစ်ချို့ စီပွားရေးဆိုင်ရာနဲ့ ဥာဏမူပိုင်ခွင့်ရေးရာ ဥပဒေတွေ သင်ပြတဲ့နေရာမှာ အားနည်းနေတာတကယ်ပါ။ Vlambeer ရဲ့ Developer Rami Ismail တို့ Romero games ရဲ့ အထင်ကရပုဂ္ဂိုလ် Brenda Romero တို့ရဲ့ သတင်းစကားတွေလည်းပါဝင်ပြီးတော့ နောက်တက်လာမယ့် မျိုးဆက်အတွက် ဂရုစိုက်ပြင်ဆင်ထားတယ်လို့ပြောပါတယ်။ ပြီးတော့ Futter ကသူတစ်ယောက်တည်းမဟုတ်ပါဘူး။ Thomas Was Alone ရဲ့ထုတ်လုပ်သူ Bithell games ရဲ့ ပိုင်ရှင် Mike Bithell ကလည်းသူ့ကိုကုညီခဲ့ပါတယ်။
Source :PCgaming