PC

စေတန်ဂြိုလ်ရဲ့ လကမ္ဘာပေါ်အထိ ရောက်သွားတော့မယ့် SIM GAME အသစ်

Crypt of the NecroDancer ကိုတစ်ချို့ player တွေတော့သိလိမ့်မယ်ထင်ပါတယ်။ PCမှာစခဲ့ပြီး မနှစ် June လောက်က iOS ပေါ်မထင်မှတ်ပဲ ရောက်ခဲ့တဲ့ ဂိမ်းတစ်ခုပါ။ ဆော့လို့ fun ဖြစ်တဲ့ဂိမ်းတစ်ခုပါ။ ဒီမှစ်မှာတော့ သူ့ရဲ့ developer ဖြစ်တဲ့ Brace Yourself Games ကသူတို့ရဲ့ နောက်ထုတ်လုပ်မယ့် game ကိုကြေငြာခဲ့ပါတယ်။ Industries of Titan လို့ခေါ်ပြီး အမိုက်စား ဂိမ်းတစ်ခု ဖြစ်လာမယ်လို့ မျော်လင့်ရပါတယ်။

လာမယ့် game မှာ player တစ်ယောက်အနေနဲ့ ကိုယ်ပိုင် မြို့ကြီးတစ်မြို့ကို စက်ရုံတွေ၊ ထုတ်လုပ်မှုတွေ၊ စီးပွားရေးတွေ အကုန်စီစဉ်တည်ဆောက်ရမှာပါ။ ပြီးတော့ ကိုယ်ပိုင် အာကာသတိုက်ခိုက်ရေး ယာဉ်ကြီးတွေတည်ဆောက်ပြီး ရန်သူကိုလည်းကာကွယ်ရပါလိမ့်မယ်။

ရန်သူနဲ့တိုက်ခိုက်တဲ့အခါ တိုက်ခိုက်ရေးယာဉ်ကြီးတွေ ပြင် တစ်ခြားနည်းတွေလည်းသုံးနိုင်ပါသေးတယ်၊ နည်းပညာ၊ သံတမန်နည်းလမ်း၊ စီးပွားရေးသာလွန်မှုတွေနဲ့လည်း ဖြေရှင်းလို့ရပါတယ်။

Brace yourself Games ကတော့ Industries of Titan ရဲ့ gameplay ပုံစံက “real-time with pause” လို့ပြောပါတယ်။ ဆိုလိုတာက player ရဲ့ဆော့ချင်တဲ့ နှုန်းကိုလိုက်ပြီး လိုတိုးပိုလျှော့ လုပ်လို့ရတယ် ပြောတာပါ။ လောလောဆယ်တော့ ဘယ်တော့ထွက်မလဲ မကြေငြာသေးပေမယ့် Steam မှာတော့ wish list ထဲထည့်ထားလို့ရပါပြီ။

%d bloggers like this: