ARK:Survival Evolved ကတော့ စမ်းသပ်ကာလ 2 နှစ်ပြီးတဲ့ အခါမှာ ဒီနေ့ပဲ Playstation 4, Xbox One နဲ့ PC အတွက်ထွက်ရှိလာပါတယ်။ Wildcard ကနေ ထုတ်လုပ်တာ ဖြစ်ပြီးတော့ ဒိုင်နိုဆောတွေ အန္တာရာယ်တွေပြည့်နေတဲ့ ဒီကမ္ဘာထဲမှာ မြေပုံအသစ်တစ်ခုလည်း ပါလာပါတယ်။ single-player အတွက်ဖြစ်ပြီးတော့ Ragnarok လို့ခေါ်ပါတယ်။
Early access ပြီးသွားတဲ့နောက်မှာတော့ Wildcard ကနေ server အသစ်တွေထပ်ဖြည့်ပေးလာတာတွေ့ရပါတယ်။ PS4 နဲ့ Xbox One အတွက် server အသစ်တွေကတော့ ဒီ စာကိုဖတ်ရတဲ့ အချိန်လောက်ဆိုရင် online ဖြစ်နေလောက်ပါပြီ။ အရင် စမ်းထားတဲ့ server တွေကတော့ server wipe လုပ်ရင်လုပ်၊ မလုပ်ရင်လည်း legacy တွေဖြစ်ကုန်လောက်ပါပြီ။ ဒီတော့ legacy server တွေမှာတော့ wildcard အနေနဲ့ customer service မပေးနိုင်တော့ပါဘူး။
Ragnarok ဆိုတဲ့ မြေပုံအသစ်က PS4 နဲ့ Xbox One အတွက်ပါ။ Wildcard ရဲ့ Sponsored Mod Program မှာရွေးချယ်ခဲ့တဲ့ mod team ကနေဖန်တီးထားတာ ဖြစ်ပြီးတော့ မြေပုံက ကျယ်တယ်လို့ပြောထားပါတယ်။ ဒီမြေပုံက အသစ်တော့ လည်းမဟုတ်ပါဘူး၊ PC မှာ june လလောက်တုန်းက စမ်းဖို့်ပေးခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဆောက်လက်စပဲရှိပါသေးတယ်။ ပြီးတော့ Official server အသစ်တွေအပြင် player တွေထောင်ထားတဲ့ dedicated server တွေနဲ့ လည်းဆော့လို့ရပါတယ်။
Ragnarok မြေပုံကတော့ လက်ရှိမှာ single-player အတွက် မရသေးဘူးပြောပါတယ်။ (လွယ်တော့မလွယ်ဘူးပေါ့၊ key sequenceလေးတော့ရှိပါတယ်)။ ပုံမှန်ဆိုရင်တော့ singleplayer character ကို ascend လုပ်ပြီးမှ free map ကို ဆော့လို့ရမှာပါ။ ဒါပေမယ့် island map ကို loading လုပ်ပြီးတော့ start ကိုနှိပ်၊ admin console ကို ( LB+RB+X+Y (Xbox), R1+L1+Triangle+Square (PS4) ) သွားပြီးတော့ “Cheat playercommand Ascend2” လို့ရိုက်ရင်ရပါလိမ့်မယ်။ (စာလုံးအကြီးအသေးသတိထားပါ)။
ဒါဆိုရင်တော့ map အသစ်ကိုဆော့လို့ရပါပြီ။ The island, The Center နဲ့ Scorched Earth သုံးခုကတော့ ဝယ်ကတည်းကပါလာပါလိမ့်မယ်။
Patch အသစ်ထဲမှာတော့ မွေးထားလို့ရတဲ့ otter (ဖျံ) တစ်ကောင်ပါလာပါတယ်။ ပုခုံးပေါ်တင်ထားလို့ရပြီးတော့ silica pearls သွားကောက်ခိုင်းလို့ရပါတယ်။

Full release ဖြစ်တဲ့ အတွက် game ရဲ့ အဆုံးသတ်အပိုင်းလည်းပါပြီဆိုတော့ Tek ဂူထဲမှာ final boss ကို kill ပြီး ARK ရဲ့ လျှို့ဝှက်ချက်ကိုလည်းသိနိုင်ပါပြီ။
ဆော့မယ်ဆိုရင်တော့ steam မှာ USD59.99 နဲ့ ဝယ်လို့ရပါတယ်။ Ragnarok နဲ့ Primitive DLC တွေကိုတော့ free download ပေးပါတယ်။ season pass လိုချင်ရင်သာ လောလောဆယ် discount ရှိတဲ့ အတွက် USD29.99 နဲ့ထပ်ဝယ်ရမှာပါ။
Source : Steam