FPS Player တွေကတော့ Brink ကိုသိပ်မသိစရာမရှိလောက်ပါဘူး။ Bethesda ကနေ 2011လောက်ကထုတ်ထားတဲ့ ဂိမ်းတစ်ခုပါ။ “failed” လို့ပြောကြတယ်မဟုတ်လား။ ဟုတ်တယ်၊ ဒီဂိမ်းက ဂွမ်းထားတဲ့ ဂိမ်း၊ မပေါက်ဘူး။ ဒါပေမယ့် အခုတော့ သူက Steam မှာ free to play ဖြစ်သွားပါပြီတဲ့ ဗျာ။ ထူးဆန်းတာက ကျွန်တော်တို့လည်း 2011 ကတော့ trailer ကြည့်ပြီး စောင့်ခဲ့ဖူးပါတယ်။ တကယ်ထွက်လာတော့ သိပ်မကြိုက်တာနဲ့ မဆော့ဖြစ်ဘူး။ ဒါပေမယ့် သူက အခုအချိန်မှာ ဆော့တဲ့ သူတွေရှိနေတယ်ဆိုတာပဲ။
Bethesda ရဲ့ vice president ဖြစ်တဲ့ Pete Hines ကတော့ “99cent နဲ့ရောင်းမှတော့ ဘာလို့ အလကားမပေးနိုင်ရမှာလဲ၊ မကောင်းဘူးလားတဲ့” ပြောစရာတော့ ရှိတာပေါ့၊ free ဆိုတဲ့ အတိုင်း free တော့ဆန်တာပေါ့လေ၊ ဒီနေ့ standard ကိုတော့ မမှီဘူးပြောရမှာပဲ။ လွန်ခဲ့တဲ့ ၆ နှစ်/ ၇ နှစ် လောက်ကထွက်ထားတာလေ။
Xbox 360 မှာတော့ USD10.99 လောက်ပေးရနိုင်ပြီးတော့ Playstation network မှာဆိုမရနိုင်ပါဘူး။ ဘယ်ပြောနိုင်မလဲ ဟောင်းချင်ဟောင်းပေမယ့် တစ်ချို့ ဂိမ်းတွေကို Bethesda အနေနဲ့ f2p မလုပ်ဘူးလို့ မပြောနိုင်ဘူးလေ။ ကိုယ်ကြိုက်တာလေးတွေ ပါလာရင်တော့ ခဏဖြစ်ဖြစ် ထပ်ဆော့ဖြစ်ဦးမှာပဲ မဟုတ်လား။