CS:GO လို့ အတိုကောက်ခေါ်နေကြတဲ့ Counter-Strike : Global Offensive (CS:GO) က MFPS (Multiplayer first-person shooter) တစ်ခုပါ။ အများစုကတော့ Valve Corporation ကထုတ်တယ်လို့သိပါတယ်၊ တစ်ကယ်ကတော့ Hidden Path Entertainment နဲ့ ပူးပေါင်းထုတ်တာပါ။ Counter-Strike series တွေထဲမှာတော့ 4 ခုမြောက်ထွက်လာတဲ့ ဂိမ်းပါ။ August 2012 လောက်မှာ WINDOW, MAC, Xbox 360 နဲ့ PS3 အတွက်ထုတ်ခဲ့ပြီးတော့ September 2014 မှာ Linux အတွက်ပါထုတ်ပေးခဲ့ပါတယ်။ Cross-platform multiplayer အတွက်တော့ ပြင်ဆင်ခဲ့ကြပါတယ်၊ ဒါပေမယ့် တစ်ခုနဲ့ တစ်ခု update လုပ်တဲ့ အချိန်တွေ အကြိမ်တွေ မတူတာနဲ့ပဲ Computer တွေအတွက်ပဲ အဆင်ပြေခဲ့ပါတယ်။
CS:GO ထဲမှာ အသင်းနှစ်သင်းက သူသေကိုယ်သေ တိုက်ပွဲဝင်ရပါတယ်။ Terrorist (အကြမ်းဖက်သမား) နဲ့ Counter-Terrirost ဆိုပြီး ၂ ဖွဲ့ခွဲထားပါတယ်။ သူသေကိုယ်သေ ပစ်ရင်းခတ်ရင်း game mode ပေါ်မူတည်ပြီး တစ်ခြား တာဝန်လည်း ပါလာပါသေးတယ်။ Terrorist တွေက ဗုံးထောင်တာ လုပ်ရင်လုပ် မဟုတ်ရင် ပြန်ပေးဆွဲထားတဲ့သူတွေကို ဖမ်းထားရပါတယ်။ ဒီလိုပဲ CT တွေကလည်း ဗုံးမကွဲအောင်ကာကွယ်ရတာရယ် တစာခံတွေကို ကယ်ရတာမျိုးရယ် ကွဲပါတယ်။ အားလုံးပေါင်း game mode 6 ခုပါပြီး တစ်ခုနဲ့တစ်ခု mission ချင်းမတူပါဘူး။ CS:GO မှာ match making system ပါလာပြီးတော့ Valve ကနေ dedicated server တွေထားပေးပါတယ်။ ဒီအပြင် community member တွေအတွက်လည်း ကိုယ်ပိုင်ဆောက်ထားတဲ့ map တွေမှာ ကိုယ်ပိုင် game mode တွေနဲ့လည်းပေးဆော့ထားပါသေးတယ်။ နောက်တစ်ခုက CS:GO ဆိုတာ အသင်းနှစ်သင်းပြိုင်ရတာပါ။ ဒီအတွက် Valve ကဦးစီးပြီး စီစဉ်ပေးတဲ့ “Major” လို့ ခေါ်တဲ့ ပြိုင်ပွဲက CS:GO အတွက် အမြင့်ဆုံးပါ။ ဆိုလိုတာက ဒီဂိမ်းက E-sport ထဲမှာ ထိပ်ဆုံးတစ်နေရာကပါပါတယ်။
CS:GO ကိုစပြီးထုတ်လိုက်တဲ့ အချိန်မှာ ဝေဖန်ရေးဆရာအများစုက အကောင်းတွေရေးခဲ့တာများပါတယ်။ အရင် CS တွေပေါ်မှာလုံးဝပြောင်းလဲသွားတာတွေကိုရှောင်ခဲ့လို့ပါ။ feature အသစ်တစ်ချို့ကိုတော့ ဝေဖန်တာရှိခဲ့ပါတယ်။ Console version ကတော့ အကောင်းပြောခံရတာပိုများပါတယ်။ PC version တွေကိုသိသိသာသလိုက်မှီခဲ့တာမျိုးတွေရှိခဲ့ပါတယ်။
“”Major” လို့ ခေါ်တဲ့ ပြိုင်ပွဲက CS:GO အတွက် အမြင့်ဆုံးပါ။ ဆိုလိုတာက ဒီဂိမ်းက E-sport ထဲမှာ ထိပ်ဆုံးတစ်နေရာကပါပါတယ်။”
Developers : Hidden path Entertainment, Valve Corporation
Publishers : Valve Corporation
Composer :Mike Morasky
Series : Counter Strike
Engine :Source
Platforms : Microsoft Windows, OS X, Playstation 3, Xbox 360, Linux
Release : WW 21st August 2012
Genres : First Person Shooter
Mode : Multiplayer
ကစားနည်း
CS:GO ကလည်း အရင် CS တွေလိုပဲ objective နဲ့ အလုပ်လုပ်ရပါတယ်၊ ခုဏကပြောသလိုပဲ terrorist ဆိုရင် ဗုံးထောင်တာ ပြန်ပေးဆွဲ တစာခံကို ဖမ်းထားတာမျိုး၊ CT ဘက်ကဆိုရင်လည်း ဗုံးမထောင်/မပေါက်အောင်ကာကွယ်တာ တစာခံကယ်ရတာမျိုးပေါ့။ ပြီးတော့ အချိန်တစ်ခုပေးထားပြီး round system နဲ့ကစားရပါတယ်။ ပွဲပြီးရင်တော့ Player တစ်ယောက်ချင်းဆီကို သူတို့ရဲ့ performance ပေါ်မူတည်ပြီး ငွေပြန်ေပေးပါတယ် (in-game-money ကိုပြောတာ၊ အပြင်မှာသုံးမရဘူး)။ ရတဲ့ငွေနဲ့ ပိုကောင်းတဲ့ တန်ဆာပလာတွေ လက်နက်တွေဝယ်ဖြည့်ရပါတယ်။ ကိုယ့်ဘက်ကနိုင်ရင် ဒါမှမဟုတ် ကိုယ်က တစ်ဘက်အသင်းသားကို kill တွေရရင် ပိုက်ဆံပိုရပါလိမ့်မယ်။ အချင်းချင်းပစ်မိတာတွေလည်းရှိတတ်ပါတယ်။ ဖြစ်ရင်တော့ panelty ထိမှာပေါ့လေ။
Game mode 6 ခုကတော့ Competitive, Casual, Deathmatch, Arms Race, Demolition နဲ့ Weapons Course ဆိုပြီးရှိပါတယ်။
Competitive mode မှာတော့ competitive player 5 ယောက်ပါတဲ့ team 2 ခုပါပြီး အကြမ်းဖျဉ်း 45 မိနစ်လောက်ကြာတတ်ပါတယ်။ Casual နဲ့ Deathmatch ကတော့ competitive လောက်ကြီးမဟုတ်ဘူးပေါ့၊ အချင်းချင်းပစ်မိတာတွေ (friendly fire) နဲ့ အချင်းချင်းတိုက်မိတာတွေ(collision) ကို လွှတ်ပေးထားပါတယ်။ များသောအားဖြင့် ဒီ game mode နှစ်ခုက လေ့ကျင့်ဖို့သုံးပါတယ်။ Arms Race mode ကတော့ ဘာနဲ့တူလဲဆိုတော့ “Gun Game” mod နဲ့တူပါတယ်။ သူက တစ်ဘက်အသင်းကို kill ရမှ ကိုယ့် လက်နက်ကို upgrade ပေးလုပ်တာမျိုးပါ။ တစ်နည်းအားဖြင့်တော့ လက်နက်ပိုကောင်းအောင်ပြိုင်ကြတာပေါ့။
“Game mode 6 ခုကတော့ Competitive, Casual, Deathmatch, Arms Race, Demolition နဲ့ Weapons Course ဆိုပြီးရှိပါတယ်။”
Demolition mode ကတော့ ခုဏကလိုပဲ “Gun Game” mod လိုပဲ ပိုလာတာက ဗုံးထောင်ရ ဗုံးဖြုတ်ရတာပါလာမယ် ပြီးတော့ round တစ်ခုပြီးမှပဲ လက်နက်ကို upgrade ပေးလုပ်ပါတယ်၊ player က kill ရခဲ့မယ်ဆိုရင်ပေါ့။ Weapon Course ကတော့ အခုမှ စပြီးဆော့မယ့်သူတွေအတွက် လေ့ကျင့်ကွင်းပိုဆန်ပါတယ်။လက်နက်တွေစမ်းဖို့ပေါ့၊ ပြီးတော့ offline လည်းဖြစ်ပါတယ်။ ကျန်တဲ့ mode တွေမှာလည်း online ရော offline ရောကစားလို့ရပါတယ်။
Match making system ပါတယ်လို့ပြောခဲ့တယ်၊ ဒါကိုတော့ Steam ကလုပ်ပေးတာပါ။ Steam ဆိုတာ Valve ကလို့မှတ်မိတယ်မလား။ တစ်ခုပိုကောင်းတာက Steam မှာ Valve ရဲ့ Valve anit-cheat ဆိုတဲ့ cheat ဖမ်းတဲ့ syetem တစ်ခုကပါလာတယ်၊ လုံခြုံတာပေါ့။
Competitive mode မှာတော့ သေချာဆော့ဖို့လိုပါတယ်။ နောက်တစ်ခုက သေရင် ပြန်ပြီး respawn မဖြစ်ပါဘူး။ Competitive ဆော့တဲ့အချိန်မှာ တော့ ကိုယ့်ရဲ့ level လိုက်ပြီးတော့ ကိုယ့်လိုပဲ level ရှိတဲ့ သူတွေနဲ့တွဲပေးပါတယ်။ Prime ဆိုတဲ့ match making လည်းရှိပါသေးတယ်၊ ကိုယ့် account မှာဖုန်းနံပါတ် တွဲပေးထားတဲ့သူတွေ အတွက်ပေါ့။ ဒါကတော့ စဆရက တွေကတစ်ခြား account တစ်ခုနဲ့ low rank တွေမှာဝင်ဆော့တာမျိုး နဲ့ “cheater” တွေကိုကာကွယ်ဖို့ပါ။ smurfing လုပ်တယ်လို့ခေါ်ပါတယ်။ ဒါကိုကာကွယ်တာပါ။
PC version တွေအတွက်တော့ private dedicated server တွေကို in-game community server တွေကနေသွားလို့ရပါတယ်။ ဒီ server တွေမှာတော့ နဂို game ပုံစံနဲ့ လုံးဝမတူတော့တဲ့ game mode တွေကစောင့်နေပါလိမ့်မယ်။ modder တွေလည်းအများကြီးရှိကြတော့ community ကပြင်ထားတဲ့ mod တွေအများကြီးရှိပါတယ်။ နာမည်ကြီးတာကတော့ “kz” ဆိုတာရှိတယ်၊ သူက obsticle courses ဖြတ်ရသလိုပဲ တကယ် strafing နဲ့ jumping techniques ကောင်းကောင်းတော့ သုံးတတ်ဖို့လိုတယ်။ သာမန် player တစ်ယောက်ကတော့ ဒါတွေဘယ်ကျင့်ထားပါ့မလဲလေ။
GO မှာအသစ်ထည့်ပေးလာတာတွေက လက်နက်တွေပဲ၊ အရင် series တွေမှာမပါဘူးတဲ့ ဥပမာ တစ်ဘက်ဆီအတွက် firebomb တွေပေါ့၊ Terrorist အတွက် Molotov နဲ့ CT အတွက် Incendiary Grenade ပါလာတယ်။ ပြောရင်တော့ မီးလောင်ဗုံးပေါ့လေ။ ပြီးတော့ Shotguns, pistols နဲ့ SMG အသစ်တွေအပြင် လျှပ်စစ်လျော့တိုက်တဲ့ taser လည်းပါလာပါတယ်။ Arms Race နဲ့ demolition mode မှာ မြေပုံ အသစ် 8 ခုပါလာပါတယ်။
ထုတ်လုပ်ချိန်နဲ့ ဖြန့်ချီချိန်
CS:GO ကတကယ်တော့ Valve ကထုတ်ခဲ့တဲ့ CS:source ကိုပဲ အခြေခံတာပါ။ GO ကဘယ်လိုစတာလဲဆိုတော့ CS:source မှိန်လာတဲ့ အချိန်မှာ Hidden Path Entertainment ကနေ CS:source ကို console တွေပေါ် တင်ဖို့ကြိုးစားရင်း စတယ်ပြောရမှာပဲ။ game လောကမှာတော့ porting လုပ်တယ်ခေါ်ပါတယ်။ Valve ကဒီအခွင့်ကောင်းကိုယူပြီး CS:GO ဖြစ်လာအောင်လုပ်လိုက်တော့တာပဲ။ CS:GO ကို March 2010 မှစပြီး develop လုပ်ကြပါတယ်။ 12th August 2011 မှာတော့ public ကိုကြေငြာခဲ့ပါတယ်။ Closed beta ကို 30th November 2011 လောက်မှာစပြီးတော့၊ ပွဲတွေလာတက်တဲ့ လူ ၁သောင်းစာလောက်ကိုပဲ beta event key ချပေးခဲ့ပါတယ်။ ထုံးစံအတိုင်း client နဲ့ server ကိစ္စပြဿနာတွေ ရှင်းပီးတဲ့နောက်မှာတော့ open beta ဖြစ်လာပါတယ်။။ E3 2012 မှာတော့ CS:GO ကို 21st August 2012 မှာ ဖြန့်မယ်လို့ကြေငြာခဲ့ပါတယ်။ Public beta မတိုင်ခင်မှာ Pro player တွေကိုဖိတ်ပြီးတော့ စမ်းခဲ့ပါသေးတယ်။
“CS:GO ကတကယ်တော့ Valve ကထုတ်ခဲ့တဲ့ CS:source ကိုပဲ အခြေခံတာပါ။”
အမှန်မှာတော့ သူတို့ cross-platform လုပ်ဖို့အဲ့ဒီအချိန်ကတည်းက စီစဉ်ကြတာပါ။ ဒါပေမယ့် Windows, OS X, Linux နဲ့ PS3 ဆိုတာတွေက update frequency မတူတာတွေကြောင့် PC version တွေအတွက်ပဲ အဆင်ပြေခဲ့ပါတယ်။ 21st August 2012 မှာတော့ Linix ကလွဲရင် ကျန်တာတွေအတွက် တရားဝင်ထုတ်ဖြန့်ခဲ့ပါတယ်။ Linux အတွက်ကိုတော့ 23rd September မှာမှထုတ်ခဲ့တာပါ။
ဖြန့်ပြီးနောက်ပိုင်း
ဖြန့်ပြီးနောက်ပိုင်းမှာတော့ Valve ကနေ update တွေအများကြီးလုပ်ခဲ့ပါတယ်။ မြေပုံအသစ်တွေ၊ လက်နက်တွေ ထပ်ဖြည့်ပေးတယ်၊ ပြီးတော့ တစ်ဘက်သာနေတာမျိုးတွေကို ညှိခဲ့ပါတယ်။ Arms Deal ဆိုတဲ့ လက်နက်အရောင်းအဝယ်ကိစ္စထည့်ပေးလိုက်တာတော့ အမိုက်ဆုံးပဲ။ နောက် 13th August 2013 မှာတော့ လက်နက်တွေမှာ cosmetic အနေနဲ့ skins တွေရလာတာပဲ။ သူတို့ကို in-game မှာ loot box တွေကနေဝယ်လို့ရပါတယ်။ ပြီးတော့ Team Fortress 2 နဲ့ Dota 2 တို့လိုမျိုး kill drops (kill မှာ ရန်သူဆီကကျတာ) ကနေလည်းရနိုင်ပါသေးတယ်။ CS:GO က Steam support ဖြစ်တဲ့အတွက် player တွေအနေနဲ့လည်း မြေပုံအသစ်တွေ၊ ခုဏကလို skins တွေ၊ ပြီးတော့ mode တွေ scene တွေကအစ ပြင်လို့တင်လို့ရပါတယ်။ ဒီပစ္စည်းတွေအကုန်လုံးက in-game loot box တွေကနေဝယ်လို့ရပါတယ်။ လူတိုင်းတော့ဟုတ်ဘူးပေါ့လေ၊ Skins တွေမှာနာမည်ကြီးတွေရှိပါတယ်။ ဒီလို့ skins လုပ်တဲ့လူတွေအတွက် သူတို့ skins တွေရောင်းရရင် ပိုက်ဆံပြန်ပေးပါသေးတယ်။ ဆိုင်တင်ပေးတဲ့သဘောပေါ့။
ဒီထဲမှာ Operation လို့ခေါ်တဲ့ expension packs တွေလည်းရှိပါတယ်။ သူ့ကိုတော့ operation pass နဲ့ဝယ်ရပါတယ်။ Arms Race နဲ့ Deathmatch mode တွေမှာ operataion objective အမျိုးမျိုး တွေထည့်ပေးလိုက်တာပါ ။ May 2017 တုန်းကထုတ်ခဲ့တဲ့ Operation Hydra မှာဆိုရင် game mode ရော objective တွေပါအသစ်တွေတွေ့ပါလိမ့်ယ်။ operation ကိုအောင်ရင် player အတွက် XP နဲ့ operation coin ကို update လုပ်လို့ရပါတယ်။ Operation တွေထဲမှာရှိတဲ့ မြေပုံတွေက community ကလုပ်ထားတာပါ။ ဒီတော့ ဒီမြေပုံဆွဲတဲ့ သူတွေကိုလည်း အမြတ်ခွဲပေးပါသေးတယ်။ ဝင်ဆော့တဲ့သူတွေရှိရင်ပေါ့လေ။ မြေပုံတိုင်းလည်း မပေါက်ပါဘူး။
October 2014 မှာတော့ music kit ကိုစခဲ့ပါတယ်၊ သူက အရင် in-game ပါလာတဲ့ သီချင်းတွေအစား valve ကနေသီချင်းတွေထည့်လို့ရပါတယ်၊ ကိုယ်ပိုင်သီချင်းတွေပေါ့ဗျာ။ ဒီတော့ ဒီ music kit update ထည့်ထားတဲ့ player တွေက ပွဲတစ်ပွဲနိုင်ပြီး MVP (most valuable player) ဖြစ်ခဲ့ရင် သူ့ရဲ့ ကိုယ်ပိုင်သီချင်းကိုအားလုံးအတွက် လွှင့်ပေးတယ်။ ပြီးတော့ ဒီ kit တွေက ငှား/ရောင်း/ဝယ်လည်းရတယ်။ November 2016 မှာတော့ လက်အိတ် skin တွေပါထပ်ဖြည့်လာပါတယ်။
Promotions
အောင်မြင်တဲ့ ဂိမ်းတွေမှာ သူတို့နဲ့တွဲထွက်တဲ့ ပစ္စည်းအစ္စယ တွေရှိတတ်ပါတယ်။ CS:GO မှာတော့ “Five Year Veteran Coin” ထွက်ထားတာရှိပါတယ်။ ရောင်းပါတယ်။ ပြီးတော့ SteelSeries က Valve နဲ့ပေါင်းပြီး headsets, mouse တွေနဲ့ mouse pads တွေထုတ်ပါတယ်။
ဒါဆိုရင်တော့ CS:GO ရဲ့ အခြေခံပေါ့လေ။ နောက်တစ်ပုဒ်မှာတော့ Skin gambling နဲ့ Pro Competition အကြောင်း ရေးဖြစ်ပါလိမ့်မယ်။
August 2013 လောက်က Arms Deal update ကိုထုတ်ပြီးနောက်မှာ cosmetic ခေါ်တဲ့ skin တွေ ပါလာတယ်။ skin တွေကဘာနဲ့ ဆွဲဆောင်တာလဲဆိုတော့ သူတို့ရဲ့ရှားပါးမှုရယ် ပြီးတော့ တန်ဖိုးကြီးကြီးတွေလည်းပါလာတယ်။ ဒီမှာတင် player တစ်ချို့က in-game currency အနေနဲ့ skin တွေကို အရောင်းအဝယ်လုပ်လာကြပါလေရော။ Skin အရောင်းအဝယ်လုပ်တဲ့ site တွေပေါ်လာပြီးတော့ တကယ့် pro ပြိုင်ပွဲတွေမှာ skin နဲ့လောင်းကြေးထပ်လို့ရလာတယ်။ June နဲ့ July 2016 မှာတော့ တရားစွဲခံလိုက်ရပါတယ်၊ တကယ်ကတော့ Steamworks API တွေကပဲ ဒီလို site တွေဖြစ်လာတဲ့အတွက် Steam ကိုယ်တိုင်ကပဲ ဒီကိစ္စတွေကိုလိုက်ရှင်းပါတယ်။ နောက်ပိုင်းမှာတော့ ဒီလို site တွေမရှိတော့ပါဘူး။ အဓိကကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေပါလာတဲ့အတွက်ပိတ်လိုက်တာပါ။ (တစ်ချို့နိုင်ငံတွေမှာ လောင်းကစားကို တရားဝင်ခွင့်ပြုထားပါတယ်။ CS:GO pro ပွဲတွေကို တရားဝင်လောင်းလို့ရပါတယ်။ တစ်ခြား PRO GAME ပွဲတွေရောပေါ့။)
အပျော်တမ်းမှ Pro ပြိုင်ပွဲများဆီသို့
GO ပြိုင်ပွဲတွေက အများကြီးရှိပါတယ်။ Valve ကိုယ်တိုင် organizer လုပ်တဲ့ပွဲလဲရှိတယ်။ co-sponsor အနေနဲ့ပါတဲ့ပွဲလဲရှိတယ်၊ ဒါမှမဟုတ် သူမပါပဲ တစ်ခြား third party တွေကလုပ်တဲ့ပွဲတွေလဲရှိပါတယ်။ ဒီပွဲတွေကို Major လို့ခေါ်ပါတယ်။ Major တွေနာမည်ကြီးရတဲ့ အကြောင်းကတော့ သူတို့ပေးတဲ့ ဆုကြေးပါပဲ။ များတာကိုး။ အစပိုင်းတုန်းကတော့ Prize pool ကို $250,000 လောက်ပဲ သတ်မှတ်ထားရာကနေ MLG Cloumbus 2016 ပွဲမှာ စပြီးတော့ $1,000,000 ဖြစ်လာပါတယ်။ ပြီးတော့ CS:GO ရဲ့အောင်မြင်မှုကြောင့်ပဲ WME/IMG တို့ Turner Broadcasting တို့ပါလာပီးတော့ Fox Theatre မှာကျင်းပတဲ့ ELEAGUE Major 2017 ကို အမေရိကန်က TBS ဆိုတဲ့ US cable TV ကနေ 2016 မှ ထုတ်လွှင့်ခဲ့ပါတယ်။
2nd October 2015 မှာတော့ ကိုယ်ပိုင် CS team တွေရှိတဲ့ E-sport အဖွဲ့ကြီးတွေကစုပေါင်းပြီးတော့ Esport အတွက် Trade Union (အသင်းတစ်ခုပုံစံနဲ့ပါ) တစ်ခု စတော့မယ်ဆိုပြီး လုပ်ခဲ့ကြပါတယ်။ နောက်လာမယ့်ပွဲ တွေ အတွက်ညှိတော့တာပေါ့။ စတာကတော့ Na’vi လို့လူသိများကြတဲ့ Natus Vincere ရဲ့ CEO ဖြစ်တဲ့ Alexander Kokhanovsky က အဓိက Major organizer တွေဆီပို့တဲ့ email ကစတာပါပဲ။ ပြီးတော့ သူက public ဖွင့်ပိုတာဗျား။ ဘာတွေညှိပစ်လဲဆိုတော့ ဒီ Union ထဲမှာပါတဲ့ team တွေက CS:GO ပွဲတွေမှာ $75,000 အောက်နဲ့ Dota 2 ပွဲတွေမှာ $100,000 အောက်ပွဲတွေဆိုရင် ဝင်မပြိုင်ပါဘူးဆိုပြီးလုပ်လိုက်တယ်။ Union မှာတော့ Natus Vincere, Team Liquid, Counter Logic Gaming, Cloud 9, Vitrus.pro, Team SoloMid, Fnatic, Ninjas in Pyjamas, Titan နဲ့ Team EnVyUs ပါလာတယ်။ 2016 မှာတော့ ESL ဦးဆောင်ပြီး Fnatic, Natus Vincere, Team EnVyUs နဲ့ FaZe Clan တို့အပြင်တစ်ခြား pro team တွေပါဝင်လာတဲ့ World eSport Association (WESA) eSport ကိုဒီထက်ကောင်းလာအောင် ပိုပြီး စည်းကမ်းရှိလာအောင် ဆိုပြီးတော့ သူတို့ကကြေငြာချက်တစ်ခုထုတ်ပါတယ်။ eSport မှာရှိတဲ့ player တွေရဲ့ ကိုယ်စားပြု အသင်းတိကျလာဖို့ အတွက်ရယ်၊ ပြီးတော့ သေချာတဲ့ စည်းမျဉ်းစည်းကမ်းတွေထုတ်သွားဖို့ရယ်၊ နောက်တစ်ခုက team တွေရဲ့ အမြတ်ခွဲဝေတဲ့ အပိုင်းတွေမှာ professional ဖြစ်လာဖို့ လုပ်သွားမယ်လို့ပြောပါတယ်။ တစ်ခါတည်းပြောတာကတော့ ပွဲရက်တွေကို fan တွေနဲ့ organizer တွေညှိပြီးတော့ ပွဲရက်တွေခန့်မှန်းလို့ရအောင် ဒီထက်ပို အဆင်ပြေအောင် စီစဉ်မယ်ဆိုတာပါပါတယ်။ (နောက်တစ်ရက်မှာ FaZe Clan ကထွက်သွားပါတယ်။ ပွဲ limit ဖြစ်တဲ့အကြောင်းပြချက်နဲ့ပါ။)
CS:GO ကိုဘယ်လောက်ထိလက်ခံသလဲ?
CS:GO ကယေဘူရ အားဖြင့်တော့ paltform ၃ခုလုံးမှာ အကောင်းတွေများပါတယ် လို့ ဝေဖန်သူအများစု ကပြောကြပါတယ်။ Metacritic ဆိုတဲ့ site အရပါ။ launch လုပ်တဲ့အချိန်ကစပြီးတော့ Steam Chart ရဲ့အပေါ်ပိုင်းမှာပဲ ရှိခဲ့ပါတယ်။ ပြီးတော့ 2015 မှာ sSport Game of the Year ဆုကို fan’s choice နဲ့ရခဲ့ပါတယ်။ Review သမားတွေကတော့ CS:GO ကအရင် series တွေကနေ အရမ်းပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ ဆော့လို့လည်းပိုကောင်း ကြည့်လို့လဲပိုကောင်းလာတယ်လို့ ချီးကျူးခဲ့ကြပါတယ်။ တစ်ချို့ကတော့ game launch လုပ်ပြီးပြီးချင်းမှာ match making လုပ်ပေးတဲ့အခါ player level မတူတာတွေတွဲဆော့ရတဲ့ အတွက် ဝေဖန်ခဲ့တာရှိပါတယ်။
Console ပေါ်မှာတော့ CS:GO ကအဆင်ပြေဆုံး comment တွေခဲ့ရပါတယ်။ ဒါပေမယ့် PC ပေါ်မှာလိုတော့ competitive ကစားလို့မပြေဘူးပေါ့လေ။
Original Link: CS:GO , CS:GO wiki
Ref: CS:GO wiki, Metacritic, Digital Spy
External Links: Steamsupport, Steelseries
စကားချပ်။ ။ Critic တွေအားလုံးရဲ့ comment တွေကိုတော့ ချန်ခဲ့ပါတယ်။ လိုလည်းမလိုတော့ဘူးထင်ပါတယ်။ Critic ဖတ်ချင်သူများအတွက်တော့ Link ကိုသွားပါ။
ဒီထက်ပိုသိပြီး တစ်ကယ်နားလည်ထားတာရှိ မယ်ဆိုရင် comment မှာ share လုပ်ခဲ့ပေးပါ၊ တစ်ခြားသူတွေလည်းသိရတာပေါ့။