တကယ်တော့ ကျွန်တော်က များသောအားဖြင့် RPG game တွေဆော့ဖြစ်တာများပါတယ်။ စာအုပ်တစ်အုပ် ဝတ္ထုတစ်ပုဒ်ဖတ်ရသလို ဇာတ်လမ်း သွားတွေမှာ ကိုယ်တိုင်ဝင်ပါနေရသလိုမျိုး အရသာကို ကြိုက်တာလဲပါတာပေါ့လေ။ အဲဒီ့ RPG တွေထဲမှာမှ အားလုံးသိကြတဲ့ အတိုင်း Stand-alone နဲ့ MMOဆိုပြီးတော့ ကွဲပါသေးတယ်။ Stand-alone ကတော့ တစ်ယောက်တည်းဆော့ရပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေ အကြောင်းအရာတွေကိုတည်ပြီး အခန်း (Chapter) တစ်ခုပြီးတစ်ခုဆော့ရတာမျိုးပေါ့။ ဇာတ်လမ်းကောင်းတွေများပါတယ်။ Chapter တစ်ခုကို ပြီးအောင်ဆော့ရတာက စာအုပ်တစ်အုပ် ရုပ်ရှင်တစ်ဇာတ်လမ်း အပိုင်းတစ်ခုကို ကိုယ်တိုင် ဝင်ပြီးဆုံးဖြတ် လှူပ်ရှားနေရသလိုမျိုး ပါ။
MMORPG တွေကတော့ အများကြီးပိုပျော်ဖို့ကောင်းပါတယ် ကိုယ် အဆင်ပြေမယ်ထင်တဲ့ server မှာ အသိတွေ သူငယ်ချင်းတွေအများကြီးနဲ့ ဝင်ဆော့ရတာမျိုးပါ။ နောက်ပိုင်းမှာ connection တွေကောင်းလာတဲ့ အပြင် voice chat ပါရလာတော့ ပိုမိုက်လာပါတယ်။
ရေးမယ်ဆိုရင်တော့ WOW ရှိမယ်၊ ပြီးတော့ D&D ရှိမယ်၊ C&O ရှိပါမယ်။ အချိန်အတော်ကြာဆော့ဖြစ်တာတွေပေါ့။ နောက်ထပ် လက်ရှိဆော့နေသေးတာ C&O 2 ရှိမယ်။ သိပ်တော့ မကြိုက်ဘူး၊ player တစ်ချို့ကြောင့်။ ခုရေးချင်တာက လက်ရှိဆော့နေတဲ့ထဲကမှ beta access ပဲရသေးတဲ့ Adventure Quest 3D ပါ။
ဒီဂိမ်းက အစပိုင်းမှာတော့တော်တော်လေးအဆင်ပြေတယ်ပြောရမယ်။ ကောင်းတဲ့ အချက်တွေကတော့ ဆော့ရတာ ပေါ့ပေါ့ပါးပါးရှိတယ် ထစ်တာတွေ လေးတာတွေမရှိဘူး။ cross-platform စစ်စစ် ဆော့လို့ရတယ်။ ဒါကတော့ လုံးဝအားပေးသင့်တဲ့ ထဲမှာပါတယ်။ cross-platform စစ်စစ်ဖြစ်တာက တကယ်တော့ ဘယ်လို device မှာမဆို login ဝင်ချင်တဲ့အချိန် ဝင်ဆော့လို့ရတယ်။ PC ကပဲဖြစ်ဖြစ် MAC ကပဲဖြစ်ဖြစ် iphone or android ကပဲဖြစ်ဖြစ်ဆော့လို့ရပါတယ်။ PC နဲ့ Mac မှာတော့ Steam မှာ Play Free ပါ။
Graphic အနေအထားကလည်း မဆိုးဘူး။ 3D ကိုသေချာလေးလုပ်ပေးထားတယ်။ Mission နဲ့ quest တွေကလည်း စိတ်ဝင်စားစရာဖြစ်အောင်တော့လုပ်ပေးပါတယ်။ ကောင်းတာက quest တွေအောင်ဖို့ P2W (pay to win, နိုင်ချင်ရင် တကယ်ပိုက်ဆံနဲ့ဝယ်ဆော့) မဖြစ်နေဘူး။ အတော်များများ MMORPG တွေက မဖြစ်မနေတစ်ကယ့် ပိုက်ဆံနဲ့ဝယ်မှ နိုင်မယ့် game တွေများတယ်လေ။
မကောင်းတာတွေထဲမှာ အဓိကကတော့ crafting system ပါလာတာပဲ၊ ရှိသမျှ ပစ္စည်းတွေအားလုံးကို crafting လုပ်ရတာကတော့ အကြိမ်ရေများလွန်းတယ်။ တစ်ခြား MMO တွေလည်း farming လုပ်ရတာပါပဲ၊ farming ကိုဒီထက်နည်းနည်းလျော့ပြီး loot ဖြစ်ဖြစ်ပိုထည့်ပေးရင်တော့ကောင်းမှာပါ။
ပြီးတော့ beta မှာအတော်ကြာနေပြီ။ အခုတော့ level 17 ရောက်ရင် ထပ်တိုးလို့မရပဲ level cap ကိုရပ်ထားတယ်။ quest တွေအားလုံးပြီးသွားရင်လည်း ကျေးဇူးတင်စကားပြောပြီး full version စောင့်ခိုင်းထားသေးတယ်။ ခက်တာက bank ကသေးတော့ လိုချင်သမျှပစ္စည်းတွေ အကုန်မဆံ့တာပဲ။ Armor collector တွေအတွက်ကတော့ ပစ္စည်းတွေစုစရာ မဆံ့ရင် မဖြစ်မနေ တကယ် ပိုက်ဆံသုံးပြီးဝယ်ဖို့ကလွဲရင် ဘာမှလုပ်မရဘူး။
ချစ်ဖို့ကောင်းတာတစ်ခုက တစ်ခြား AE server တွေလို တစ်ကိုယ်ကောင်း player တွေနည်းသေးတယ်။ C&O မှာဆိုရင် level မြင့်တဲ့ သူတွေတစ်အားများသွားတော့ စောက်ရမ်းချေတဲ့ကောင်တွေ များပါတယ်။ ဒီမှာတော့ များသောအားဖြင့် level 17ရောက်ပြီး next version စောင့်ရင်း ဆက်ဆော့နေတဲ့ Player တွေက quest တွေမှာဝင်ကူကြပါတယ်။ သူတို့ လည်း final verion အတွက် gold စုပြီးစောင့်နေကြတာပါ။
ထူးဆန်းတာက 2016 Nov လောက်တည်းက beta version ထွက်နေတာဆိုတော့ အချိန် အတော်လေးကြာလာတဲ့ အတွက် lore, guide နဲ့ wiki ရှိနေပါပြီ၊ ဒီတော့ ဆော့မယ်ဆိုရင်တော့ ဘာမှအခက်အခဲမရှိလောက်တော့ပါဘူး။ အစပိုင်းပျော်ဖို့ကောင်းပါတယ်။ level 17 ပြည့်ရင်တော့ ရပ်ထားပြီး full version စောင့်ကြတာပေါ့ဗျာ။ ပြီးတော့ loot, guild နဲ့ trade ပုံစံကောင်းကောင်းတွေပါလာပါစေဆုတောင်းရမှာပဲ။
သူ့ရဲ့ main page ကိုသွားချင်ရင် Adventure Quest 3D
Steam ကနေ ဆော့ချင်ရင်တော့ AQ3D Steam
ဆော့ဖြစ်ရင်တော့ AQ3D မှာရှိနေဖြစ်ပါလိမ့်မယ်။ Guild ရှိလာတဲ့အခါ quest တွေတူတူ raid လုပ်လို့ရတာပေါ့ဗျာ။