Dota 2 က MOBA ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ free-to-play လည်းဖြစ်ပြီးတော့ Valve Corporation ကထုတ်ခဲ့တာပါ။ တစ်ချိန်က Blizzard Enertainment ကနေ Warcraft III:Reign of Chaos နဲ့ သူ့ရဲ့ expension pack ဖြစ်တဲ့ The Frozen Throne ကိုထုတ်ခဲ့ပါတယ်၊ Defense of the Ancients (DotA) ဆိုတာကတော့ ခုဏကထွက်ထားတဲ့ ဂိမ်းတွေကိုမှီပြီး community mod တစ်ခုအနေနဲ့ စခဲ့တာပါ။ Dota 2 မှာ အသင်းသား ၅ ဦးစီပါဝင်တဲ့ အသင်းနှစ်သင်းယှဉ်ပြိုင်ရတာဖြစ်ပြီးတော့ နှစ်ဘက်အသင်းတွေအတွက် ကိုယ်ပိုင် သတ်မှတ် ဧရိယာ ပေးထားပါတယ်။ ဒါကို base လို့ခေါ်ကြပါတယ်။ ဒီထဲမှာ Player 10 ယောက်က “hero” လို့ခေါ်တဲ့ ကိုယ်ပိုင် character တစ်ကောင်ဆီကို သီးခြားလွတ်လပ်စွာထိန်းကြောင်းခွင့်ပေးထားပါတယ်။ Hero တစ်ကောင်ချင်းစီမှာ မတူညီတဲ့ အရည်အချင်းနဲ့ မတူညီတဲ့ အစားပုံတွေရှိကြပါတယ်။ ပွဲအတွင်းမှာတော့ Player တွေက experience points နဲ့ item ပစ္စည်းတွေကို စုပြီးတော့ တစ်ဘက်အသင်းက ရန်သူ hero တွေကိုသတ်ဖို့ကြိုးစားရပါတယ်။ နောက်ဆုံးအဆုံးအဖြတ်ကတော့ Ancient လို့ခေါ်တဲ့ တစ်ဘက်ရန်သူအသင်းရဲ့ base ထဲမှာရှိနေတဲ့ အဆောက်အဦးကိုဖျက်ဆီးရတာပါပဲ။
Dota 2 ကို 2009 လောက်ကထုတ်လုပ်ဖို့စတင်ခဲ့တယ်လိုတော့ သိရပါတယ်။ Dota Mod ရေးရာမှာပါဝင်ခဲ့ပြီးတော့ အခုအချိန်အထိ ဘယ်သူဘယ်ဝါမှန်းသေချာမသိရသေးတဲ့ IceFrog လို့ခေါ်တဲ့ game designer တစ်ယောက်ကို Valve ကဒီအတွက် ငှားခဲ့ပါတယ်။ Dota 2 ကို တရားဝင် ဈေးကွက်တင်တဲ့ အချိန်ကတော့ July 2013 မှာဖြစ်ပါတယ်။ Steam ကနေဖြန့်ခဲ့ပြီးတော့ Microsoft windows, OSX နဲ့ Linux PC တွေအတွက်ထုတ်ခဲ့ပါတယ်။ ဒီမတိုင်ခင်ကတော့ window သီးသန့် public beta ကို 2 နှစ်လောက်တင်ထားခဲ့ပါတယ်။ အစမှာတော့ ဝေဖန်ခံရတာတွေရှိပါတယ်၊ အဓိကကတော့ ဆော့နေကြမဟုတ်တဲ့ လူသစ်တွေအတွက် ရှုပ်ထွေးမှုများတယ်ဆိုပြီးပြောကြပါတယ်။ ဒါပေမယ့် တစ်ဘက်မှာတော့ သူရဲ့ အရည်အသွေး၊ ရုပ်ထွက် ၊ဆော့လို့ကောင်းတဲ့ အချက်တွေနဲ့ အများစုကတော့ ချီးကျူးခဲ့ကြပါတယ်။ အစမှာတော့ Source game engine ကိုသုံးခဲ့တာဖြစ်ပြီးတော့ 2015 မှာတော့ Source 2 ကိုပြောင်းခဲ့ (port) လုပ်ခဲ့ပါတယ်။ Dota 2 ကစထွက်ကတည်းက အခုအချိန်အထိ steam ပေါ်မှာဆော့တဲ့သူအများဆုံးပါ။ တစ်ရက်တစ်ရက်မှာ လူတစ်သန်းကျော် အမြဲဆော့နေပါတယ်။ နာမည်ကြီးလာတာနဲ့ အမျှ အရုပ်တွေ၊ အဝတ်အစားတွေက အစ အသုံးအဆောင်တွေအပြင် တစ်ခြား ဂိမ်းတွေနဲ့ ဆက်နွယ်ပြီးတော့ ပစ္စည်းတွေလည်းရောင်းပါတယ်။ ပြီးတော့ custom game mode တွေ၊ ကိုယ်တိုင်ဖန်တီးလို့ရတဲ့ မြေပုံတွေ၊ ပစ္စည်းတွေ လက်နက်တွေကိုလည်း Steam workshop ကနေ ဖန်တီးခွင့်ပေးထား ပါသေးတယ်။
Dota 2 မှာ pro ပြိုင်ပွဲတွေရှိပြိးတော့ league နဲ့ tournments ဆိုပြီးရှိပါတယ်။ eSport ထဲမှာ ဆုကြေးအမြင့်ဆုံးက Dota 2 ဖြစ်ပါတယ်။ ပြိုင်ပွဲတွေထဲမှာ အမြင့်ဆုံး ပြိုင်ပွဲကတော့ The international လို့ခေါ်ပါတယ်။ Valve ကနေဦးစီးပြီးတော့ Seattle မှာရှိတဲ့ KeyArena မှာကျင်းပလေ့ရှိပါတယ်။ Valve ကတစ်ခြားပွဲတွေလည်းစီစဉ်ပေးပါသေးတယ်၊ Major နဲ့ Minor ဆိုပြီးကွဲပါတယ်။ ဒီပွဲတွေကတော့ အကြိမ်ရေများများစီစဉ်ထားပြီးတော့ အုပ်စုပွဲဆန်ပါတယ်။ ဒီကနေ point တွေပေးထားပြီးတော့ The International ကို တိုက်ရိုက်ဝင်ခွင့်ရနိုင်ပါတယ်။ ဒီလိုပွဲတွေအကုန်လုံးကို TV channel ကပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် တိုက်ရိုက်ထုတ်လွှင့်ပေးပြီးတော့ ဘောလုံးပွဲတွေလိုပဲ အစီအစဉ်ကြေငြာသူတွေကကြေငြာပေးကြပါတယ်။ ကြည့်ရှုသူလည်း သန်းနဲ့ချီရှိနေပါတယ်။
အကြောင်းအရာတစ်ခုချင်းစီအတွက် အသေးစိတ်တွေကိုတော့ မကြာခင် update လုပ်ပေးသွားပါမယ်။
- Gameplay
- DEVELOPMENT
- Port to the Source 2 engine
- RELEASE
- PROFESSIONAL COMPETITION
- MAJOR & MINORS
- MEDIA COVERAGE
- RECEPION
- LEGACY