GOT season 7 ကတော့ ပြီးသွားပြီ။ သိတဲ့အတိုင်းစိတ်ထဲမှာ ခို့လို့ခုလု၊ မတင်မကျတွေနဲ့ ဘာလိုနေမှန်းကိုမသိတာ။ ထင်တာတော့ ဓါးတွေ နဂါးတွေ ဖုတ်ကောင်တွေနဲ့ နဂါးတွေကြည့်ရတာ မလုံလောက်သေးဘူးနဲ့တူပါတယ်။ စိတ်အစာမပြေနေတာပြောပါတယ်။ ဒီတော့ အာသာဖြေစရာ ဂိမ်းတစ်ချို့ ပြန်ရှာကြည့်ဖြစ်တာနဲ့ မျှလိုက်ပါတယ်။ နည်းနည်းပါးပါးပေါ့လေ။
Game of Throne: A telltale game series
[image by telltale games] ဒီဂိမ်းက season 4 လောက်ကိုသွားနွယ်တယ်။ House Stark ကိုသစ္စာခံတဲ့ House Forrester တစ်ယောက်နေရာကဝင်ကစားရပြီးတော့ Tyrion, Cersi နဲ့ John Snow တိုကိုတော့တွေ့နိုင်ပါတယ်။ Telltale ပုံစံ point & Click ပဲကစားရမှာပါ။ Steam မှာ USD29.99 နဲ့ရပါလိမ့်မယ်။
2. The Witcher 3: Wild Hunt
[image by CD Projekt/Bandai Namco Entertainment] မြေပုံအကျယ်ကြီးထဲမှာ Dragon တွေ ကိုဆော်၊ ခပ်မိုက်မိုက် စုန်းမတွေနဲ့ နပန်းလုံးချင်ရင်တော့ဆော့ပေါ့။ GOT လိုတော့ ဘုရင်မတွေ ဘုရင်ထီးတွေရဲ့ အရှုပ်အရှင်းတွေမတွေ့ရဘူးပေါ့။ ဒီအရှုပ်အရှင်းကတော့ The Witcher 2: Assassins of Kings ကပိုနီးစပ်မယ် ထင်တယ်။
3. Dragon Age : Inquisition
[image by Bioware] ဟုတ်ပြီ၊ ဓါးတွေပါတယ်၊ ဒူးလေး? ရပြီ၊ နဂါး? အကိတ်ကြီးပါတယ်။ စော်လား? ဘဲလား? မမေးနဲ့ အကြာကြီးစကားတွေ လှည့်ပတ်ပြောပြီး အိမ်ထောင်ကျသွားလို့ရတယ်။ ပြီးတော့ရော… ခင်ဗျားက စစ်တပ်တစ်တပ်ကို ဦးဆောင်ပြီးတော့ မကောင်းဆိုးဝါးတပ်ကြီးကို ခံတိုက်ရမှာ။ ဒီထက်တူနိုင်တာမရှိတော့ဘူး။ dialogue tree ဆိုတာ Click ခေါက်ရင်း ကိုယ်ပါမောလာလိမ့်မယ်။
4. The Banner Saga
[image by Stoic Stidio/ Versus Evil] Mobile တွေထဲမှာတော့ ဒီဂိမ်းက RPG တွေထဲမှာ တကယ်ကောင်းတဲ့ ဂိမ်းတစ်ခုပါ။ Viking ခေါင်းဆောင်တစ်ဦးနေရာကနေ အအေးဒဏ်၊ အန္တရာယ်စုံ၊ ပြီးတော့ အကောင်ပလောင်တွေနဲ့ ပြည့်နေပြီးတော့ အစာငတ်တဲ့ဘေး အပြင် အရှုပ်ထုပ်တွေကလည်းပါသေး။ စိတ်ပျက်စရာဆိုပေမယ့် ဆုံးဖြတ်ချက်တွေ အဓိပ္ဗါယ်ရှိရှိချခဲ့ ရင် အချိန်ရောက်တဲ့ အခါ အဆင်ပြေပါလိမ့်မယ်။USD9.99 App store, MMK13,521 Google playstore
5. Dark Souls
[image by Stoic Stidio/ Versus Evil] ဒီတစ်ခုကတော့ တကယ့် အမှောင်ကမ္ဘာထဲရောက်သွားတာပဲ။ ခြောက်ကပ်နေတဲ့ မြို့ပျက်တွေ ကြားထဲ တောနက်တွေကြားထဲမှာ ဘီလူးတွေ၊ ဖုတ်ကောင်တွေ၊ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ပြီးတော့ ခင်ဗျား တွေ့သမျှ အဆင်ပြေပြေ NPC တွေက တစ်ခါမှ ဇာတ်သိမ်းမကောင်းတာ မျိုးပေါ့။ ပြီးတော့ ဒီဂိမ်းက ဆော့ရလွယ်တဲ့ထဲလည်းမပါပြန်ဘူး။ ဒီတော့ သူလည်း နီးနီးစပ်စပ်ပဲ မဟုတ်လား။
6. For Honor
[image by Ubisoft Montreal] GOT ထဲမှာ duel ဆွဲတာတွေမှတ်မိသေးလား (ဓါးချင်းခုတ်တာပဲပြောတာနော်)။ မှတ်မိသေးရင်တော့ ဒီတစ်ခုလည်း ခင်ဗျားဆော့သင့်တဲ့ထဲမှာပါတယ်။ အဓိကကတော့ အချိန်အဆပဲ၊ ခုတ်တဲ့အချိန်၊ ကာတာနဲ့ ရှောင်ချိန်တွေသေချာပြီဆိုရင် The Hound, Brienne, Kingslayer တို့နဲ့ Mountain ကြီးပါထည့်ပြီး duel ကောင်းတစ်ပွဲတော့ စိတ်ကူးယဉ်လို့ရပြီ။
7. The Elder Scrolls V:Skyrim
[image by Bethesda Studio] ဒါကိုနောက်ဆုံးမှာထားတာအကြောင်းရှိတယ်၊ဆော့ခဲ့သမျှ ဂိမ်းတွေထဲမှာ သူ့လောက် feature စုံတာ သိပ်မရှိဘူး။ တကယ်ကို့ မြို့တွေ အများကြီးပါပြီး ကြိုက်သလိုသွားလာလှုပ်ရှားလို့ရတယ်။ ပြီးတော့ ဓါးတွေ၊ စစ်တပ်၊ ရဲတိုက်ကြီးတွေအပြင် နဂါးတွေနဲ့လည်း တစ်ကောင်ချင်း ယှဉ်ခုတ်လို့ရတယ်။ သူ့မှာ Mod Community လည်းရှိတော့ ခုဆိုရင် GOT Mod ကို PC သမားတွေကောင်းကောင်းဆော့လို့ရတယ်။ ရုပ်ထွက်တွေနီးစပ်တယ်ဗျာ။ PS4 နဲ့ Xbox One အတွက် remastered ကထွက်လာတာမကြာသေးဘူး။ ပြီးတော့ မကြာခင် Nintendo Switch ပေါ်ရောက်တော့မယ်ပြောတယ်။
လက်ရှိတော့ ဒါတွေပဲမှတ်မိတော့တယ်။ တစ်ချို့ မဆော့ဖြစ်တာတွေ လည်းရှိတော့ရှိပါသေးတယ်။ ဒီလောက်ဆို နောက် season မလာခင် အဆင်ပြေလောက်တယ် မဟုတ်လား။
~Keep On Gaming.
Like this: Like Loading...
Related