Samsung Gear VR ဆိုတာက စထွက်လာကတည်းက image quality ကောင်းကောင်းနဲ့ ထွက်လာခဲ့တာပါ။ Oculus နဲ့ပေါင်းထားတာလည်းပါမယ်ထင်ပါတယ်။ model အသစ်တစ်ခုထွက်လာတိုင်း မှာပိုပြီးကောင်းမွန်လာကိုလည်းသတိထားမိပါတယ်။ Galaxy S8 နဲ့ အတူထွက်လာခဲ့တဲ့ version မှာတော့ အများလိုချင်ကြတဲ့ Controller တစ်ခုပါလာခဲ့ပါတယ်။ Galaxy Note 8 နဲ့အတူထွက်လာတဲ့အခါမှာလည်း controller ပါလာခဲ့ပါတယ်။ 6 ခုမြောက် model ဖြစ်ပါတယ်။ feature အသစ်တွေအများကြီးတော့ ပါမလာပါဘူး။
Note 8 မှာက မျော်လင့်ကြသလို 4K resolution မလာပဲ S8 လိုပဲ QHD နဲ့ပဲလာပါတယ်။ ဒီတော့ ဒီ Gear VR အသစ်က resolution မှာဘာမှ မထူလာလောက်ပါဘူး။ ပြီး တော့ ဒီဇိုင်း၊ အလေးချိန်၊ အရောင်တွေမှလည်း အတူတူလောက်ပါပဲ။
Detail လည်းသိပ်တော့မသိရသေးပါဘူး။ သေချာတာကတော့ သူ့မှာ Note 8 တစ်ခုလုံးကို အေးဆေးထိန်းထားနိုင်အောင် အဆင်ပြေတယ်။ အမိုက်စား controller အသစ်တစ်ခုပါလာတယ်။ volume control တော့ မရှိတော့ဘူး။ အခုတာ့ တစ်ချို့နိုင်ငံတွေမှာ pre-order ရနေပါပြီ။ September 15 မှာတော့ အရောင်းစမယ်လို့သိရပါတယ်။
Source : Samsung official site, wearable