အကြီးဆုံးဆိုတာ micro SD card အရွယ်အစားကိုပြောတာမဟုတ်ပါဘူးဗျာ။ 400GB ဆန့်တဲ့ card ကိုလာမယ့် September မှာစရောင်းတော့မယ်ပြောပါတယ်။ ဈေးကတော့ သေးဘူး၊ USD249.99 လို့ပြောပါတယ်။
ဒီ card က full HD video တွေကို 35နာရီစာလောက်သိမ်းထားလို့ရတယ်။ Speed အနေနဲ့ 100MB/s လောက်အထိရနိုင်ပါတယ်။
SD card တွေအသုံးများပြီး space များများလိုချင်တဲ့ GoPro ပိုင်ရှင်တွေ၊ Console gamer တွေ၊ ဓါတ်ပုံဆရာနဲ့ Drone သမားတွေအတွက် ရည်ရွယ်တယ်ထင်ပါတယ်။ ရသမျှ space ကမလောက်ကြတော့ဘူးမဟုတ်လား။
အရင်တစ်ချိန်က ထုနဲ့ထည်နဲ့ HD တစ်လုံးစာလောက်ကိစ္စက အခုလောက်သေးသွားတော့ ကျွန်တော်တို့သုံးနေတဲ့ gadgets တွေမှာလည်း အသစ်အဆန်းတွေရှိလာဦးမှာပါလေ။