ခေါင်းစဉ်မှန်အောင်ဖတ်မိပါတယ်..ဟုတ်ပါတယ်…J.Lo လို့ ချစ်စနိုးခေါ်ကြတဲ့ ကျွန်တော်တို့ မမကြီးပါ။ အခု သူမပါဝင်တဲ့ အဖွဲ့ တစ်ဖွဲ့က Professional gaming team ဖြစ်တဲ့ NRG Esports နဲ့ ရင်းနှီးမြုပ်နှံဖို့ သဘောတူခဲ့ပါတယ်။ USD 15mil ( ဒေါ်လာ ၁၅သန်း) တန်ပါတယ်။ J.Lo အပြင် တစ်ခြား သူတွေကတော့ အားကစားသမားဟောင်းတွေဖြစ်တဲ့ Marshawn Lynch, Michael Strahan နဲ့ Alex Rodriquez တို့လို့သိရပါတယ်။
ဒီသတင်းရဲ့ မူးရင်းဖြစ်တဲ့ ESPN မှာတော့ တစ်ခြား အမည်မဖော်လိုတဲ့ celebrities တွေကလည်း ရင်းနှီးမြုပ်နှံဖို့ လုပ်နေကြောင်းပြောပါတယ်။ လက်ရှိမှာတော့ Twitter ရဲ့ COO ဖြစ်သူ Anthony Noto နဲ့ NBA အချစ်တော်ကြီး Shaquille O’ Neal လည်းအစောပိုင်း ကတည်း ကပါဝင်နေကြောင်းသိရပါတယ်။
Welcome to the Family @JLo @MoneyLynch and @MichaelStrahan ❤️ pic.twitter.com/zoOl35Ll0C
— NRG Esports (@NRGgg) September 28, 2017
NRG Esports ဆိုတာကတော့ eSports အကြောင်းသိကြတဲ့ player များမကြာခဏကြားဖူးကြပါလိမ့်မယ်။ သူတို့မှာ League of Legends, CS:GO, Super Smash Bros, Hearthstone, Rocket League နဲ့ Overwatch, Vainglory နဲ့ Dota 2 အပြင် တစ်ခြားဂိမ်းတွေအတွက် ကိုယ်ပိုင် အသင်းတွေရှိပါတယ်။ ရင်နှီးမြုပ်နှံ သူတွေအနေနဲ့ Overwatch အဖွဲ့ကို USD20mil အထိတရားဝင် ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ ဆယ်လီတွေလည်း ကျွန်တော်တို့ လောကထဲရောက်လာပြီဆိုတော့ player များရေ…. ကစားနိုင်ဖို့ပဲ လိုမယ်ထင်ပါတယ်နော။