ကျွန်တော်တို့တွေမှာ မိန်းကလေး gamer ဆိုရင် စိတ်လှုပ်ရှားတာမျိုးဖြစ်သလား… ရှိတာပေါ့၊ ဒါဆိုဘယ်လိုမျိုးလဲ၊ မသိရင်တော့ ဘာမှမဖြစ်ဘူးမဟုတ်လား ၊ မဲမဲမြင်ရာခုတ်နေတာပဲလေ၊ အဲ့… သိသွားပြီဆိုရင်တော့..
တစ်ချို့ကတော့ အယောင်ယောင်အမှားမှားတွေဖြစ်… တစ်ချို့က ဖွန်ဇောနဲ့ ဖလာ တွေပစ်ကျွေး… တစ်ချို့က အတင်းတွေလိုက်ခုတ်…. တစ်ချိုကတော့ အနားမကပ်၊ ထွက်ပြေး….. တစ်ချို့ကျတော့….ထားပါတော့… အရင်ကတော့ ဟုတ်ချင်ဟုတ်မယ်.. ခုတော့ စိတ်ထဲဘယ်လိုမှတော့ မရှိကြတော့ဘူးမဟုတ်လား၊ဒီနှစ် စတွေမှာ Gamer Girl တွေအများကြီးတိုးတက်လာခဲ့တာပဲလေ။ ဒါပေမယ့် Online တွေမှာ တစ်ဘက်လူက ဖြူသလားမဲသလားမသိပေမယ့် ဒီနာမည်တွေကြားရင်တော့ ဘယ်သူတွေလဲ သိနိုင်အောင်ရယ်၊ gamer အချင်းချင်း…ပုံတွေ ကြည့်ပြီး.. အဟမ်း..မုဒိတာပွားနိုင်အောင်… အောင်မြင်နေတာကိုပြောပါတယ်……
အကုန်လုံးတော့ မဟုတ်ဘူးဗျာ.. အတွေ့ရဆုံးနဲ့ follower အများဆုံးတွေကိုပဲရွေးထုတ်ပေးလိုက်ပါတယ်….
SSSniperwolf
တွေ့တယ်နော် link တွေထဲသွားကြည့်လိုက်ရင် ဘဇာ့ကြောင့် စွန်းတေ follower များလဲသိကြရောပေါ့၊ ဂိမ်းဆော့ပြီး ပိုက်ဆံရှာတဲ့ ထဲမှာတော့ သူမလည်း ထိပ်ဆုံးပဲဖြစ်မယ် ဘရိုတို့။ Twitter မှာ mercedez ကားအသစ်တွေဘာတွေ အကြောင်းလည်းပြောထားတာတွေ့ လိုက်တယ်…. ဆိုတော့ သူမကလမ်းကြောင်း အမှန်ပေါ်မှာဗျ… သူမနဲ့ COD မဆော့မိစေနဲ့ ဘရိုတို့…
KittyPlays
Twitch ကိုဝင်ကြည့်ပြီးနောက် ဆွံအ… ဘာမှပြောတော့ဘူး။ သူမရဲ့ Streamingအတွက် မနက် ၁နာရီမှာ ထပြီး ကြည့်ရမလိုဖြစ်သွားတယ်။
KayPeaLoL
သူမကတော့ League of Legends ကပါတဲ့။ ဒီတစ်ယောက် game ဆော့တာကိုပဲ ထိုင်ကြည့်နေရရင်ကျေနပ် နေတဲ့သူတွေဘယ်လောက်များလဲဆို… ၇၈သန်းကျော်နေတဲ့ Youtube (view) ကိုသာကြည့်တော့ဗျာ။
KayPamcakes
အသက် ၂၄ နှစ်ပဲရှိသေးတဲ့ သူမရဲ့ game list မှာ LoL, CS:GO, Heroes of the Storm, Starcraft 2, Halo 3, CoD:MW2 တို့ပါနေတာသတိထားမိမယ်ထင်တယ်။ Twitch မှာသွားကြည့်ရင်တော့ သူမရဲ့ WOW streaming တွေကိုတွေ့ပါလိမ့်မယ်။ ကျွန်တော်လည်း WOW ဖန်တျောက်ပါ…
DizzyKitten
သူမကလောလောဆယ် PUBG caster လုပ်နေတယ် ဘရိုတို့… အဟမ်း.. အဟမ်း…
Melonie Mac
သူမကတော့ gamer, blogger နဲ့ freelance host ပါတဲ့ဗျ။ ပြီးတော့ IT/Web development နဲ့ကျောင်းပြီးထားတာဆိုပဲ။ ကျွန်တော့ အတွက်တော့ ကျွန်တော့ router တွေ ပြသနာတက်ရင် ဖြစ်ဖြစ် RED Player site ကိုဝိုင်းပြင်ပေးတာဖြစ်ဖြစ်… အားကိုးချင်စရာလေး… အဟမ်း… လောလောဆယ်တော့ Instagram လေးကြည့်ပြီး အမောပြေပေါ့လေ..
Kaceytron
တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ဒီလို သူမမျိုးနဲ့ တွေ့မယ်လိုထင်သားပဲ။
သူမကတော့ troller ကောင်မလေးပါ။ Youtube bio မှာတော့ အအောင်မြင်ဆုံး Gamer Girl လို့ရေးထားတာတွေ့တယ်။ ဟုတ်မယ်ထင်ပါတယ်။ သိပ် Troll လုပ်လွန်းလို့ သူမကို ban ဖို့ လူ 25,000 လောက် vote ပေးပြီး အတိုင်ခံရတဲ့ အထိပါ။ ဒါပေမယ့် ခုထက်ထိတော့ သူမက twitch မှာဝင်ငွေကောင်းနေဆဲပဲဗျ။
Galina Dub
သူမကိုတော့ မသိဘူး… ဘာဂိမ်းဆော့မှန်းလည်းမသိဘူး… အဲ့ပုံလေးမိုက်လို့ထည့်ပေးလိုက်တာ…ငိငိ…
အောက်က youtube list ကသူမတို့တွေကလည်း တကယ်တော့ Youtube ရဲ့ Gamer ဆရာမများပါပဲ…
LDShadowLady, iJustingaming, PressHeartToContinue
နောက်ထပ်အချိန်ရရင်တော့ Asian Gamer Girl တွေရှာကြည့်ပါဦးမယ်…