လွန်ခဲ့တဲ့ ၄ ရက်က စပြီးဖြန့်ချီခဲ့တဲ့ Divinity: Original Sin 2 ကတော့ အခုအချိန်မှာ PC အတွက် 500,000 နီးပါး ရောင်းခဲ့ရပြီးပါပြီ၊ Developer နဲ့ Publisher ဖြစ်တဲ Larian ရဲ့ ပိုင်ရှင် Swen Vincke ကတော့ ပျော်နေပါတယ်။ Divinity : Original Sin 1 တုန်းက ဒီလို အရေအတွက်ရောင်းရဖို့ဆိုတာ ၃ လလောက်ကြာခဲ့ပါတယ်။
သူတို့ကတကယ်တော့ Steam ကပေးထားတဲ့ early access ၁နှစ်လောက်အတွင်းမှာ ကတည်းက ဝယ်ထားတဲ့သူတွေအများကြီးပါ။ ဒီလ ၁၄ရက်မှာစရောင်းတဲ့ အချိန်မှ နောက်ထပ် ၁ သိန်း ၈သောင်းကျော်လောက်ထပ်ရောင်းရပါတယ်။
ဒီလောက် မျော်လင့်မထားပဲ လူအများကြီး server တွေပေါ်တက်လာတဲ့ အခါမှာတော့ (Steam မှာ concurrent player 85,000 ကျော်ရှိပါတယ်၊) သူတို့ server တွေရုန်းကန်နေရတဲ့ ပြသနာတော့ရှိပါတယ်တဲ့။
ဒီတစ်ပတ်ထဲမှာ PC တွေ အတွက် လိုအပ်တဲ့ patch အသစ် တစ်ခုထုတ်ပေးပါဦးမယ်လို့ပြောပါတယ်။ မထင်ထားတဲ့ player အရေအတွက်ကို လိုအပ်တဲ့ service တွေပေးဖို့ ကြိုစားနေကြောင်းလည်းပြောသွားပါသေးတယ်။