လွန်ခဲ့တဲ့ 10 နှစ်ပေါ့။ အဲ့အချိန်တုန်းက The Witcher ကိုဆော့ဖို့ ကျွန်တော့ ကိုယ်ပိုင် PC က အဆင့်မမှီခဲ့ဘူးဗျ။ နောက် ၄ လလောက်ကြာတဲ့ အထိစောင့်လိုက်ရတယ်။ ကစားချင်တာတော့ တပိုင်းကိုသေနေခဲ့တာပါ။ တကယ်ဆော့ဖြစ်တဲ့ အချိန်မှာလည်း မှတ်မိသေးတယ် Graphic တွေချပြီးဆော့ခဲ့ရတာဗျ။ ဘာပဲဖြစ်ဖြစ်ပါ ဒီ witcher series ကိုထွက်သမျှဆော့ဖြစ်မယ်လို့ မထင်ထားခဲ့မိဘူး။ အခုတော့ စိတ်ထဲပျော်နေတယ်။ ဒီ video ကကိုယ်တိုင် ကိုယ်ကျပါဝင်ခွင့်ရလိုက်သလိုခံစားလိုက်ရလို့ပဲ။
Witcher ကြီး Geralt ပြောတဲ့ “It’s been ages since we last saw each other” ဆိုတဲ့ အဖွင့် စကားရယ်၊ “Been through hell and high water, you and me,” ဆိုတဲ့ သူ့ရဲ့ fan တွေကိုပြောတဲ့ စကားတွေနဲ့တင် အဆင်ပြေပါတယ်။
တကယ်တော့ The Witcher ကလည်း RPG standard တွေမှာ တစ်နေရာကနေ ပါခဲ့တာပဲ မဟုတ်လား။
တစ်ချိန်လုံး ခုတ်ထစ်ပွထနေတဲ့ ထဲမှာ ဒီ video လေးကတော့ ငြိမ်းချမ်းတယ်။ သူ့စော်တွေ လည်းပါလာတယ်လေ။ မှတ်မိသလောက် character တွေကတော့ ပထမဆုံး Ciri, Regis, Yennefer, Triss, Syanna, Ves, Eskel, Anna, Lambert… တို့ကိုတော့ မှတ်မိတယ်။ တစ်ချို့တော့ မမှတ်မိဘူးဗျာ။
၁၀ နှစ်ပြည့်သွားပြီးနောက် ဘာတွေထပ်လာဦးမလဲကတော့ စောင့်ကြည့်ကြတာပေါ့နော။ Video လေးကတော့ အေးဆေးတဲ့ အတွက် The Witcher Fan တွေဆိုရင်တော့ ကြည့်သင့်ပါတယ်ဗျာ။