မကြာခင်က အသစ်ထွက်ရှိတဲ့ iphone X မှာ အသစ်ပါဝင်လာသော Face ID ခေါ် မျက်နှာသွင်ပြင်ခွဲခြားမှတ်သားခြင်း နည်းပညာ(Notch) ဟာ အနာဂါတ် Mobile Game များတစ်ခေတ်ဆန်းလာစေရန် ပထမခြေလှမ်းဖြစ်လာနိုင်ပါတယ်။
The Verge ရဲ့ ထုတ်ပြန်ချက်များအရ Iphone X ရဲ့အရှေ့ဘက် အပေါ်ဆုံးမျက်နှာပြင်မှာ ပါရှိသော မျက်နှာသွင်ပြင် အတိမ်အနက်အလိုက် ခွဲခြားမှတ်သားနိုင်ခြင်းကို လုပ်ဆောင်နိုင်ရန် တည်ဆောက်ထားသော Front-Facing Depth Camera Technology (Notch) ဟာ Kinect တွေရဲ့ မူလအစဖြစ်သော Xbox 360 တွင်ပါဝင်သော IR Emitter, Color sensor, IR Depth Sensor, Microphone & A Tilt Motor တိုနှင့် အလုပ်လုပ်ပုံခြင်း တူညီနေပါတယ်လို့ ဆိုထားပါတယ်။ ၂၀၁၃ ခုနှစ် Kinect Technology ပေါ်ပေါက်အပြီး Israeli Company တစ်ခုက ပထမဆုံး ဖန်တီးခဲ့သော Primesense ကို Apple က ၀ယ်ယူထားခဲ့ဖူးပါတယ်။ Primesense ဆိုတာက အကြမ်းအားဖြင့် Kinect နှင့် ဆင်တူပါတယ်။ အဲ့ဒီအချိန်တုန်းကထဲက Kinect Technology ကို တိုးတက်ပြောင်းလဲမူတွေပြုလုပ်ပြီး သူရဲ့ခေတ်တစ်ခုကို ဖန်တီးထားနိုင်ခဲ့ပါတာပါ။
Kinect ရဲ့ အခန်းတစ်ခန်းလုံးကို Mapping လုပ်ခြင်း လူရဲ့ လုပ်ရှားမူတွေအလိုက် ဂိမ်းထဲမှာလုပ်ရှားစေနိုင်ခြင်း နည်းပညာက Iphone X ရဲ့ လူ့မျက်နှာသွင်ပြင်ကို အသေးစိတ်အလိုက် ခွဲခြားနိုင်ခြင်း လူမျက်နှာလုပ်ရှားမူအလိုက် Animoji များ လိုက်လံလူပ်ရှားနိင်ခြင်း နည်းပညာခြင်းနှင့် လုပ်ဆောင်နိုင်စွမ်းခြင်း တူညီနေသည့်အတွက် နောင်တစ်ချိန်မှာ Kinect လိုဂိမ်းမျိုးတွေကို Mobile Phone ပေါ်မှာပါ ထည့်သွင်းချိတ်ဆက် ကစားလာနိုင်ဖို့က သေချာသလောက်ရှိနေပါပြီ။
အဲ့ဒီတော့ အနာဂါတ်မှာ အိတ်ဆောင် Kinect တွေအလား Game Dancer များအတွက် ခန္ဓာကိုယ်လုပ်ရှားမူအလိုက် ဆော့ကစားနိုင်သော ဂိမ်းများပေါ်ပေါက်လာနိုင်သည့်အတွက် Apple ကိုကျေးဇူးတင်ရမှာပါ။
Source: The Verge