ကျွန်တော်တို့သိသလောက်တော့ Bethesda မှာထွက်လာစရာ ဂိမ်းတွေအများကြီးရှိနေပါတယ်။ ဒီနှစ်ထဲမှာပေါ့။ Wolfenstein: The New Colossus, The Evil Within 2, Dishonored: Death of the Outsider, Quake Champions, Switch အတွက် Skyrim, DOOM VFR နဲ့ Fallout VR ဆိုပြီးတန်းစီနေတာပါ။ ဒီကြားထဲကမှ ဒီ ဂိမ်းတွေအားလုံးထက် အလန်းစား တစ်ခုကို လူမသိသူမသိကြိတ်ပြီး ကြံစည်နေတဲ့ အကြောင်းနဲ့ ဒီနှစ်ထဲမှာ ထွက်လာမှာဆိုတဲ့ အကြောင်းကို သူတို့ရဲ့ marketing vice president ကပြောသွားတယ်ဆိုတာပါပဲ။(Pete Hines ဖြစ်ပါတယ်၊https://youtu.be/WLkivZwAKxs မှာတွေ့တာပါ)
ဒီနှစ်မကုန်ခင်လာမှာဆိုတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော်ရေးထားတဲ့ Game Of Throne ကိစ္စ များလားမသိဘူးဗျာ။