ဘယ်တော့ထွက်လာမလဲစောင့်နေတာတော့ ကြာရောပေါ့နော။ ဒီမှာတော့ တစ်ခြားဂိမ်းတွေထက်စာရင် WOW player တွေပဲမှားပါလိမ့်မယ်။ အခုတော့ Blizzard အနေနဲ့ battle.net ကို app အနေနဲ့ သုံးလို့ရအောင် iOS နဲ့ android အတွက် ထုတ်ပေးလိုက်တာတွေ့ရပါတယ်။
လောလောဆယ်တော့ အများကြီး ဘာမှ ထူးထူးခြားခြား လုပ်နိုင်တာမတွေ့ရပါဘူး။ အဓိကကတော့ chatting နဲ့ သူငယ်ချင်းတွေ ဘာဂိမ်းဆော့နေလဲလောက်ကလွဲရင် စိတ်ဝင်စားစရာသိပ်မပါသေးပါဘူး။
ဒီနေ့ပဲထွက်လာတာဖြစ်ပြီးတော့ အရင် Blizzard Mobile Authenticator နဲ့မတူပါဘူး။
သုံးမယ်ဆိုရင်တော့ App Store နဲ့ Google Play Store ကိုသာသွားပါ။