Call of Duty series တွေဆိုတာ FPS player တွေအတွက် မဆော့ဖူးရင် FPS gamer မပီသဘူးလို့တောင်ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ series တွေမှာ တဖြည်းဖြည်း ခေတ်အဆက်ဆက်ပြောင်းလာလိုက်တာ အခု player အတော်များများ ကငြီးငွေ့လာတဲ့ အထိပါပဲ။ 2014 တုန်းကထွက်ခဲ့တဲ့ Call of Duty: Advanced Warfare မှာတုန်းကတော့ အကောင်းဆုံးဖန်တီးခဲ့ပြီး နောက်ပိုင်း ဇာတ်လမ်းတွေမှာတော့ သိပ်အဆင်မပြေတော့သလို Playerတွေဘက်ကလည်း အဆင်မပြေတော့ပါဘူး။ Activision အနေနဲ့လည်းရောင်းအားကျသွားတဲ့ အခါ ကြံရာမရတော့ အစပြန်ရောက်သွားတယ် လို့ပြောရမယ်ထင်တယ်။ မနေ့ကပဲ Call of Duty: WWII ရဲ့ Closed Beta စမ်းတာ ပြီးသွားပြီ။
ဒီတော့ သူတို့အနေနဲ့ ခေတ်လွန် shooter တော့ ထပ်မလာလောက်တော့ပါဘူး။
ဒါပေမယ့် ကျွန်တော့ သဘောအရဆိုရင်တော့ COD: Black Ops လိုမျိုး ပုံစံ အသစ်တစ်ခုကိုတော့ လိုချင်တာ အမှန်ပဲ။
COD: World war II မှာတော့ နာဇီ တွေနဲ့ သည်းကြီးမဲကြီးတိုက်ဖို့သာ ပြင်ထားပေတော့။ သူ့မှာ အရင် series တွေလိုပဲ အပြင်က တကယ့် သရုပ်ဆောင်တွေ အားဖြည့်ထားပါတယ်။ Transformer ထဲကမင်းသားတစ်လက်ဖြစ်တဲ့ Josh Duhamel, Mission Impossible တွေထဲက Ving Rhames နဲ့ David Tennant တို့ပါဝင်ထားပါတယ်။ Multiplayer နဲ့ zombie mode ပါလာပြီးတော့ 3rd Novermber မှာတော့ Xbox One, Playstation 4, နဲ့ PC အတွက် ထွက်ရှိမယ်လို့ပြောပါတယ်။
Source : Call of Duty :World War II