ဂိမ်းတစ်ခုအတွက် သူ့မှာ အလုပ်လုပ်ဖို့ file တွေအများကြီးပါလာပါတယ်၊ game size ကြီးလေ file တွေများလေပါပဲ၊ ဒီလိုပဲ PUBG (Playerunknown’s Battleground) ရဲ့ game file တွေကို player တစ်ချို့က ပြောင်းလဲပြီးတော့ ကစားတာလေး လတ်တလောမှာဖြစ်လာကြပါတယ်။
မကြာခင်က ထုတ်လိုက်တဲ့ fog patch (မြူခိုးဝေ နေတဲ့ ပတ်ဝန်းကျင်) နဲ့ပတ်သက်ပြီးဖြစ်တာပါ။ တစ်ချို့ player တွေက မြူဆိုင်းတာက game file တွေရဲ့ အလုပ်လုပ်ပုံအရ post-processing ဖြစ်မှန်းသိပါတယ်။
အဲဒီတော့ မြူခိုးတွေပျောက်ပြီး တစ်ခြားသူတွေကို သူကပဲ မြင်ရအောင် .ini ဖိုင်တစ်ခုကို game load မှာတက်မလာအောင်ပြင်ရေးကြပါတယ်။
ကျွန်တော် ဒီစာကိုရေးတဲ့ အချိန်မှာတော့ သူတို့ original post ကိုဖျက်သွားပါပြီ။ အဲ့ဒီအစား warning တော့လုပ်ထားပါတယ်။
သေချာတာကတော့ အဲ့လိုပြင်ရေးတာတွေကို developer တွေအနေနဲ့ လုံးဝလက်ခံမှာ မဟုတ်ကြောင်းရေးထားတာတော့တွေ့ပါတယ်။
Player များတော့ ဒီလူတွေနဲ့ မတွေ့ပါစေနဲ့ဆုတောင်းပေးလိုက်ပါတယ်၊ Bluehole ကပဲ သူတို့ကို အရင်တွေ့ပါစေဗျာ။