2004 တုန်းက ထွက်ခဲ့ ပြီး Ron Perlman ကြီးတစ်ယောက် ကောင်းကောင်းသရုပ်ဆောင်ခဲ့တဲ့ Hell Boy ကိုမှတ်မိဦးမယ်ထင်ပါတယ်။ မနေ့ကတော့ 2018 မှာထွက်ရှိလာမယ့် Hell Boy မင်းသားအသစ် David Harbour ရဲ့ ရုပ်ပုံတွေကို Twitter မှာတင်ထားတာတွေ့ရပါတယ်။ အရင် Perlman ကြီးထက် ပိုတောင့်တာတော့ အသေအချာပဲ။
ပြီးတော့ ဆံရှည်ကိုယ်တော်ကြီးဖြစ်လာတာရယ်၊ ဗလတွေက ပထမ နှစ်ကားတုန်းကလို့ ပွစိကြီးဖြစ်မနေပဲ ပိုပြီးထင်ထင်ရှားရှားရှိနေတာတွေ့ရပါတယ်။ အောက်မှာတော့ ၂ပုံယှဉ်ပေးထားပါတယ်။ Realistic ပိုဖြစ်သလို ပဲဗျာ။