ဟုတ်ပါပြီ၊ လွန်ခဲ့တဲ့ 2015 တုန်းကတော့ James Bond နောက်တစ်ကား ဆက်ရိုက်မယ့် အစား “ဒီဖန်ခွက်ကိုခွဲပြီး လက်ကောက်ဝတ်ပဲလှီးလိုက်မယ်” , “ထပ်ရိုက်ဖြစ်မယ်ဆိုရင်တော့ ပိုက်ဆံကိစ္စကြောင့်ပဲဖြစ်လိမ့်မယ်” လို့ပြောခဲ့တဲ့ Daniel Craig ကတော့ လာမယ့် နောက်ထပ် James Bond ရုပ်ရှင်အသစ်မှာ ပြန်လည်ပါဝင်လာဖို့ သေချာသွားပါပြီ။
ဒါပေမယ့် ဒီလောက်ဇာတ်လမ်းကို သတ်ထားပြီးသား မှာ အရင် ဇာတ်ကားတွေကို ဘယ်လိုချိတ်မလဲဆိုတာတော့ rumors အနေနဲ့သတင်းတစ်ချို့ ထွက်လာတာတွေ့ရပါတယ်။
James Bond အနေနဲ့ Spectre ပြီးနောက်မှာ MI6 ကနေအလုပ်ထွက်ပြီးတဲ့ နောက် Spectre ထဲက Dr.Madeleine Wann နဲ့ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း ဇာတ်လမ်းဆက်ထားတယ်လို့ဆိုပါတယ်။
Daniel Craig ကြီးကတော့ လက်ရှိ ဒီကိစ္စနဲ့ပါတ်သက်ပြီး Interview တွေ အများကြီးဖြေတဲ့ အခါ ရှက်နေတယ်လို့ ဆိုပေမယ့် သူအမှန်အတိုင်းပဲပြောပါမယ် လို့ဆိုပါတယ်။ ဒါဟာ သူ့အတွက် နောက်ဆုံး Bond ရုပ်ရှင်ဖြစ်ပြီးတော့ စိတ်လှူပ်ရှားနေပြီလို့ Stephen Colbert ကိုဖြေထားတာတွေ့ရပါတယ်။
အခုအချိန်မှာတော့ အရင်ပြောခဲ့တဲ့ စကားတွေမေ့လိုက်ပြီး လာမယ့် James Bond ကားသစ်ကိုပဲမျှော်ကြတာပေါ့လေ။