Destiny 2 ရဲ့ developer ဖြစ်သူ Bungie ကဒီနေ့မှာပဲ သူ့ရဲ့ concurrent player (ပါဝင်ကစားသူ) ဦးရေ ၁.၂ သန်းကျော်ရှိသွားပြီဖြစ်ကြောင်းကြေငြာပါတယ်။ ထင်တာတော့ Playstation နဲ့ Xbox နှစ်ခုပေါင်းဖြစ်ပုံရပါတယ်။ PC version ကလာမယ့် အောက်တိုဘာမှထွက်မှာပါ။ ဘယ်လိုဖြစ်ဖြစ် ဒါဟာ နည်းနည်းနောနော Player တွေမဟုတ်ပါဘူး။ ထင်တဲ့ အတိုင်း Bungie server တွေမှာတော့ ပြသနာ အနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် gameplay ကိုတော့ ထိခိုက်ခြင်းမရှိပါဘူး။
လောလောဆယ် တစ်ကမ္ဘာလုံးမှာ အပေါက်ဆုံး ဂိမ်းဖြစ်နေတဲ့ Playerunknown’s Battlegrounds ကလည်း မနေ့တနေကပဲ concurrent player တစ်သန်းကျော်ခဲ့တာပါ။ ဒါပေမယ့် သူက PC တစ်မျိုးးတည်းမှာပဲဆော့လို့ရပါတယ်။ discout လည်းရှိနေတော့ လောလောဆယ် Steam မှာ USD30 နဲ့ဝယ်လို့ရပါတယ်။
Destiny ကတော့ console တွေမှာပဲဆော့လို့ရပါသေးတယ်။ ဒါပေမယ့် အောက်တိုဘာမှာ PC အတွက်ထွက်လာရင်တော့ ဒီထက်ပိုပြီးများလာဖို့ရှိပါတယ်။
Source: Bungie