Playerunknown’s Battleground ကို Bluehole ကထုတ်လုပ်ပြီး၊ လောလောဆယ် Early Access ပဲရှိပါသေးတယ်။ ပေးထားတာတော့ မတ်လလောက်တည်းကပါ။ တကယ် final version ထွက်မှာကတော့ နှစ်ကုန်ပိုင်းလောက်ဖြစ်မယ်လို့ပြောထားပါတယ်။ လက်ရှိ Early access မှာတော့ window တစ်မျိုးတည်းမှာပဲရသေးပေမယ့် Xbox One အတွက်လည်းထွက်ရှိလာမယ့်လို့ ပြောပါတယ်။ လက်ရှိ တစ်ကမ္ဘာလုံးမှာ အမှည့်ဆုံး ဂိမ်းဖြစ်နေပါတယ်။ သူ့မှာ ၆လအတွင်း ၁၀သန်းကျော် ရောင်းထားပြီးပါပြီ။
“Not Just a game This is Battle Royale” လို့ပြောထားတဲ့ အတိုင်း 8km x 8km ရှိတဲ့ မြေပုံထဲမှာ လက်နက်နဲ့ ပစ္စည်းတွေကို ရှာပြီးတော့ ကျန်တဲ့ ပြိုင်ပွဲဝင်အားလုံးကို ရှင်းရမှာပါ။ 2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Battle Royale ရုပ်ရှင်ကို မှီငြမ်းထားတယ်လို့ဆိုပါတယ်။
ARMA series နဲ့ လက်ရှိ H1Z1 ရဲ့ Mod တွေမှာပါတဲ့ Playerunknown mod ကိုလုပ်ခဲ့တဲ့ PLAYERUNKNOWN (aka)Brendon Greene ကပဲဒီ ဂိမ်းကို ဦးဆောင်ထားတယ်ပြောပါတယ်။
developer site ကတော့ ဒီမှာပါ . FB page ကိုသွားလည်းရပါတယ်။
Steam ကနေ download လုပ်ချင်ရင်တော့…