မနေကပဲ ကျွန်တော်ရေးထားတာလေးတစ်ခုရှိတယ်။ Fortnite ရဲ့ battyole က PUBG ကို inspire လုပ်ပါတယ်ဆိုပြီးကြေငြာထားတယ်လို့၊ ဒီနေ့မနက်ကပဲ PUBG ရဲ့ developer ဖြစ်တဲ့ Bluehole က PR (press release) တစ်ခုလုပ်ပြီးတော့ ကန့်ကွက်ကြောင်းနဲ့ Fortnite ကအလုံးစုံကူးချတာသက်သက်ဖြစ်ကြောင်း၊ PUBG အနေနဲ့ ဆောင်ရွက်စရာရှိတာတွေ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ကြောင်းပြောသွားတာတွေ့ရတယ်။
PUBG ကတော့ ဒီလိုပြောရခြင်းက သူ့ရဲ့ community ကပြောလာတဲ့ အတွက်ကြောင့်လို့တော့ ခေါင်းစဉ်တပ်ပါတယ်၊ အပြင်မှာလည်းသူတို့ community forum မှာ ထုံးစံအတိုင်း အဖွဲ့တွေကွဲနေတာပါပဲ။ ထောက်ခံတဲ့ သူကတပိုင်း လွှတ်ထားလိုက်ဆိုတဲ့ သူကတစ်ပိုင်းပေါ့။ ထားပါ ဒါတွေက။ gamer တွေကတော့ ဘယ်ဂိမ်းပဲ ဖြစ်ဖြစ် ဆော့လို့ရရင် အတူတူပါပဲ။
တစ်ခုပဲ Bluehole ကဒီလိုကြေငြာလိုက်တာ မှန်မမှန်ပြောချင်တာ၊ တကယ်ဆိုရင် သူက လက်ရှိမှာ ထိပ်ဆုံးရောက်နေတဲ့သူ၊ Fortnite ကနောက်တစ်ပတ်မှ ထွက်မှာပြီးတော့ free to play၊ သူက USD30 ရှိနေတာ။ Fortnite လူလည်းသိပ်ကြီး သိနေတာမဟုတ်ဘူး၊ graphic ဘာညာတွေမှာ လည်း ကလေးရုပ်ထွက်တွေ။ PUBG ကလက်ရှိမှာ ၁၀သန်းကျော်ရောင်းထားပြီးသား fortnite ကနောက်တစ်ပတ်မှထွက်မှာ။ ဒီတော့ အခုလို ကူးထားပါတယ်တို့ မကောင်းပါဘူးတို့ သွားလုပ်တာက နောက်တစ်ပတ်ထွက်မယ့် Fortnite အတွက် သန်းချီနေတဲ့ Player တွေဆီကို ကြော်ငြာပေးသလို့ မဖြစ်သွားဘူးလား။
Fotrnite က Epic ကထုတ်တာဖြစ်ပြီးတော့ ကြောရိုးတူပေမယ့် အားလုံးတူနေတာမျိုးတော့လည်း တဟုတ်ပြန်ဘူး။ တကယ်က PUBG ရဲ့ Bluehole ကသာအေးဆေးနေမယ်ဆိုရင် ဒီနေ့ Fortnite အကြောင်းရေးဖြစ်မှာလည်း မဟုတ်ဘူး။ ပြီးတော့ gaming site တွေမှာလည်း နောက်တစ်ပတ်မှ Fortnite ထွက်လာတေ့မှ သတင်းတွေ့ရမှာ။
တကယ် PR ထုတ်ပြီးတော့ ပြောတယ်ဆိုတော့ နောက်တစ်ခု အံ့သြတာက ဘာလို့ တစ်ခါတည်း တရားမစွဲတာလဲပေါ့? ဒါဆို ဘာမှ ခုလိုဖြစ်လာစရာမှရှိဘူးလေ။
နောက်ကြောင်းပြန်ကြည့်ရင် လည်း PUBG ကိုယ်တိုင်က ကူးထားတယ်လို့ပဲ ကျွန်တော်မြင်တယ်။ PUBG ကစားသမားအတော်များများက H1Z1 ကိုသိကြပါလိမ့်မယ်။ Daybreak ကထုတ်တာပါ။ PUBG ကိုယ်တိုင်က H1Z1 : King of the Kill ကိုယူထားတာပဲ မဟုတ်လား၊ Daybreak ကိုယ်တိုင်ကပဲ လွန်ခဲ့တဲ့ ရက်က ပြောထားတယ်၊ PUBG ဆိုတာ H1Z1 မရှိရင် ဖြစ်မလာပါဘူးလို့။ H1Z1 ကိုယ်တိုင်ကလည်း Day Z တို့ဘာတို့ကကူးတယ်ပြောလို့ တင်းနေကြတာတွေရှိသေးတာပဲ မဟုတ်လား။
ထားပါတော့လေ၊ တစ်ခါတစ်လေတော့လည်း game world ထဲက developer တွေရဲ့ ethical ကိုနားလည်ရခက်ပါတယ်။ ဘာတွေက standard မှန်းမသိတာမျိုးပေါ့။
Player တစ်ယောက်အနေနဲ့ကတော့ ရှင်းပါတယ်။ အခုလိုဖြစ်တဲ့အတွက် PUBG ကတော့ သူ့ရဲ့ အောင်မြင်လက်စ ကိုဆက်ပြီးအောင်မြင်သွားနေပြီးတော့ fortnite အနေနဲ့ လည်း PUBG ကျေးဇူးနဲ့ ဘယ် အထိအောင်မြင်သွားမလဲဆိုတာနောက်တပတ် launch လုပ်ရင်တော့ သိရတော့မှာပေါ့ဗျာ။