Razer ရဲ့ Basilisk အကြောင်းလေးပြောချင်ပါတယ်။ FPS သမားတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတာဖြစ်ပြီးတော့ high-DPI mouse တစ်မျိုးဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ လက်မအတွက် ခလုတ်တစ်ခုအပိုပါလာပြီးတော့ အဲ့ဒီကနေ DPI ပြောင်းတာ push-tp-talk ပြောတာနဲ့ game ထဲမှာ item ကောက်တာတွေလုပ်ဖို့ သုံးနိုင်မယ်လို့ပြောပါတယ်။
Razer အနေနဲ့ပြောတာကတော့ “high-DPI သုံးရတဲ့ လက်နက်မဲ့ တိုက်တဲ့ အချိန်နဲ့ low-DPI သုံးရတဲ့ သေချာချိန်ပြီးပစ်ရတဲ့ အခါ ချက်ချင်းပြောင်းနိုင်အောင်ရည်ရွယ်ပါတယ်” တဲ့။ နောက်တစ်ခုကတော့ ဒီလုပ်က အဖုံးအပို ၃ စုံပါလာပြီးတော့ လက်မအတိုအရှည်လိုက်ပြီး ချိန်လို့ရသလို့ လုံးဝမသုံးချင်လည်း ပိတ်ထားလို့ရပါတယ်။
Razer Basilisk (Basilisk ဆိုတာ မျက်စောင်းထိုးတာနဲ့ သေတတ်တဲ့ ပုံပြင်ထဲကနဂါးပါ) ကြုံတုန်းပြောရဦးမယ်။ Razer ကသူ့ရဲ့ mice (mouse အများပေါ့နော်) တွေကို တွားသွား သတ္တဝါတွေရဲ့ နာမည်တွေပေးပါတယ်။
16,000 DPI mouse တစ်လုံးဖြစ်ပြီးတော့ scroll wheel ရဲ့ အမာအပျော့လည်းချိန်လို့ရပါတယ်။ Razer online store မှာတော့ USD70 နဲ့ရောင်းနေတာတွေ့ပါတယ်။ FPS သမားတွေစိတ်ဝင်စားရင်ပေါ့ဗျာ။