ဒီတစ်ပတ်ထဲက Game တွေက တော့ အမိုက်စားတွေများတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Divinity တို့ထက်စာရင် Action ပိုများပါတယ်။
Raiders of the Broken Planet-Prologue
[image by Suspicious Development]ဖွဲ့စည်းပုံ, character တွေနဲ့ Graphic ပိုင်း ကောင်းပါတယ်။ mission တွေက နည်းနည်းတော့ challenging ဖြစ်ပြီးတော့ 4v1 ဆော့လို့ရသလို့ solo campaign တွေလည်းပါပါတယ်။ လူဆိုး လူကောင်းခွဲထားပေမယ့် ၊ နှစ်ဘကလုံးကလည်းဝင်ကစားလို့ရပါတယ်။ free to play လို့တပ်ထားပေမယ့်၊ တကယ်ဆော့လို့ အဆင်ပြေတာကတော့ နောက်ဆက်တွဲ ပိုက်ဆံပေးဝယ်ဆော့ရပါလိမ့်မယ်။ Founder’s pack အပါအဝင် package 6 ခုစာကို USD40 လောက်ပေးရပြီးတော့ အသစ် ထွက်ထားတဲ့ DLC တစ်ခုတည်းကိုတော့ USD10 ပါတဲ့ဗျာ။ Free to play မှာဆော့ကြည့်ပေါ့ဗျာ၊ hero ၄ကောင်ကိုတော့ ftp မှာရတယ်၊ ကြိုက်ရင် အရင် ဝယ်သင့်တာက USD10 တန် DLC ကို အရင်ဝယ်ဆော့သင့်တယ်။
Prologue ကတော့ လုံးဝ introduction သက်သက်ပဲ။ tutorial တစ်ခုရယ် အကြိမ်ကြိမ်ပြန်ကစားလို့ရနေတဲ့ mission တစ်ခုရယ်ပဲပါလိမ့်မယ်။ အဓိကက game intro လုပ်ပေးတဲ့ သဘောပါ။
ဆော့ဖြစ်မယ်ဆိုရင်တော့ Window platorm တစ်ခုမှာပဲရပါလိမ့်မယ်။
Heat Signature
[image by Suspicious Develpoment]Suspicious Developments ကထုတ်လုပ်ဖြန့်ချီပြီးတော့ indie adventure အမျိုးအစားဖြစ်ပါတယ်။ Spaceship တစ်ခုနဲ့ တစ်ခုကြားပြေးလွှားနေပြီးတော့ boarding လုပ်မယ်၊ kill, loot နဲ့ တစ်ခြား ship တွေကိုပါယှဉ်တိုက်ရမှာမျိုးပါ။ ဒီ game ကဆော့ရတာပျော်ဖို့ကောင်းသလို့ စဉ်းစားရတာလည်းပေါ့ပေါ့ပါးပါးရှိပါတယ်။ တစ်ခုပဲ… level များလာရင်တော့ grinding ဖြစ်ချင်တယ်။ ဒီနေရာဒီပုံစံတွေထပ်လာတယ်လို့တော့ နည်းနည်း ခံစားရနိုင်ပါတယ်။ ကျန်တာအားလုံးကတော့ ပျော်ဖို့ကောင်းပြီး အချိန် ကုန်မြန်နိုင်ပါလိမ့်မယ်။
Window အတွက် ဆိုရင်တော့ USD14 နဲ့ ဝယ်နိုင်ပါတယ်၊ တစ်ခြား DLC တွေကတော့ ကိုယ့် ဒေါသနဲ့ ကိုယ်ပါဗျာ။
Project Cars 2
[image by Slightly Mad Studios]ဒီတစ်ခုကတော့ ဈေးကြီးတယ်ဗျ။ ဈေးကြီးရခြင်းအကြောင်းကတော့ သူက VR game တစ်ခုပါ။ ကားအစီးရေ ၁၈၀ကျော်ပါလာပြီးတော့ သူ့မှာ 12K VR Support လုပ်ပါတယ်။ Production line မှညကတည်းက တကယ့် simulator feeling ရအောင် pro driver တွေနဲ့စမ်းသပ်ခဲ့တယ်ပြောပါတယ်။ ရေခဲ၊ ရွံ့ နဲ့ ဖုန်တော့ တွေမှာပြိုင်ရတဲ့ game mode တွေလည်းပါပါတယ်။ ဒီမှာ ထူးခြားလာတာက သူတို့ eSport ကိုသွားဖို့ ထုတ်တယ်လို့သိပါတယ်။ VR ကို eSport ဆီဦးတည်လာနေပြီထင်ပါတယ်။
HTC vive, Oculus Rift နဲ့ Window တို့မှာရနိုင်ပြီးတော့ normal edition ကိုတော့ USD60 လောက်ပေးရပါလိမ့်မယ်။
Warhammer 40,000: Space Wolf
[Image by Herocraft]Card တွေသုံးရတဲ့ Turn-based gameဖြစ်ပြီးတော့ အရင် mobile အတွက် ထွက်ထားတာရှိပါတယ်။ RPG ဆန်ပြီးတော့ solo campaign, survival နဲ့ PvP mode တွေလည်းပါလာပါတယ်။ Strategy ကတော့ အရင်ဂိမ်းတွေအတိုင်း ကိုယ်ပိုင်ပုံစံကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ WH40K ရဲ့ fan တွေအတွက်တော့ မရှိမဖြစ် ဂိမ်းဖြစ်ပါတယ်။
Normal Edition ကိုတော့ USD18 နဲ့ window အတွက်ရနိုင်ပါလိမ့်မယ်။
Like this:
Like Loading...
Related