PlayerUnknown’s Battlegrounds မှာ ကျွန်တော်ကတော့တစ်ကိုယ်တော် ဟက်ကာနဲ့မဆုံဖူးသေးပါဘူး။
အနည်းဆုံးတော့ ဟက်ကာတစ်ယောက်တစ်လေနဲ့တောင်ဆုံဖူးတာမဟုတ်။ ဆုံလည်း မဆုံချင်ပါဘူး၊ မဆုံတာတောင် ဒယ်အိုးတစ်လုံးနဲ့ပဲ စခန်းသွားနေရတာ။ ဒါပေမယ့် ကျွန်တော့်လို့တော့ လူတိုင်းဖြစ်မနေပါဘူး၊ အနီးကပ်စောင့်ကြည့်တဲ့အခါ PUBG မှလည်း သူ့ ဒုက္ခနဲ့ သူပါပဲ။
နေ့တိုင်း ဟက်ကာလို့ထင်ရသူ၆၀၀၀ကျော်လောက်ကို လိုက်ပိတ်နေရတဲ့ဂိမ်းရဲ့ဟက်ကာကာကွယ်ရေးစနစ်အတွက်စမ်းသပ်မှုတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။
အဲ့ဒီအရေအတွက်ကိုဂိမ်းရဲ့ဆာဗာကိုစောင့်ကြည့်နေတဲ့ BattlEye ကထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ နေ့စဉ် players ၆၀၀၀ ကနေ ၁၃၀၀၀လောက် အဲ့ဒီလိုဟက် (hack) ဝင်လုပ်နေကြတာဖြစ်တယ်လို့ တစ်နေ့ကပဲ BattlEye ရဲ့တွစ်တာစာမျက်နှာကနေထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
စနေ မနက်မှာတင် players ၂၀,၀၀၀ နီးပါးကို ပိတ်ခဲ့ရတာဖြစ်ပါတယ်။ဒီအရေအတွက်ဟာ၂၄နာရီအတွင်း အရေအတွက်ပါ။ သူတို့ထဲကအများစုဟာတရုတ်ကဖြစ်ပါတယ်။ဂိမ်းထဲကကြော်ငြာတွေကနေတရုတ် ဟက်ကာတွေဟာ Steam ထဲကိုထိုးဖောက်တာဖြစ်ပါတယ်။ Steam ဟာဂိမ်းကိုဟက်ကာတွေရန်ကနေ ကာကွယ်ပေးထားပါသေးတယ်။
We are currently banning at a rate of 6K-13K per day, nearly 20K within the last 24 hours alone. The vast majority is from China.
— BattlEye (@TheBattlEye) October 13, 2017
စုစုပေါင်းဆိုရင် လူပေါင်း ၃၂၂၀၀၀ကို ပိတ်လိုက်တာဖြစ်လို့ဒီအရေအတွက်ဟာပြီးခဲ့တဲ့လတုန်းကထက်နှစ်ဆရှိ တယ်လို့ PlayerUnknown လို့ခေါ်တဲ့ဂိမ်းဖန်တီးသူ Brendan Greene ပြောပါတယ်။ အရေအတွက်က မြန်မြန်တိုးလာတဲ့သဘောပေါ့။
“ကျွန်တော်တို့ဟာလောလောဆယ်တစ်နေ့ကို 6K-13K ကြားလိုက် ban နေရတာဖြစ်ပါတယ်။ပြီး
ခဲ့တဲ့၂၄နာရီအတွင်း 20k နီးပါးရှိပါတယ်။အများစုဟာတရုတ်နိုင်ငံကဖြစ်ပါတယ်” လို့ Brendan Greene က
ဆိုပါတယ်။
PUBG ဟာအားကောင်းပြီးရင်းအားကောင်းနေတာဖြစ်ပါတယ်။သုံးရက်အတွင်းတစ်ပြိုင်တည်းကစားသူအရေ အတွက်ဟာ ၂ သန်းရှိပြီးဒီကနေ့မှာပဲ ၂.၂သန်းလျော့လျော့နဲ့အမြင့်ဆုံးအရေအတွက်ကိုရောက်ရှိခဲ့တာဖြစ် တယ်လို့တရားဝင် Steam stats တွေအရသိရပါတယ်။ SteamSpy ရဲ့အဆိုအရ အဲ့ဒီဂိမ်းကိုလူပေါင်း၁၆ သန်းကျော်လောက်ဆော့နေတာဖြစ်တယ်လို့သိရှိရကြောင်းပါ…။
Source : PUBG, twitter