Steam မှာပြီးခဲ့တဲ့ တစ်ပတ်က အသစ်ထွက်ထားပြီးတော့ နည်းနည်း trendy ဖြစ်တဲ့ ဂိမ်းတစ်ချို့ကိုစုစည်းပေးလိုက်ပါတယ်။
Mashinky
လုပ်ငန်းတွေထဲမှာမှ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုကို ကိုယ်တိုင်ဦးစီးပြီး လှုပ်ရှားရုန်းကန်ရမယ်ဆိုရင် ဒီ ဂိမ်းက တစ်ချို့ Player တွေအတွက် ပျော်ဖို့ကောင်းပါလိမ့်မယ်။ Czech (ချက်) developer တစ်ဦးကထုတ်လုပ်တာဖြစ်ပြီးတော့ လောလောဆယ် early access ပဲရနိုင်ပါသေးတယ်။ Transport strategy ကို အခြေခံရှိပြီးသားသူတွေဆော့မယ်ဆိုရင်တော့ ၂ နာရီလောက်ပဲဆော့ရပါလိမ့်မယ်။ ဒါပေမယ့် sandbox ဖြစ်တဲ့အတွက် ဇာတ်လမ်း အခြေအနေတွေ အများကြီးဆွဲထုတ်လို့ရပါသေးတယ်။ အကြိမ်ကြိမ်ပြန်ဆော့လို့ရတာကိုပြောတာပါ။ Early access မှာဈေးကြီးတယ်လို့ပြောလို့ရပေမယ့် တကယ် version ထွက်လာတဲ့ အခါ သူထပ်ဖြည့်မယ့် idea ကဝယ်ရကျိုး၊ စောင့်ရကျိုးနပ်ပါစေ ဆုတောင်းရမှာပါပဲ။ လောလောဆယ်တော့ fun ဖြစ်တာငြင်းလို့မရပါဘူး။
Road Redemption
Biker gang (မော်တော်ဆိုင်ကယ် ဂိုဏ်း) တစ်ခုကို ဦးဆောင်ရမယ်၊ ဆိုင်ကယ် အမိုက်စားတွေရမယ်၊ ခရီးပြင်းနှင်ရမယ်၊ တိုက်ရ ခိုက်ရမယ်။ player ၄ယောက်အထိ split screen လည်းဆော့လို့ရမယ်။ Online Multiplayer လည်းပါသေးတယ်။ ဘာလိုသေးလဲ။ တိုက်မယ် ခိုက်မယ် ပြိုင်မယ် လက်နက်စုမယ် upgrade လုပ်မယ်ပေါ့။ PC တွေမှာ window ရော Mac မှာရော ရနိုင်တဲ့ အတွက် မိုက်တဲ့ ဂိမ်းတစ်ခုပါ။ လောလောဆယ် discount ရှိနေပါတယ်။
Battle Chaser :Nightwar
Battle Chasers: Nightwar က RPG game တစ်ခုဖြစ်ပြီးတော့ လွန်ခဲ့တဲ့ 90 တွေတုန်းက comic ကိုမှီငြမ်းထားတာလို့သိရပါတယ်။ dungeon ထဲသွားရမယ်။ turn-base ဖြစ်ပြီးတော့ graphic အနေနဲ့ JRPG မှာ ဇာတ်လမ်းကောင်းကောင်းတွဲပေးထားတဲ့ အတွက် RPG player တွေအတွက်တော့ အဆင်ပြေပါတယ်။pegi rated 16 တော့ဖြစ်နေတယ်။ ဒီတော့ ခုဖတ်တဲ့ထဲမှာ ချာတိတ်တွေပါရင်တော့ မဆော့နဲ့ဦးပေါ့လေ။
Total War : War Hammer II
အထွေအထူးမိတ်ဆက်ပေးစရာမလိုဘူး ထင်ပါတယ်။ Strategy gamer တိုင်း မဆော့ဘူးတဲ့ သူမရှိလောက်အောင် ပေါက်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Spartan royal guard 300 ထုတ်ပြီးဆော့ခဲ့ဖူးတဲ့ ဂိမ်းပေါ့လေ။ ဒါကတော့ II ဖြစ်သွားပါပြီ။ “Defend your world, destroy theirs” လို့ပြောထားကတည်းက ဘာလုပ်ရမလဲသိတယ်မလား။ ဆော်ကြတာပေါ့။ Eurogamers က perfected လို့ မှတ်ချက်ပေးထားတဲ့ အတွက် သေချာပေါက် ပြည့်စုံတဲ့ အနေအထားရောက်နေလောက်ပြီလို့ထင်ပါတယ်။ mod tool လည်း ရပြီတဲ့ဗျား။
Raw Data
လက်ရှိမှာ VR game ကိုဆော့တဲ့သူတွေလည်းရှိလာပြီဆိုတာ့ action FPS VR အသစ်တစ်ခုပါလာတာနဲ့ ထည့်ပေးလိုက်ပါတယ်။ VR game ရှားပါးတဲ့ ကာလမှာ အမိုက်စား တစ်ခုထွက်လာတာကောင်းတဲ့ကိစ္စပါ။ လောလောဆယ်လည်း discount ရှိနေတဲ့အတွက် ဆော့ပျော်မယ်ထင်ပါတယ်။
see you next week…