ယူကေအစိုးရက ဗီဒီယိုဂိမ်း loot boxes တွေနဲ့ ပက်သက်တဲ့စိုးရိမ်မှုတွေကိုတု့ံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်လောက်က Cambridge နယ်ကိုကိုယ်စားပြုတဲ့လေဘာလွှတ်တော်အမတ်က
reddit user တွေရဲ့ ကိုယ်စားမေးခွန်းနှစ်ခု ရေးသားတင်သွင်းခဲ့တာဖြစ်ပါတယ်။အစိုးရ၀န်ကြီး
များဌာနကိုလိပ်မူထားတဲ့မေးခွန်းတွေကိုအစိုးရ ၁၀ရက်အတွင်း ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်တယ်လို့ 
သိရပါတယ်။
ဒစ်ဂျစ်တယ်၊မီဒီယာနဲ့ အားကစားဝန်ကြီးဌာနကိုမေးမြန်းချင်တာကတော့ကွန်ပျူတာဂိမ်းတွေမှာပါဝင်တဲ့
loot boxes တွေ၊ in-game gambling နဲ့ တရားမဝင်လောင်းကစားခြင်းစတာတွေကနေ စိတ်မခိုင်တဲ့
အရွယ်ရောက်သူတွေနဲ့ ကလေးတွေကိုကူညီအကာအကွယ်ပေးနိုင်မယ့်အစီအစဉ်တွေကိုစီမံထားပြီးပါပြီလား
လို့ မေးချင်တာဖြစ်တယ်လို့ ဆိုပါတယ်။
” ဒစ်ဂျစ်တယ်၊မီဒီယာနဲ့ အားကစားဝန်ကြီးဌာနကိုမေးမြန်းချင်တာကတော Isle of Man မှာloot boxes တွေ၊
in-game gambling နဲ့ တရားမ၀င်လောင်းကစားခြင်းတို့ ကို အဆင့်မြင့်ကာကွယ်မှုတွေလုပ်ရာမှာအစိုးရက
ထိရောက်တာတွေကိုလုပ်ဆောင်ပြီးပြီလား၊ယူကေမှာအဲ့ဒီလိုကာကွယ်မှုတွေပြုလုပ်ဖို့ ဝန်ကြီးအဖွဲ့ ဝင်တွေ
ဆွေးနွေးမှုတွေလုပ်ပြီးပြီလားဆိုတဲ့မေးခွန်းပဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီမေးခွန်းနှစ်ခုကိုအစိုးရကိုယ်စားပြန်လည်ဖြေကြားပေးသူကတော့ ဒစ်ဂျစ်တယ်၊မီဒီယာနဲ့ အားကစားဝန်ကြီး
ဌာနရဲ့ ဒုတိယ၀န်ကြီးထရေစီခရောက် (Tracey Crouch, Parliamentary Under-Secretary for the Department for Digital, Culture, Media and Sport) ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီမေးခွန်းနှစ်ခုစလုံးကို အဖြေတစ်ခုတည်းနဲ့ တုံ့ ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လောင်းကစားကော်မရှင်ကလည်း၂၀၁၇မတ်လထဲမှာ ဗီဒီယိုဂိမ်း၊ကွန်ပျူတာဂိမ်းလောင်းကစားတွေ
နဲ့ ပက်သက်လို့ အကာအကွယ်ပေးထားတဲ့ကိစ္စတွေနဲ့ ပက်သက်တဲ့ရပ်တည်ချက်တစ်ရပ်ကို
ထုတ်ပြန်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ငွေအစစ်နဲ့ ဝယ်ထားတဲ့ item တွေကိုဂိမ်းပလက်ဖောင်းပြင်ပမှာရောင်းဝယ်နိုင်ကြကြောင်း၊ဒါပေမယ့်
အဲ့ဒီလိုitem တွေကိုရောင်းချမယ့်ဂိမ်းပစ္စည်းတွေကိုဗြိတိန်မှာလိုင်စင်ရယူဆောင်ရွက်ရတာဖြစ်ပြီး
လိုင်စင်မရှိဘဲဂိမ်းတွေထဲက item တွေကိုဖောက်သည်ထံရောင်းချခြင်းကိုအရေးယူသွားမှာဖြစ်ကြောင်း
လောင်းကစားကော်မရှင်ကရပ်တည်ချက်ထုတ်ပြန်ခဲ့တယ်လို့ သိရတယ်။
ဂရိတ်ဗြိတိန်အစိုးရကတော့ကလေးတွေနဲ့ ရင့်ကျက်မှုမရှိတဲ့လူကြီးတွေကိုလောင်းကစားကဝင်ရောက်အမြတ်
ထုတ်ပြီးဒုက္ခပေးတာမျိုးမဖြစ်အောင်အကာအကွယ်ပေးဖို့ ကိစ္စဟာအစိုးရရဲ့ ဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း
ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
in-game gambling ပက်သက်လို့ မေးမြန်းထားတာဖြစ်ပေမယ့်လည်းကြားလူအဖြစ်လုပ်ဆောင်ပေးနေတဲ့
လောင်းကစားဝက်ဆိုက် (Gambling website) တွေကိုနှိမ်နင်းရေးကိစ္စနဲ့ ပက်သက်လို့ အစိုးရဘက်ကတုံ့ ပြန်မှုဟာအဲ့ဒီဆိုက် တွေအကြာင်းမပါဘူးလို့ ဆိုပါတယ်။
ref: eurogamers