တစ်ခါတစ်လေကျတော့ လည်း ဒီ ဂိမ်းလောကကြီး က copy right ဆိုတဲ့ ကိစ္စတွေရယ် စိတ်ကူး concept ဆိုတဲ့ ကိစ္စတွေက မထူးဆန်းလွန်းဘူးလား၊ မျက်စိလည်းနောက်ရသလို အံသြရတာလည်း အကြိမ်ကြိမ်ရယ်ပါ။ ပြီးတဲ့ လအတွင်းမှာပဲ Fortnite ဆိုတဲ့ build-surviver ဂိမ်းကနေ PUBG (PlayerUnknown’s BattleGround) ကို inspire လုပ်ပြီး battle royale mode ထည့်ပေးမယ်ပြောခဲ့ပါတယ်။ PUBG တစ်ခါတည်း ဒေါသပုန်ထပြီး တရားစွဲမယ်ဘာမယ် နဲ့ သူ့ fan တွေကမကျေနပ်လို့ပါဆိုတာမျိုးတွေနဲ့ PR release တွေဘာတွေလုပ်ခဲ့တာပါ။
ဒါပေမယ့် အခုမနေ့ကပဲ Fortnite ရဲ့ developer ဖြစ်တဲ့ Epic ရဲ့ twitter မှာရေးထားတာတစ်ခုတွေ့လိုက်ပါတယ်။ Player ၇သန်းကျော်သွားပါပြီတဲ့ဗျာ။ သူရဲ့ original fortnite နဲ့ Battle Royale mode နှစ်ခုပေါင်းကိုပါ။ Battle Royale mode ကတော့ original နဲ့ ဘာမှမဆိုင်ပဲ သီးခြား download လုပ်လို့ရပြီးတော့ free to play ဖြစ်ပါတယ်။
Thanks to over 7 million of you who have played Fortnite! We want to keep the Battle Bus flying, so Duos and Supply Drops are available NOW. pic.twitter.com/sRx767u4aG
— Fortnite (@FortniteGame) October 4, 2017
Battle Royale mode မှာ Battle Royale: Duos နဲ့ Supply Drops ဆိုပြီးတော့ ပုံစံ ၂မျိုးဆော့လို့ရပါတယ်။ Duos ကတော့ partner ၂ ယောက်တွဲကစားလို့ရပြီးတော့ supply drops ကတော့ လေထီးနဲ့ ကြုံရာနေရာတစ်ခုကို ပစ်ချခံရမှာပါ။ ဒီတစ်ခုကတာ့ အထာမသိသေးရင် နည်းနည်း ရှာရခက်တတ်ပါတယ်။ Player ၇သန်းဖြစ်နေပြီဆိုတော့ ကျွန်တော်ထင်တာတော့ Battle Royale ကိုဆော့တဲ့ သူပိုများမယ်ထင်ပါတယ်။ Epic က battle royale ကို စတဲ့ နေ့မှာပဲ Player ၁သန်းရှိခဲ့ပြီးတော့ USD40 တန် သူ့ရဲ့ core game ကို ဝယ်ထားတဲ့သူက July မှာ ၅သိန်းလာက်ရှိနေပြီးသားပါ။
Fortnite ကိုလောလောဆယ် founder pack အဖြစ် USD 40 နဲ့ဆော့လို့ရပြီးတော့ platform အစုံအတွက်ရနေပါတယ်။ ၂၀၁၈ မှာ free to play ဖြစ်လာမယ်ပြောထားပါတယ်။
PUBG နဲ့ တူတာများတယ်လို့ပြောလို့ရတဲ့ အတွက် PUBG ရဲ့ပိုင်ရှင် bluehole ကတော့ PR တစ်ခုလုပ်ပြီးနောက်ပိုင်း ခုထိတော့ ဘာသံမှ ထပ်မကြားရသေးပါဘူး။ မကြားရတာပဲကောင်းမယ်ထင်ပါတယ်။