လူငယ်ပိုင်းအရွယ် အမျိုးသားတွေဟာ “Grand Theft Auto” ကစားတာကိုတောက်လျောက်အလုပ်လုပ်တာထက်ပိုမို အချိန်ပေးကစားကြတယ်လို့လေ့လာချက်အသစ်တစ်ခုကဆိုပါတယ်။ ကောလိပ်ကျောင်းမတက်တဲ့ပညာတတ် အမျိုးသားတွေဟာအချိန်ပြည့်အလုပ်အကိုင်တွေ ကိုငြင်းဆန်ကြပြီး ဗီဒီယိုဂိမ်းကိုတော့တစ်ပတ်မှာနာရီ၄၀လောက်အထိအချိန်ပေးနေကြတယ်လို့ Princeton, Rochester တက္ကသိုလ်၊Chiacago တက္ကသိုလ်တို့ကဘောဂဗေဒပညာရှင်တွေရဲ့လေ့လာချက်တစ်ခုမှာဖော်ပြထားပါတယ်။
တချို့ကအခုဖြစ်စဉ်ကိုစီးပွားရေးအနေအထားကြောင့်လို့အပြစ်တင်ပြောဆိုနေကြချိန်မှာလူငယ်အမျိုးသား တွေကတော့ချက်ချင်းချီးကျူးခံချင်တာကြောင့်ဂိမ်းကစားနေကြတာဖြစ်တယ်လို့အဲ့ဒီလေ့လာချက်မှာ ဖော်ပြထားပါတယ်။ “ကျွန်တော်ဂိမ်းကစားတဲ့အခါနာရီပိုင်းအတွင်းဆုတွေရပါလိမ့်မယ်။အလုပ်တစ်ဖက်နဲ့ဆိုတော့အလုပ်ချိန်ရယ်၊ ဆုရဖို့ကစားတာရယ်ဟာအမြဲကျင့်သားရနေပါပြီ” လို့ Silver Spring မှာမိဘတွေနဲ့အတူနေထိုင်တဲ့ အသက်၂၂နှစ်ရှိ Danny Izquierdo ကပြောပါတယ်။
ကောင်းကျိုးဆိုးကျိုးကတော့ ဘာမှမပြောလိုဘူးပေါ့။ တစ်ချို့စစ်တမ်းတွေအရတော့ လုပ်သားအင်အားစုကို ထိခိုက်တာတော့ အမှန်ဖြစ်တယ်လို့ပြောပါတယ်။
Ref: dailywire