ဒီခေါင်းစဉ်မှာတော့ ဖတ်တဲ့သူတွေရော ကျွန်တော်ရေးတဲ့ သူကိုယ်တိုင်ရော နည်းနည်း broad-minded ဖြစ်ရအောင်။ အမြင်မတူတာတွေတော့ ရှိနေဦးမယ်ထင်ပါတယ်။။ eSports လို့ခေါ်နေကြတဲ့ ပွဲတွေကို တကယ် Sports အဖြစ်လက်ခံနိုင်ကြလားဆိုတာပေါ့။
အပြင်မှာ သာမန်ရိုးကျ အားကစား တွေအများကြီးရှိပါတယ်၊conventional လို့ပြောကြမှာပေါ့။ တစ်ချို့ကတော့ “ကျွမ်းကျင်မှု၊ သေချာမှု၊ အသေးစိတ်ကြိုတင်တွက်ဆနိုင်မှု” စတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့အတွက် esport ကိုအားကစားတစ်ခုအဖြစ်သတ်မှတ်နိုင်တယ်လို့ပြောကြသလို၊ တစ်ချိုကလည်း ဒါတွေက ယှဉ်ပြိုင်မှုတစ်ခုအဖြစ်နဲ့သာမြင်ပြီးတော့ အားကစားတစ်ခုအဖြစ် မမြင်နိုင်ကြောင်း ပြောကြပါတယ်။ နှစ်ဘက်စလုံးမှာလည်း ထောက်ပြစရာ အချက်အလက်တွေ ရှိနေပါတယ်။
2013 မှာဆိုရင် မြောက်အမေရိက LOL Player တစ်ဦးဖြစ်တဲ့ Danny “Shiphtur” le က အမေရိကန်ကို P-1A visa နဲ့ပြည်ဝင်ခွင့်ရခဲ့တဲ့ ပထမဆုံး pro-gamer တစ်ဦးဖြစ်လာပါတယ်။ (P-1A visa ဆိုတာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ အားကစားသမားတွေကိုပေးတဲ့ visa အမျိုးအစားပါ၊)
2016 ခုနှစ် မှာဆိုရင်လည်း ပြင်သစ်အစိုးရက eSport အတွက် ဥပဒေနဲ့ စည်းမျဉ်းတွေစတင် ရေးဆွဲကြောင်းပြောတာ ကြားမိပါလိမ့်မယ်။ ကိုရီးယာအနေနဲ့ ဌာန တစ်ခုရှိတယ်ဆိုတာ လူအများသိပြီးသားပါ။
2007 ခုနှစ် Asian indoor game မှာ eSport ကို အားကစားတစ်ခုအနေနဲ့ ထည့်သွင်းလာပါတယ် (ဆုလည်းပေးပါတယ်)။ အခုနှစ်တွေအထိပါ။ FIFA, NBA နဲ့ Need for Speed တို့ပြိုင်သွားတာပါ။ 2022 ခုနှစ်ကျင်းပမယ့် Asian games မှာလည်း eSport ကိုထည့်သွင်းဖို့ 2018 မှာကတည်းက Show casing တစ်ခုအနေနဲ့ ထည့်သွင်းဖို့စီစဉ်နေတယ်ပြောပါတယ်။ ပြီးတော့ 2024 ပြင်သစ်မှာကျင်းပမယ့် Summer Olympics ပွဲမှာလည်းထည့်သွင်းဖို့ International Olympic Committee (IOC) နဲ့ Summer Olympic Committee တို့ညှိနေတယ်လည်းပြောပါတယ်။ ဒါပေမယ့် ပထမ အခက်အခဲက non-violent gameplay ဖြစ်ရမယ်ဆိုတာရယ် (ရှိသမျှ eSport တန်းဝင်ဂိမ်းတွေက non-violent ဆိုတော့လည်း…)၊ ဒုတိယ အခက်အခဲက တစ်ကမ္ဘာလုံးကို ကိုယ်စားပြုနိုင်မယ့် eSport အဖွဲ့အစည်းမရှိသေးတာရယ်ပါ။
Pro-gamer တွေရဲ့ အကြောင်းကို တော့ အလျင်းသင့် သလို ဆက်ရေးသွားပါမယ်။ သူတို့ ရဲ့ အလေ့အကျင့်၊ အနေအထိုင် အပြင် တားမြစ်ဆေးကိစ္စတွေရောပေါ့။ ဒါပေမယ့် e-sport ကို extreme အနေနဲ့ မြင်တဲ့ သူနဲ့ non-conventional မြင်တဲ့သူနဲ့ ဒါမှမဟုတ် sports တစ်ခုအဖြစ် လုံးဝ လက်မခံတဲ့ သူတွေ ဆိုတာကတော့….