AoE ဆိုတဲ့ Age of Empire ကို ဘယ်တုန်းကဆော့ဖြစ်ခဲ့လဲဆိုတာ ဒီ အချိန်မှာ မမှတ်မိနိုင်တော့ ပါဘူး။ လွန်တဲ့ တဲ့ ၁၅နှစ် အနှစ် ၂၀လား။ ဟုတ်ပါတယ်၊ ဒီနှစ်မှာ AoE ဆိုတာ ဒီ တနင်္ဂနွေကပဲ အနှစ် ၂၀ ပြည့်ခဲ့ပါပြီ။ Real time strategy game တွေထဲမှာ ထိပ်ဆုံးကပါဝင်ခဲ့တဲ့ ဂိမ်းတစ်ခုပါ။ အခုလောလောဆယ် ငိုရမလိုရီရမလိုဖြစ် နေတဲ့ ကိစ္စတစ်ခုကတော့ သူ့ရဲ့ Age of Empire : Definitive Edition ကို နောက်နှစ် အစောပိုင်းမှပဲ ထုတ်လုပ်နိုင်တော့မယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ ကျွန်တော်တို့ ထဲကတစ်ယောက်ယောက်က ဒီ Edition ဒီနှစ်ထဲ ထွက်လာမယ်လို့ပြောခဲ့မိပါသေးတယ်။
အခုတော့ နောက်နှစ်ထဲရောက်သွားပြီပေါ့။
AoE Def Ed team ကတော့ သောကြာနေ့က ကြေငြာချက်တစ်ခုထုတ်ခဲ့ပါတယ်။
“အရင်က ဂိမ်းအဟောင်း တစ်ခုကို ပြန်လည် ထုတ်လုပ်တဲ့ အခါ သတိထားရတဲ့ အချက်တွေ အများကြီးရှိပါတယ်။ Classic တစ်ခုလည်းဖြစ်တဲ့ အတွက် ဒီဂိမ်းနဲ့ ထိုက်တန်တဲ့ သူမူလပုံစံကို ထိန်းသိမ်းထားဖို့ လိုတဲ့ အပြင် တစ်ချိန်တည်းမှာပဲ တိုးတက်လာတဲ့ နည်းပညာတွေ နဲ့ အတူလက်ရှိ ကာလနဲ့ လည်း ဝေးသွားလို့မရပါဘူး၊
ဒါကြောင့် ကျွန်တော်တို့ ဒီလ ၁၉ ရက်မှာထုတ်လုပ်မဲ့အစား community မှာရှိနေတဲ့ player တွေကို Closed beta ကိုဖိတ်ခေါ်ပြီး သေချာ စမ်းသပ်ချင်ပါသေးတယ်။ multiplayer, sinlge player, ဇာတ်လမ်းသွား အကုန်လုံးကိုပေါ့။”
လက်ရှိမှာ History channel တစ်ခုကိုကြည့်နေတဲ့ သူတွေလည်း အသစ်တောင်းနေတဲ့ အချိန်ဆိုတော့ AoE လို gamer တွေအတွက် classic တစ်ခု ပြန်လည်ထွက်ရှိတဲ့ အခါ ကောင်းသွားမလားဆိုးသွားမလားကတော့…
လက်ရှိ closed beta ဆော့မယ်ဆိုရင် AoE Official Site