FIFA game လို့ပြောလိုက်တာနဲ့ လူကြီး၊ လူငယ်နဲ့ ကလေးပါ ကစားတဲ့ ဘောလုံး ဂိမ်း အမျိုးအစားမှန်း သိကြပါတယ်။ EA sports က ထုတ်ခဲ့ပြီးတဲ့ Fifa 16, Fifa17 တွေကစပြီး မှာတစ်ချို့ထူးခြားမှုတွေ သတိထားမိမှာပါ။ Player ပိုင်းမှာဆိုရင် တကယ့်အပြင်က နာမည်ကြီး ကစားသမားတွေရဲ့ မျက်နှာ ပုံပန်းသဏ္ဍာန်၊ ကစားပုံ၊ ကစားဟန်တွေ၊ ဂိုးသွင်းပြီး အောင်ပွဲခံ တဲ့ ပုံရိပ် တွေ က အစ ထပ်တူနီးပါးကျအောင် အသေးစိပ်ပြု လုပ်လာတာတွေ့ရမှာပါ။ Graphic ပိုင်းမှာ ဆိုရင်လည်း ဘောလုံးကွင်းပုံစံ၊ ရာသီဥတု အခြေအနေ၊ ညနေပိုင်းကန်တဲ့ lighting နဲ့ player တွေရဲ့အရိပ်တွေက အစ ကိုယ် ကိုယ်တိုင် ဘောလုံးကွင်းထဲဝင်ကန်နေသလိုမျိုး ခံစားမှု ကို ပေးစွမ်းနိုင်ပါတယ်။
FIFA 18 ရဲ့ ထူးခြားတဲ့ ပထမ အချက် က အရင် FIFA 17 မှာ အမြည်းသဘောမျိုး ပါခဲ့တဲ့ Alex Hunter ဆိုတဲ့ ဇာတ်ကောင် ကို ဒီ series မှာတော့ story line အနေ နဲ့ ပြည့်ပြည့်စုံစုံ ပါဝင်လာပါပြီ။ ကိုယ် ကိုင်တွယ် တဲ့ အပေါ် မှာ မူတည်ပြီး Alex Hunter ဇာတ် ကောင် က ခြေစွမ်း တက်လာပြီး နာမည်ကြီး club အသင်းတွေ မှာ ကစားခွင့် ရတဲ့ အထိ စွမ်းဆောင်နိုင်မှာပါ။ Story line ကလည်း တစ်သမှတ် တည်း မဟုတ်ဘဲ ကိုယ် ရွေးချယ်တဲ့ ဆုံးဖြတ်ချက် ပေါ် မူတည်ပြီး ဇာတ်လမ်း အသွားအလာ ကလည်း တူမှာ မဟုတ်ပါဘူး။
နောက်ထပ် ဒုတိယ ထူးခြားချက်က အရင် series တွေထဲမှာ မပါသေးတဲ့ feature အသစ် လို့ ပြောရမှာပါ။
နာမည်ကြီး ကစားသမားတွေ ရဲ့ တကယ့် လက်တွေ့ အပြင်မှာ ပြုလုပ်ခဲ့တဲ့ ဘောလုံး ခေါက်ပုံလိမ်ပုံ၊ အလှအပ ကစားကွက်တွေ ကစားပြီး ဂိုးသွင်းပုံတွေ က အစ ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဥပမာ၊ Cristiano Ronaldo ရဲ့ လှလှပပလိမ်ခေါက်ပြီး ဂိုးသွင်းတဲ့ ပုံစံမျိုးတွေပါ။ ပြီးတော့ ကစားနေတုန်း မှာ player လူစားလဲတဲ့အချိန် ပိုမြန်လာတာပါ။ Replay ပြန်ပြတဲ့ အချိန်တိုလေး အတွင်း မှာတောင် player လူစားလဲလို့ ရနိုင်ပြီဆို တော့ ကစားရတာ အရှိန် မပျက်တော့ဘူးပေါ့။
Player တွေ ကစားပုံ ကစားနည်း တွေနဲ့ ပတ်သက်ပြီး တော့လည်း ပိုကောင်းအောင် ထပ်ပံ့ပိုးထားတာတွေရှိ ပါတယ်။ Attacking ပုံစံ နဲ့ ဆော့မယ် ဆိုရင် ဘောလုံး ကို ထိန်းချုပ်ရတာ ပိုမို လွယ်ကူလာပြီး ကျဉ်းကျဉ်း ကြပ်ကြပ် speed နဲ့ ကစား ရရင်တောင်မှ ဘောလုံး ကို ကိုယ်ခြေထောက် ထဲမှာ ထိန်းချုပ်ထားနိုင်မှာပါ။ ဥပမာ၊ C.Ronaldo, Messi နဲ့ Griezmann တို့လို ကိုင် ဆော့မယ်ဆိုရင် တော့ Attacking လုပ်ရတာ ပို ကောင်းနေသလို သူတို့ ကို defend လုပ် ရတဲ့ အခြေအနေ မှာဆိုရင်လည်း တော်တော်လေး စိတ်ရှုပ်ရမှာပါ။
Solo player တွေ အတွက် ဆိုရင်လည်း ဆော့လို့ ကောင်းတဲ့ feature တစ်ခု က Ultimate Team ပါ။ အရင် ထွက် ခဲ့တဲ့ series တွေမှာ ပါခဲ့တယ် ဆိုပေမယ့် FIFA 18 မှာ တော့ အပြောင်းအလဲ တစ်ချို့ ကို ပြုလုပ်ထားပါတယ်။ off-line career mode နဲ့ ဆော့မယ်ဆိုရင်လဲ player အရွှေ့အပြောင်း လုပ်တာ၊ စာချုပ် ညှိနှိုင်းတာတွေ က အစ တကယ့် လက်တွေ့ အပြင်က အတိုင်းကိုယ် စိတ်ကြိုက် ပုံဖော်နိုင် မှာပါ။ Online ဆော့မယ် ဆိုရင်တော့ ရာသီ အလိုက် ဆော့ရတဲ့ Online seasons ကို ကစားတဲ့သူများပြီး ကိုယ် level အလိုက် ဝင် ကစားလို့ ရလို့ စွဲစွဲမြဲမြဲ ကစားတဲ့သူများပါတယ်။
အချုပ်ဆိုရရင် FIFA 18 ဟာ ဘောလုံးဝါသနာအိုး player တွေ အတွက် လက်လွှတ်မခံသင့်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး၊ အခုအချိန်ထိ ထုတ်ခဲ့တဲ့ ဘောလုံးဂိမ်းတွေထဲမှာ အကောင်းဆုံးဂိမ်းတစ်ခုထဲမှာပါဝင်ပါတယ်။
ref: EA FIFA 18, IGN