မနေ့ကပဲ Justic League ရဲ့ final trailer တစ်ခုထွက်ရှိလာပါတယ်။ ဒီကားကိုရိုက်နေတဲ့ တစ်လျောက်လုံးမှာရော၊ post production လုပ်နေတဲ့ အချိန်မှာရော၊ ထွက်လာသမျှ trailer တွေ teaser တွေတိုင်းမှာရော မေးနေမိတာ တစ်ခုရှိပါတယ်၊ Superman ဘယ်မှာလဲလို့ပါ။
[Spoiler alert]
တကယ်တော့ ဒီလိုမေးနေတာ ကျွန်မတစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။ Louis နေရာကနေ ဘယ်လိုမှ မခံစားနိုင်ပဲ မေးမိတဲ့ မေးခွန်းရယ်ပါ။ ခုနောက်ဆုံး trailer မှာတော့ ဆုတောင်း တစ်ဝက်ပြည့်တယ်ပြောရမယ်။ Superman ကို Louis ရဲ့ အိပ်မက်ထဲမှာ တွေ့ခဲ့ရပါပြီ။
Clark (Superman) ရဲ့ငယ်ဘဝ နေရာ Smallville မှာ Louis ကို စကားလေးလှည့်ပြောလိုက်တာ တွေ့ရပြီးတော့ ဒါတကယ်တော့ အစစ်မဟုတ်နေပဲ Louis ရဲ့ အိပ်မက်တစ်ခုသာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ချစ်ဖို့ ကောင်းတယ်။ ဒီ အခန်းလေးက ဘာကိုမှလည်း အတည်ပြုပေးလိုက်တာ မရှိသလို ဘာကိုမှလည်း မငြင်းလိုက်ဘူးပေါ့လေ။ တစ်ခုတော့ ရှိတာက ဒီလိုလေးပွဲထွက်ပြပေးလိုက်တဲ့ အတွက် အနည်းငယ်တော့ စိတ်သက်သာရာရသွားသလိုပါပဲ။ ပြီးတော့ Alfred ကြီး တစ်ယောက်ယောက်ကို စကားပြောနေတာကလည်း Clark ပဲဖြစ်မယ်လို့ ထင်လိုက်တာပဲလေ။
Post production မှာ reshoot တွေရှိတယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမယ့် Superman ရဲ့ပါဝင်မှုကို တကယ် အမှောင်ချထားခဲ့ပြီးတော့ ဘာမှ မသိခဲ့ရပါဘူး။ Wonder woman အဖြစ်သရုပ်ဆောင်တဲ့ Gal Gadot က ဒီနှစ်ကျင်းပတဲ့ San Diego Comic-con မှာ ဖြေခဲ့တာတစ်ခုကတော့ Justic League ကပေးနိုင်တဲ့ Superman ကို သူရဲ့ fan တွေသဘောကျမှာပါလို့ ပြောခဲ့တဲ့ အတွက် ပိုပြီးသိချင်လာကြတယ်ဆိုလည်းမမှားပါဘူး။
Superman မင်းသား Henry Cavill ကိုယ်တိုင်ကလည်း သူပါဝင်ရတဲ့ အပိုင်းကို တကယ်သိုသို သိပ်သိပ်နဲ့ လျှို့ဝှက်ထားပါတယ်။ ဒုတိယ trailer ထွက်လာတဲ့ အချိန်မှာလည်း Instagram မှာ Hero ဆိုပြီးတင်လိုက်တုန်းက ရင်ခုန်ခဲ့ရပါသေးတယ်။ ဒါပေမယ့် အဲ့ အချိန်က superman ကို မမြင်ခဲ့ရပါဘူး။ အခု trailer မှာ Superman ကိုထုတ်ပြပြီးပြီဆိုတော့ လာမယ့် 17 ရက်နေ့မှာရုံတင်တော့မယ့် Justic League မှာ သေချာပေါက်ပါဝင်လာပြီးတော့ သူ့ fan တွေကို ဘယ်လို အံ့သြစေမလဲဆိုတာကတော့…..