ဒီတစ်ပတ်ကစပြီးတော့ ခေါင်းစဉ်ထပ်ပြောင်းရမလိုဖြစ်နေတယ်ဗျာ။ PC ကနေ port လုပ်လာတဲ့ ဂိမ်းတွေပါလာတော့ တစ်ချို့ဂိမ်းတွေက PC မှာလွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းကရှိပြီးသားတွေ ဖြစ်နေတယ်။ဟေးဟေး…
Subsurface Circula
Window နဲ့ Mac မှာ လွန်ခဲ့တဲ့ August လလောက်တုန်းကထွက်ရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီးတော့ အခု mobile အတွက်ထွက်ရှိလာတာဖြစ်ပါတယ်။ စက်ရုပ်စုံထောက်တစ်ဦးနေရာက ပါဝင်ကစားရပြီး စာနဲ့ပဲ လျှို့ဝှက်ချက်တွေဖော်ရမှာဖြစ်တဲ့ အတွက် ဘာသာစကား အခက်အခဲရှိမယ်ဆိုရင်တော့ ဆော့လို့ အဆင်မပြေနိုင်ပါဘူး။ တစ်ထိုင်တည်းကစားလို့ရတဲ့ ဂိမ်းဖြစ်တဲ့အတွက် အားမလိုအားမရ ခံစားရမှာတော့ အမှန်ပါပဲ။ ပေးရတဲ့ ငွေနဲ့ တန်လားဆိုတော့ ခင်ဗျား ကိုယ်ခင်ဗျား ဘယ်လောက်စီးမျောပါဝင်ခွင့် ပေးလိုက်လဲဆိုတာနဲ့တိုင်းကြည့်ပေါ့။ အေးအေးဆေးဆေး ဆော့မယ်ဆိုရင်တော့ ၃ နာရီကျော်ကျော် လောက်ပဲကြာပါလိမ့်မယ်။ လက်ရှိမှာ 20% discount ရနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Steam မှာပြောတာပါ။ Android အတွက်တော့ တရားဝင် ရှာမတွေ့ဘူး၊ တွေ့တဲ့သူရှိရင်လည်းလက်တို့ပါဦး။
Wartide : Heroes of Atlanis
Tactical Strategy RPG ဖြစ်ပြီးတော့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ သေချာပြင်ဆင်ပြီး ဆော့ဖြစ်ရင်တော့ အချိန်အတော်ကြာဆက်ပြီး ကစားဖြစ်နေပါလိမ့်မယ်။ RPG နွယ်ပြီး spell တွေမှာလည်း cutscene ပုံစံလေးတွေပြထားတာ မိုက်ပါတယ်။
Lunar Battle
Simulator မှာ မြို့ဆောက်တာနဲ့ pvp တစ်ပြိုင်တည်းဆော့ချင်ရင်တော့ ဒီတစ်ခုကိုဆော့ဖြစ်ဖူးပါလိမ့်မယ်။ update ကမကြာခင်ကပဲဆိုပါတော့၊ 23 ရက်နေ့လောက်ကပါ။ အသစ်တစ်ချို့ထပ်ပေါင်းထားပေးပါတယ်။ f2p (free to play) ဖြစ်ပါတယ်။
Death Road To Canada
Update တစ်ခုပါပဲ၊ မနေ့ကမှ store မှာပြန်တက်လာတာတွေ့တာနဲ့ တင်ပေးလိုက်တာပါ။ အကြိမ်ကြိမ်ပြန်ဆော့နေလို့ရပြီး ပေါက်ကရတွေနဲ့ ပြည့်နေတဲ့ ဂိမ်းကောင်းတစ်ခုလို့မြင်ပါတယ်။ တစ်ချို့ဟာသလေးတွေကို သဘောပေါက်မယ်ဆိုရင်တော့ ပို အဆင်ပြေပါလိမ့်မယ်။ multiplayer မဟုတ်ပါဘူး။ ဂိမ်းက ဘက်မညီတာလည်း ပျော်စရာတစ်ခုပါ။ တစ်ခါတစ်လေ normal mode မှာခက်ပြီး သေတာမှသောက်သောက်လဲ။ တစ်ခါ ပြန်ဆော့ရင် loot တွေအများကြီးရပြန်ရော။ အခု အသစ်မှာတော့ တိုးထားတဲ့ မြေပုံ၊ လက်နက်နဲ့ တစ်ခြားပစ္စည်းတွေတိုးလာတာတွေ့ပါတယ်။ USD11 တော့ရှိနေပါတယ်။ PC version လည်းရှိတယ်။ အပေါ်မှာပြောခဲ့ဖို့မေ့သွားတယ် ဂိမ်းထဲမှာ ရှုံးတိုင်းငိုတတ်တဲ့သူဆိုရင်တော့ ၁၀ဒေါ်လာပေးပြီး စိတ်ဆင်းရဲမခံပဲကျော်သွားပါလို့။ မဟုတ်ရင်တော့ လွန်ခဲ့တဲ့ ၇လလောက်ကထွက်ထားတဲ့ဂိမ်းက ခုထိ ပျော်ဖို့ကောင်းတုန်းပဲ။
A Near Dawn
ဒီဂိမ်းက နောက်နှစ် september မှထွက်မယ်လို့ပြောထားတာပါ။ လက်ရှိမှာ campaign တစ်ခုချထားပေးပါတယ်၊ prologue အနေနဲ့ပေါ့။ psycho thriller စိတ္တဇဇာတ်လမ်း ဖြစ်တဲ့အတွက် စကားနားလည်တာပိုအဆင်ပြေပါလိမ့်မယ်။ f2p ကို PC မှာလည်းပေးထားပါတယ်။
Sheltered
nuclear စစ်တစ်ခုအပြီးမှာ ပြန်လည်စုစည်းရေးလုပ်ရမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။ ထုံးစံအတိုင်း ရသမျှ ပစ္စည်းတွေစုပြီး ခိုလှုံရာတစ်နေရာစာပေါ့။ စနစ်ကျတယ်ဆိုတာမရှိတော့ပဲ ကိုယ့်ရဲ့ အသိုင်းအဝိုင်းသေးသေးလေးကို ဦးဆောင်ပြီးရှေ့ဆက်ရမှာပေါ့။
ICEY
တကယ်တော့ meta game ပဲလို့ပြောလို့ရပါလိမ့်မယ်။ 2D ဖြစ်ပြီးတော့ ဘေးတိုက်သွားနေမှာပါ။ (side scrolling)။ ICEY ကို steam မှာလည်းရနိုင်ပြီးတော့ မနှစ်က ဒီအချိန်မှာထွက်ရှိထားတာဖြစ်ပါတယ်။ PC ပေါ်ကရွှေ့လာတာဖြစ်တဲ့အတွက် တစ်ချို့အပြစ်ချက်လေးတွေကတော့ ရှိနေပါသေးတယ်။ အပြောများတာကတော့ combo ထွက်ဖို့ key binding ကို စိတ်ကြိုက်ဖန်တီးလို့မရတာပါပဲ။ ကောင်းတာကတော့ anime အားပေး အရုပ်တွေဖြစ်ပြီးတော့ ကျောဘက်မှာမြင်ရတဲ့ နောက်ခံ နေရာတွေကို သေချာဆွဲပေးထာတဲ့အတွက် 2D နဲ့တောင်သိပ်မတူပါဘူး၊ ရုပ်ထွက် သာပါတယ်။ USD3 လောက်တော့ရှိနေပါလိမ့်မယ်။
Battlevoid : Sector Siege
ကမ္ဘာရဲ့ပြင်ပက ကိစ္စတွေအကြောင်းပေါ့။ cross platform ဖြစ်ပြီးတော့ PC, iOS, Android တွေမှာကစားနိုင်ပါလိမ့်မယ်။
ကိုယ်တိုင်တော့ ဒီတစ်ပတ် သိပ် feel လို့မရဘူး။ ဒါမှမဟုတ် လေးနေတာလည်းဖြစ်နိုင်တယ်။ နောက်တစ်ပတ်ဘာတွေ feel လို့ရမလဲကြည့်တာပေါ့။ အကုန်လုံးကို သေချာမဆော့ဖြစ်သေးတာလည်း ပါမယ်ထင်တယ်။ see you ဗျာ။