Player တွေအတွက် အရှိန်အဟုန်နဲ့ ရောက်လာတဲ့ PUBG ကလက်ရှိမှာတော့ concurrent player ၂ သန်းကျော်တဲ့ အထိ အောင်မြင်နေပါပြီ။
Steam ရဲ့ မှတ်တမ်းတွေအရဆိုရင် PUBG အတွက် တကယ့်ကို ဒိတ်ဒိတ်ကြဲဂိမ်းတွေဖြစ်တဲ့ Dota 2, Counter-strike :Global offensive နဲ့ Team Fortress 2 တို့ကို အချိန်တိုအတွင်း ကျော်တက်လာခဲ့တာပါ။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က Dota 2 ကစပြီးတော့ steam ပေါ်မှာ ပထမဆုံး concurrent player ၁ သန်းကျော်ခဲ့ပါတယ်။ ဒါနှစ်အစောပိုင်းမှာတော့ PUBG ကအဲ့ဒီ မှတ်တမ်းကို ကျော်ထက်ခဲ့ပြီးပါပြီ။ အရင်တစ်ပတ်က တော့ ဒီလောက်များတဲ့ Player တွေအတွက် server error ရှိခဲ့တဲ့ အတွက် တောင်းပန်တာတော့ သူ့ရဲ့ website မှာတွေ့ရပါတယ်။
လက်ရှိမှာ PUBG အနေနဲ့ console ကိုလည်း microsoft အကူအညီနဲ့ လာဖို့ရှိနေပါတယ်။ PUBG နဲ့အတော်လေးဆင်တူတဲ့ game တစ်ခုကတော့ Fortnite ကထုတ်ထားတဲ့ Battle royale mode ပဲဖြစ်ပါတယ်။ လက်ရှိမှာသူလည်း player များတဲ့ထဲမှာပါပြီးတော့ f2p တစ်ခုဖြစ်ပါတယ်။ PUBG အနေနဲ့ လက်ရှိမှာ negative review တွေ များလာပေမယ့် ကိန်းဂဏန်းတွေအရတော့ အောင်မြင်ပါတယ်။
PUBG က လက်ရှိ paid game အဖြစ် Steam မှရနိုင်ပါပြီ။