Dota 2 နဲ့ပတ်သက်တဲ့ God တွေအကြောင်းက ဒီ အပိုင်းမှာပဲ ပြီးဆုံးပါတယ်။
21) Selemene
Selemene ဟာ Goddess of the Moon ပဲဖြစ်ပါတယ်။ သူမကို Mirana နဲ့ Luna တို့က ကိုးကွယ်ပါတယ်။ The Ancient Nightsilver Woods ဟာ သူမအတွက် ရည်ရွယ်ပြီး တည်ရှိနေတာဖြစ်ပြီးတော့ အဲ့တောအုပ်ထဲမှာ ငွေရောင် ရေအိုင်တွေနဲ့ အရောင်ထွက်နေတဲ့ ကြာပန်းတွေ ရှိပါတယ်။
22) Skadi
Skadi ဟာနတ်ဘုရားမဖြစ်ပြီးတော့ သူမရဲ့ မျက်လုံး (essence) ကို Artifacts တွေ လက်နက်တွေကို ပြုလုပ်ရာမှာ အသုံးပြုပါတယ်။ Eye of Skadi အပြင် နောက် Skadi Weapon တစ်ခုဖြစ်တဲ့ Skadi Blade ကို Dark Reef အကျဉ်းထောင် မှာတွေ့ရပါတယ်

23) Solar Goddess
Solar Goddes ဟာ Scintillant Waste အရှေ့ဘက်မှာ နေထိုင်တဲ့သူတွေ ကိုးကွယ်တဲ့ နတ်ဘုရား ဖြစ်ပါတယ်။ သက်ဆိုင်တဲ့ ဟီးရိုးတွေကတော့ Lina နဲ့ Bounty Hunter ဘဲဖြစ်ပါတယ်။
24) Spirit of Nature
Ancestral Spirit of Nature ဟာ Dota2 ထဲက ကမ္ဘာမြေကို ထိန်းသိမ်းစောင့် ရှောက်သူဖြစ်ပြီးတော့ Rooftrellen ဟာ သူ့ပါဝါကို ခေါ်ယူသုံးဆွဲပြီး Overgrowth ကို အသုံးပြုနိုင်ပါတယ်။
25) The Dead God
The Dead God ဟာ သက်ရှိတွေကို ဖျက်ဆီးသူဖြစ်ပြီး သူစကားကို နားထောင်တဲ့ နောက်လိုက်များပြားစွာ ရှိပါတယ်။ သူ့စစ်တပ်ဟာ သူ့ရဲ့ စကားကို နားထောင်ပြီး နယ်မြေကျူးကျော်စစ်ပွဲတွေ ဆင်နွဲခဲ့ပါတယ်။ Dead God ဟာ မှော်တောင်ဝှေးကို ကိုင်တွယ် အသုံးပြုပါတယ်။ ပတ်သက်နေတဲ့ Hero တွေကတော့ Anti-mage , Undying , Huskar တို့ဖြစ်ပါတယ်။

26) the Increate
The Increate ဟာ Elder Titan ပြောစကားအရ နာမည်မရှိတဲ့ နတ်ဘုရားတစ်ဦးဖြစ်ပါတယ်။ သူဟာ သက်ရှိတွေကို ဖျက်ဆီးပြစ်ခြင်း။ ပြန်လည်တည်ဆောက်ပေးခြင်း၊ ကို ပြုလုပ်နိုင်ပါတယ်။ ပြီးတော့သူဟာ လက်ရှိအချိန်ထိ ဖြစ်တည်မှုမရှိသေးတဲ့အရာတွေဆီကိုပါ ပုံသဏ္ဍန်ပြောင်းလဲ ဆင့်ပွါးနိုင်ပါတယ်။
27) The Shaper
The Shaper ဟာ Elder Titan ပြောစကားအရဆိုရင် Universe ကြီးကို စတင်ဖန်ဆင်းခဲ့သူဖြစ်ပါတယ်။
28) The Three Shades
The Three Shades ဟာ Ethereal Beings တွေ နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး Nightshade Plant ကို Symbol အဖြစ် အသုံးပြုကြပါတယ်။ သူတို့ဟာ ရူးသွပ်ခြင်း ၊ ကြောက်ရွံ့ခြင်း ၊ သေဆုံးခြင်း စတဲ့ Attribute တွေကိုပိုင်ဆိုင်ပါတယ်။ သက်ဆိုင်တဲ့ ဟီးရိုးတွေကတော့ Templar Assassin , Bane တို့ဘဲဖြစ်ပါတယ်။
[image by Trogolodite]
29) The Unseen Seven
The Unseen Seven ဟာ Lanaya နဲ့ ပတ်သက်ပြီးမှ သိခွင့်ရလာတဲ့ နတ်ဘုရားတွေဖြစ်ပါတယ်။ သူတို့ဟာ Lanaya ကို အရိုးတွေနဲ့ လုပ်ထားတဲ့ Armor တစ်စုံကို ပေးခဲ့ပြီးတော့ သူမကို သေဆုံးပြီးသား အရာတွေကို ဆက်သွယ်နိုင်စွမ်းကို ရရှိစေပါတယ်။
30) Tyrian
Tyrian ဟာ The Three Shade ထဲက တစ်ယောက်ဖြစ်ပြီးတော့ သူ့အကြောင်းဟာ နည်းနည်း ဘဲသိရပါတယ်။ သူဟာ Ethereal Spirit ဖြစ်ပြီးတော့ သက်ရှိတွေကို သူတို့အခက်အခဲတွေကို ဖြေရှင်းတဲ့အခါ ကူညီပေးပါတယ်။
31) Transcendencies
The Transcendencies တွေဟာ လျှို့ဝှက်တဲ့ Element တွေဖြစ်ပြီးတော့ Mercurial ဟာ တစ်ချိန်က Transcendencies တွေရဲ့ လုပ်ကိုင်မှုတွေဟာ ဥပေက္ခာ ပြုထားဖို့ မဖြစ်နိုင်တဲ့အကြောင်း ပြောကြားခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့် The Transcendenceis တွေဟာ Supernatural Beings တွေဖြစ်ပြီးတော့ Ascendants တွေနဲ့ တူညီလိမ့်မယ်လို့ ဆိုပါတယ်။

အဆုံးအထိဖတ် သွားခဲ့တဲ့ အတွက် ကျေးဇူးပါ။