တဖြည်းဖြည်းနဲ့ ကစားတဲ့သူတွေ များလာတာနဲ့အမျှ Dota 2 ဟာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာ လူသိများတဲ့ eSport တစ်ခုဖြစ်လာပါတယ်။ ကစားသမားပေါင်း သန်းနဲ့ချီ ရှိလာပေမဲ့လည်း လူတိုင်းကတော့ ဘယ်လို ကစားရသလည်းဆိုတာ အသေးစိတ်ကြီး သိကြတာမဟုတ်ပါဘူး။ ဒီ ဂိမ်းကတကယ်တော့ ခင်ဗျားတို့ ကျွန်တော်တို့ ထင်သလို လွယ်ကူတဲ့အရာမျိုးမှ မဟုတ်တာ။ Dota2 ထဲက ဟီးရိုးပေါင်း ၁၀၀ ကျော် ၊ ပစ္စည်းပေါင်းများစွာနဲ့ မြေပုံ Mechanic တွေ ကို အသေးစိတ် နားလည်သိရှိထားမယ်ဆိုရင် ကိုယ်ဆော့နေတဲ့အချိန် တစ်ခြားသူတွေထက် ပိုမို ကောင်းမွန်တဲ့ Game Play တစ်ခုကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒီ ပိုစ့်မှာတော့ တစ်ခြား ဟာတွေထက် Beginner တွေအတွက် အထောက်အကူရမဲ့ Tips နဲ့ Tricks တွေကို ပြောပြသွားမှာပါ။ (သိပြီးသားလူတွေကတော့ ကျော်ဖတ်သွားပေးပါဗျာ)။
1.
ပထမ အချက်ကတော့ Creep Last Hit ကို ချိန်စားဖို့ ခက်နေတဲ့ Beginner တွေအတွက် ဖြစ်ပါတယ်။ Beginner တွေအတွက် Valve ဟာ Game Option ထဲမှာ Last Hit ကို လွယ်လွယ် ကူကူ ချိန် နိုင်ဖို့အတွက် Option တစ်ခု ထည့်သွင်းထားပေးပါတယ်။ အဲ့ဒါကတော့ Right-Click to Force Attack ဆိုတဲ့ Option လေးဘဲဖြစ်ပါတယ်။ အဲ့ဒီ Option ကို on ထားပေးလိုက်ရုံနဲ့ Player ဟာ Attack Hotkey ကို နှိပ်စရာမလိုတော့ဘဲ Friendly Unit အပေါ် Right Click နှိပ်ရုံနဲ့ Deny လုပ်နိုင်မှာဖြစ်ပါတယ်။

2.
ဒုတိယအချက်ကတော့ Natural Creep Camps Pull နဲ့ Stack လုပ်တာဘဲဖြစ်ပါတယ်။ Lane ထိန်းတဲ့အချိန် Creep Pull ပေးချင်း ၊ ကိုယ့်ဘက် Carry အတွက် Stack လုပ်ပေးချင်းဟာလည်း ပွဲအခြေအနေကို ပြောင်းပေးနိုင်တဲ့အချက်ထဲပါဝင်ပါတယ်။ Creep Camp တိုင်းအတွက် သူနဲ့ သက်ဆိုင်တဲ့ Pull လုပ်ရမဲ့အချိန် Stack လုပ်ရမဲ့အချိန်ဟာ ရှိပါတယ်။ အောက်ကပုံကို ကြည့်ရင် ပိုနားလည်ပါလိမ့်မယ်။

3.
တတိယတစ်ချက်ကတော့ လူတိုင်းသိပေမဲ့ အကျင့်မရှိသေးတဲ့အရာပါဘဲ။ အဲ့ဒါကတော့ Power Treads ရဲ့ Stats ကိုပြောင်းလဲ အသုံးပြုချင်းပါဘဲ။ တကယ်တမ်း Power Tread Stats ကိုပြောင်းပြီးဆော့တာကို ကျွန်တော်တို့ ပုံမှန် 2k 3k ၀န်းကျင်မှာ သိပ်မြင်ရလေ့မရှိပါဘူး။ ဒါပေမဲ့လည်း တကယ်တမ်း ထိထိရောက်ရောက် အသုံးပြုနိုင်မယ်ဆိုရင် အသုံးဝင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရန်သူလိုက်သတ်လို့ သွေးနည်းနေချိန် Str ပြောင်းလိုက်တာဘဲဖြစ်ဖြစ် ၊ Spell တစ်ခု မသုံးခင် Intel ပြောင်းပြီး Spell သုံးတာဘဲဖြစ်ဖြစ် ၊ အဲ့ဒါမျိုးက တစ်နည်းနည်းနဲ့ အသုံးဝင်မှုကို ဖြစ်စေမှာပါ။
4.
လေးချက်မြောက်ကတော့ Regeneration အချိန်အတွင်း Health နဲ့ Mana Item တွေကို ချ ထားတာပါဘဲ။ ဒါကိုတော့ ပြိုင်ပွဲတွေမှာ ခဏခဏ တွေ့ရမှာပါ။ ဥပမာ Shrine က နေ ရမဲ့ Regen ကို မယူသေးခင် ကိုယ့် Inventory ထဲက Health နဲ့ Mana ပစ္စည်းတွေကို ခဏချထားတာမျိုးပါ။
5.
ငါးချက်မြောက်ကတော့ တော်တော်များများသိမှာပါ။ တကယ်လို့ Enemy Tower က ကိုယ့်ကို ပစ်နေတဲ့အချိန်မှာ ကိုယ့် Allies Unit ကို Attack လုပ်တာဘဲဖြစ်ဖြစ် Right Click ထောက်တာဘဲဖြစ်ဖြစ် Enemy Tower ရဲ့ Target ကိုပြောင်းလဲနိုင်ပါတယ်။
6.
ရန်သူဟီးရိုးတွေ ထဲမှာ ကိုယ်ပျောက်ကောင်ပါလာရင်သေချာတာကတော့ Sentry ဟာ ၀ယ်ရတော့မှာပါ။ နံပါတ် ခြောက် အချက်ကတော့ Sentry ကို သစ်ပင်တွေကြားထဲမှာ ထောင်လိုက်ခြင်း အားဖြင့် ရန်သူ့ဘက်က Gem of True Sight ၀ယ်လာတဲ့အခါဘဲဖြစ်ဖြစ် Counter Ward ပြန်ထောင်တဲ့အခါ ဘဲဖြစ်ဖြစ် ကိုယ့်Ward ကို တွေ့ဖို့ ခဲယဉ်းပါတယ်။ ကိုယ့် Team အနေနဲ့ကတော့ Sentry effect အနေနဲ့ ရန်သူ့ Invisible Unit တွေကို မြင်နိုင်မှာဖြစ်ပါတယ်။
7.
နံပါတ် ၇ ကလည်း Ward ထောင်တာပါဘဲ။ ဒါပေမဲ့ သူကတော့ ရန်သူ့ တောအုပ်ထဲက Creep Campတွေကို ပိတ်ချင်တဲ့အခါမှာ ထောင်တာဖြစ်ပါတယ်။ Natural Creep Camp တွေဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်း Spawnbox အတွင်း Unit တစ်ခုခုရှိနေရင် Spawn မဖြစ်တော့ပါဘူး။ ဒါကတော့ ဟိုဘက် Team Jungle Hero တွေကို Counter လုပ်ဖို့ အကောင်းဆုံး နည်းလမ်းပါဘဲ။ (ကိုယ့်ဘက်ဟီးရိုးကို မကျေနပ်လို့ ကိုယ့်ဘက် တောထဲမှာ ထောင်တာမျိုးတော့ မလုပ်နဲ့နော်)

နောက်ဆုံးအနေနဲ့ကတော့ အပေါ်ကအချက်တွေအားလုံးဟာ Dota 2 ရဲ့ များပြားစွာသော Tips and Tricks ထဲက တစ်ချို့ အချက်အလက်လေးတွေပါဘဲ။ Dota2 Game Mechanic ဟာ Skill တစ်ခုထဲနဲ့ မလုံလောက်ပါဘူး။ Critical Thinking ပါ လိုအပ်ပါတယ်။ ဒါကြောင့် များများဆော့ပါ။ များများ ဖတ်ပါ။ သူများဆော့တာတွေ များများကြည့်ပါ။ Item တွေအသုံးပြုပုံကိုကြည့်ပါ။ Mana ကို ချွေတာတတ်အောင် လုပ်ပါ။ Town Portal Scroll ကို အမြဲဆောင်ပါ။ Trash Talk တွေ မပြောပါနဲ့။ Toxic Player မဖြစ်အောင်နေပါ။ ဒါပါဘဲဗျာ။
Original link : Hotnewgaming