[zawgyi]
Valve ဟာ သတ္မွတ္ထားတဲ့ ရက္ထက္ေစာၿပီး The Dueling Fate Update 7.07 patch အသစ္ကို မေန႔ညက ထုတ္ေပးခဲ့ပါတယ္။ Hero အသစ္ ႏွစ္ေကာင္ ပါဝင္လာမႈနဲ႔အတူ New Medal base Rank Season , Shrine ေတြ ေျပာင္းလဲမႈ၊ item အသစ္နဲ႔ rework မ်ား ၊ item တစ္ခ်ိဳ႕ကို ဖ်က္သိမ္းမႈေတြ၊ Ancient Apparition ရဲ႕ Remodel , Game mode အသစ္၊ Hero Talent Reworks ေတြနဲ႔ New Meta စတင္လာမလားဆိုတာကေတာ့ ေတြးစရာရွိလာပါတယ္။
အသစ္ပါဝင္လာတဲ့ Hero ႏွစ္ေကာင္ကေတာ့ Pangolier နဲ႔ Dark Willow ပဲျဖစ္ပါတယ္။
Pangolier
အႏၲရာယ္ ရွိတဲ့ အခ်ိန္အခါေတြမွာေတာင္မွ ရန္သူေတြၾကားေျပးဝင္ၿပီးေတာ့ အပ်က္အဆီးၾကားမွာ ေပ်ာ္ေမႊ႕ၿပီး ရန္သူ႔ရဲ႕ လႈပ္ရွားမႈေတြကို ေႏွာက္ယွက္ဖို႔ ႀကိဳးစားတဲ့ သူဟာ Pangolier ပါ။ ရန္သူ႔ သံခ်ပ္ကာ ဝတ္စုံ ၾကားက လြတ္လပ္ေနတဲ့ ၾကား အက္ေၾကာင္းေတြကို ရွာေဖြၿပီး အႏၲရယ္ေပးႏိုင္သလို၊ သူ႔မွာရွိတဲ့ အေၾကးခြံေတြနဲ႔ တိုက္ခိုက္ႏိုင္ပါေသးတယ္။ဓါးသိုင္းပညာရပ္ကို ကြၽမ္းက်င္လွတဲ့ နာမည္ေက်ာ္ ဓါးသမားျဖစ္တဲ့ Pangolier ဟာ အခ်ိန္မေ႐ြး တိုက္ပြဲထဲကို ဝင္ေရာက္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနပါတယ္။
Dark Willow
အေမွာင္ထဲကေန အရိပ္ထဲကေန ႐ုတ္တရက္ေပၚေပၚလာတတ္တဲ့ Dark Willow ဟာ Fae မ်ိဳးႏြယ္စုရဲ႕ ပညာရပ္ေတြနဲ႔ ရန္သူ႔ လႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္ႏိုင္ပါတယ္ ။ ရွိခဲ့သမွ် ေမွာ္ပညာရပ္ေတြ မတိုင္ခင္ကတည္း ရွိခဲ့တဲ့ Fae ေတြရဲ႕ ပညာရပ္ေတြနဲ႔ သူမဟာ ရန္သူ႔ကို ေနရာတစ္ခုမွာ ခ်ဳပ္ထားႏိုင္ၿပီး Fae Realm ရဲ႕ အစြမ္းအျပည့္အစုံနဲ႔ သတ္ျဖတ္ႏိုင္ပါတယ္။
Hero အသစ္ေတြရဲ႕ မိတ္ဆက္စာေနာက္မွာေတာ့ သူတို႔ရဲ႕ ability အသစ္ေတြကို ညေနပိုင္းမွာ video တင္ေပးထားတာေတြ႕ရပါတယ္။ အေသးစိတ္ကိုေတာ့ေဖာ္ျပျခင္းမရွိေသးပါဘူး။
Ranked Seasons

ေနာက္တစ္ခု ေျပာင္းသြားတာက MMR ေနရာမွာဝင္လ ာတဲ့ New Medal System ပါ။ အရင္ကလို တစ္ပြဲႏိုင္ +25 တစ္ပြဲရႈံး -25 မဟုတ္ေတာ့ဘဲ Medal ေတြနဲ႔ Rank ကို သတ္မွတ္ေပးေတာ့မွာျဖစ္ပါတယ္။ Season တစ္ခုတစ္ခုကို 6 လ ၾကာမွာျဖစ္ၿပီး 6 လျပည့္တိုင္း ကိုယ့္ရဲ႕ Rank ကို Reset လုပ္ေပးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ 6 လျပည့္တိုင္း တစ္ခါ Calibrate ပြဲေတြ ေဆာ့ရဖို႔ ရွိပါလိမ့္မယ္။ ပုံအတိုင္း Medal ကို ၇ ဆင့္ခြဲထားတာေတြ႕ရမွာပါ။ Medal တစ္ဆင့္တိုင္းမွာ ၾကယ္ ငါးခု (zero star ပါရင္ ၆ ခုျဖစ္မွာပါ) ပါမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ Rank တက္ခ်င္ရင္ Medal တိုင္းမွာ ရွိတဲ့ ၾကယ္ကို ျပည့္ေအာင္ ျဖည့္ရမွာျဖစ္ပါတယ္။ ကိုယ္ ဘယ္ Medal ေရာက္မလဲဆိုတာကေတာ့ ကိုယ္ေဆာ့စထားတဲ့အေပၚမွာဘဲ မူတည္မွာပါ။ အရင္ကလို ေလတိုက္ရင္ 3k noob, 4k scrub လို႔ တိုက္လို႔မရေတာ့ဘဲ Bronze noob , silver scrub ဘာညာ ေျပာင္းၿပီး ေလတိုက္မႈ ပုံစံေတြ ေျပာင္းလဲသြားႏိုင္ပါတယ္။
Turbo Mode

Turbo Mode ကေတာ့ အသစ္ပါဝင္လာပါတယ္။ All Pick mode နဲ႔ ဆင္တူၿပီး Player ေတြကို exp နဲ႔ Gold ေတြကို ပိုေပးမွာၿပီး Towers ေတြဟာ ပိုၿပီး ေပ်ာ့ၿပီးေတာ့ Respawn Time ကိုလည္း ေလွ်ာ့ခ်ေပးမွာပါ။ ဒါေၾကာင့္ ပြဲျမန္ျမန္ေဆာ့ၿပီး Strategies ေတြစမ္းခ်င္တဲ့လူေတြအတြက္ေတာ့ အေကာင္းဆုံး Mode တစ္ခုျဖစ္လာမွာပါ။ ေနာက္တစ္ခုက Ability Draft Update ပါ။ Draft Interface အသစ္နဲ႔ အရင္က ကိုင္လို႔ မရခဲ့တဲ့ ဟီး႐ိုး ၁၅ ေကာင္ကို ထည့္သြင္းထားေပးပါတယ္။ ၿပီးေတာ့ အရင္ ဗားရွင္းမွာ ရွိခဲ့တဲ့ Bug ေတြ abnormal ကိစၥေတြကိုလည္း ျပန္ျဖရွင္းထားၿပီးၿပီေျပာပါတယ္။ ေနာက္ၿပီး $9.99 က်ပ္နဲ႔ ဝယ္ယူႏိုင္မဲ့ Immortal Bundle ပါလာမွာျဖစ္ပါတယ္။ Pangolier set ရယ္ Dark Willow Set ရယ္ပါဝင္ၿပီးေတာ့ Pholi the Squire ဆိုတဲ့ Courier , Curious Snaptrap ဆိုတဲ့ Ward အျပင္ Pangolier နဲ႔ Dark Willow တို႔ရဲ႕ Taunt ေတြ ပါလာမွာပါ။
Game Play update ေတြကိုေတာ့ လာမယ့္ တနလၤာေန႔ ကစၿပီးျပန္တင္ေပးထားမယ့္ ကြၽန္ေတာ္တို႔ website မွာ ျပင္သြားေပးပါမယ္။ ေလာေလာဆယ္မွာေတာ့ ျပင္ဆင္ဆဲျဖစ္ပါတယ္။
[unicode]
Valve ဟာ သတ်မှတ်ထားတဲ့ ရက်ထက်စောပြီး The Dueling Fate Update 7.07 patch အသစ်ကို မနေ့ညက ထုတ်ပေးခဲ့ပါတယ်။ Hero အသစ် နှစ်ကောင် ပါဝင်လာမှုနဲ့အတူ New Medal base Rank Season , Shrine တွေ ပြောင်းလဲမှု၊ item အသစ်နဲ့ rework များ ၊ item တစ်ချို့ကို ဖျက်သိမ်းမှုတွေ၊ Ancient Apparition ရဲ့ Remodel , Game mode အသစ်၊ Hero Talent Reworks တွေနဲ့ New Meta စတင်လာမလားဆိုတာကတော့ တွေးစရာရှိလာပါတယ်။
အသစ်ပါဝင်လာတဲ့ Hero နှစ်ကောင်ကတော့ Pangolier နဲ့ Dark Willow ပဲဖြစ်ပါတယ်။
Pangolier
အန္တရာယ် ရှိတဲ့ အချိန်အခါတွေမှာတောင်မှ ရန်သူတွေကြားပြေးဝင်ပြီးတော့ အပျက်အဆီးကြားမှာ ပျော်မွှေ့ပြီး ရန်သူ့ရဲ့ လှုပ်ရှားမှုတွေကို နှောက်ယှက်ဖို့ ကြိုးစားတဲ့ သူဟာ Pangolier ပါ။ ရန်သူ့ သံချပ်ကာ ဝတ်စုံ ကြားက လွတ်လပ်နေတဲ့ ကြား အက်ကြောင်းတွေကို ရှာဖွေပြီး အန္တရယ်ပေးနိုင်သလို၊ သူ့မှာရှိတဲ့ အကြေးခွံတွေနဲ့ တိုက်ခိုက်နိုင်ပါသေးတယ်။ဓါးသိုင်းပညာရပ်ကို ကျွမ်းကျင်လှတဲ့ နာမည်ကျော် ဓါးသမားဖြစ်တဲ့ Pangolier ဟာ အချိန်မရွေး တိုက်ပွဲထဲကို ဝင်ရောက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါတယ်။
Dark Willow
အမှောင်ထဲကနေ အရိပ်ထဲကနေ ရုတ်တရက်ပေါ်ပေါ်လာတတ်တဲ့ Dark Willow ဟာ Fae မျိုးနွယ်စုရဲ့ ပညာရပ်တွေနဲ့ ရန်သူ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ပါတယ် ။ ရှိခဲ့သမျှ မှော်ပညာရပ်တွေ မတိုင်ခင်ကတည်း ရှိခဲ့တဲ့ Fae တွေရဲ့ ပညာရပ်တွေနဲ့ သူမဟာ ရန်သူ့ကို နေရာတစ်ခုမှာ ချုပ်ထားနိုင်ပြီး Fae Realm ရဲ့ အစွမ်းအပြည့်အစုံနဲ့ သတ်ဖြတ်နိုင်ပါတယ်။
Hero အသစ်တွေရဲ့ မိတ်ဆက်စာနောက်မှာတော့ သူတို့ရဲ့ ability အသစ်တွေကို ညနေပိုင်းမှာ video တင်ပေးထားတာတွေ့ရပါတယ်။ အသေးစိတ်ကိုတော့ဖော်ပြခြင်းမရှိသေးပါဘူး။
Ranked Seasons

နောက်တစ်ခု ပြောင်းသွားတာက MMR နေရာမှာဝင်လ ာတဲ့ New Medal System ပါ။ အရင်ကလို တစ်ပွဲနိုင် +25 တစ်ပွဲရှုံး -25 မဟုတ်တော့ဘဲ Medal တွေနဲ့ Rank ကို သတ်မှတ်ပေးတော့မှာဖြစ်ပါတယ်။ Season တစ်ခုတစ်ခုကို 6 လ ကြာမှာဖြစ်ပြီး 6 လပြည့်တိုင်း ကိုယ့်ရဲ့ Rank ကို Reset လုပ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် 6 လပြည့်တိုင်း တစ်ခါ Calibrate ပွဲတွေ ဆော့ရဖို့ ရှိပါလိမ့်မယ်။ ပုံအတိုင်း Medal ကို ၇ ဆင့်ခွဲထားတာတွေ့ရမှာပါ။ Medal တစ်ဆင့်တိုင်းမှာ ကြယ် ငါးခု (zero star ပါရင် ၆ ခုဖြစ်မှာပါ) ပါမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် Rank တက်ချင်ရင် Medal တိုင်းမှာ ရှိတဲ့ ကြယ်ကို ပြည့်အောင် ဖြည့်ရမှာဖြစ်ပါတယ်။ ကိုယ် ဘယ် Medal ရောက်မလဲဆိုတာကတော့ ကိုယ်ဆော့စထားတဲ့အပေါ်မှာဘဲ မူတည်မှာပါ။ အရင်ကလို လေတိုက်ရင် 3k noob, 4k scrub လို့ တိုက်လို့မရတော့ဘဲ Bronze noob , silver scrub ဘာညာ ပြောင်းပြီး လေတိုက်မှု ပုံစံတွေ ပြောင်းလဲသွားနိုင်ပါတယ်။
Turbo Mode

Turbo Mode ကတော့ အသစ်ပါဝင်လာပါတယ်။ All Pick mode နဲ့ ဆင်တူပြီး Player တွေကို exp နဲ့ Gold တွေကို ပိုပေးမှာပြီး Towers တွေဟာ ပိုပြီး ပျော့ပြီးတော့ Respawn Time ကိုလည်း လျှော့ချပေးမှာပါ။ ဒါကြောင့် ပွဲမြန်မြန်ဆော့ပြီး Strategies တွေစမ်းချင်တဲ့လူတွေအတွက်တော့ အကောင်းဆုံး Mode တစ်ခုဖြစ်လာမှာပါ။ နောက်တစ်ခုက Ability Draft Update ပါ။ Draft Interface အသစ်နဲ့ အရင်က ကိုင်လို့ မရခဲ့တဲ့ ဟီးရိုး ၁၅ ကောင်ကို ထည့်သွင်းထားပေးပါတယ်။ ပြီးတော့ အရင် ဗားရှင်းမှာ ရှိခဲ့တဲ့ Bug တွေ abnormal ကိစ္စတွေကိုလည်း ပြန်ဖြရှင်းထားပြီးပြီပြောပါတယ်။ နောက်ပြီး $9.99 ကျပ်နဲ့ ဝယ်ယူနိုင်မဲ့ Immortal Bundle ပါလာမှာဖြစ်ပါတယ်။ Pangolier set ရယ် Dark Willow Set ရယ်ပါဝင်ပြီးတော့ Pholi the Squire ဆိုတဲ့ Courier , Curious Snaptrap ဆိုတဲ့ Ward အပြင် Pangolier နဲ့ Dark Willow တို့ရဲ့ Taunt တွေ ပါလာမှာပါ။
Game Play update တွေကိုတော့ လာမယ့် တနင်္လာနေ့ ကစပြီးပြန်တင်ပေးထားမယ့် ကျွန်တော်တို့ website မှာ ပြင်သွားပေးပါမယ်။ လောလောဆယ်မှာတော့ ပြင်ဆင်ဆဲဖြစ်ပါတယ်။