ဂိမ်းတွေ အများကြီးဆော့ခဲ့ကြတယ်၊ အဲ့ထဲမှာ pet တွေလည်း အများကြီးမွေးခဲ့ကြဖူးတယ်၊ သူတို့ ကို အစာကျွေး အိမ်ဆောက်ပေး၊ quest လိုက်လုပ်ပေးတဲ့ အထိ၊ ပြီးတော့ ဂိမ်းထဲက ကိုယ့်ရဲ့ ဘယ်သွားသွား အပါခေါ်သွားလို့ ရခဲ့ကြတယ်။ ဒါတွေက တစ်ချိန်လုံးတိုက်ခိုက် ပစ်ခတ် ခုတ်ထစ်နေရတဲ့ game တွေထဲမှာ တော့ အေးအေးဆေးဆေး အချိန်ရတတ်တဲ့ ခဏတာလေးတွေပါ။ တစ်ချို့ နာမည်ကြီး ဂိမ်းတွေမှာ ဒီလို pet တွေနဲ့ interaction ရဖို့ fan တွေစောင့်လာခဲ့တာကြခဲ့ပါပြီ။
မနေ့ကတော့ Assassin’ s Creed Origin ရဲ့ preview က internet ပေါ်ရောက်လာခဲ့ပါတယ်၊ Eurogamer နဲ့ outsidexbox မှာတွေ့တာပါ။ တစ်ချို့ကတော့ gameplay, တစ်ချို့က graphic, တစ်ချို့က story၊ အမျိုးမျိုး စိတ်ဝင်စားနေတဲ့ အထဲမှာ အားလုံးတူညီနိုင်တဲ့ အချက်ကတော့ အဲ့ဒီကြောင်လေးကို ခေါင်းပွတ်ပေးလိုက်တဲ့ အချိန်ဖြစ်ပါလိမ့်မယ်။ 2012 နဲ့ 2013 မှာထွက်ခဲ့တဲ့ AC3 နဲ့ Black Flag မှာကတည်းက ဒီ feature ပါခဲ့ပါတယ်။ 2014 နဲ့ 2015 ထွက်ထားတဲ့ Unity နဲ့ Syndicate မှာပါမလာခဲ့ပါဘူး။
ဒီတစ်ခါ Assassin’s Creed Origin မှာတော့ ကြောင်လေး feature အပြင် photo mode အတွက် ခေါင်းစွပ်ပါ ချွတ်လို့ရပါပြီ။
Youtube တင်ထားတဲ့ outsidexbox ရဲ့ video ကိုတော့ sharing လုပ်ပေးလိုက်ပါတယ်။ ကြောင်လေးကိုတော့ ၁၁း၅၀ ဝန်းကျင်မှာတွေ့ပါလိမ့်မယ်။ outsidexbox က Jane နဲ့ Ellen တို့နှစ်ယောက်သဘောကျနေကြတာကြားရမှာပါ။
လာမယ့် လကုန်ပိုင်း 27 ၇က်နေ့မှာ ထွက်မှာဖြစ်ပါတယ်။