FIFA ဖီဖာဂိမ်းဟာ EA ရဲ့အောင်မြင်တဲ့ဘောလုံးဂိမ်းစီးရီးတစ်ခုဖြစ်ပြီး ပိုက်ဆံအစစ်နဲ့ FIFA Coins တွေကိုဝယ်နိုင်ပါတယ်။ အဲ့ဒီ FIFA Coins တွေနဲ့ FIFA Ultimate Team မှာအသုံးပြုနိုင်မယ့် packs တွေကိုဝယ်နိုင်ပါတယ်။ FIFA Ultimate Team ဆိုတဲ့ game mode ဟာ EA အတွက် သုံးလပတ်ဘဏ္ဍာရေးစာရင်းမှာ ဒေါ်လာသန်းချီပြီး ငွေရှာပေးထားပါတယ်။ ငွေအစစ်နဲ့ pack ကိုဝယ်၊ ပြီးရင်ဆော့ပေတော့။ ရော်နယ်ဒိုကိုဝယ်မလား၊မက်ဆီကိုဝယ်မလား၊ ခြေစွမ်းထနေ တဲ့ဘောလုံးသမားကိုဝယ်မလား။ ဒါတွေထဲကတစ်ခုခုတော့ လုပ်ဖြစ်မှာသေချာပါတယ်။
FIFA game ဆော့ဖြစ်တဲ့အချိန်ကစပြီး packs တွေကိုကြိုက်တယ်ဆိုတာ ကိုတော့ ကျွန်တော်ဝန်ခံပါတယ်။ လူတိုင်းပဲမဟုတ်ဘူးလား။ ဒီတစ်ခါတော့ ဝယ်ရမှာလက်တွန့်နေတယ်ဗျာ။ လိုလည်းလိုချင်တယ်၊ ဒီခလုပ်ကို နှိပ်ရင် မရပ်တော့ဘူးဆိုတာလည်းသိတယ်။ စိတ်ကိုလွန်ဆွဲနေရတာ ဒုက္ခရောက်တဲ့ ကိစ္စ တစ်ခုပါ။ ဒါပေမယ့်လည်း FUT coin တွေမရရင် လူက ဂယောင်ချောက်ချားတွေဖြစ်။ ဒီတော့ ဝယ်လိုက်ပါပြီ။ အံစာတုံးကို လှည့်လိုက်ပါတယ်။ ထပ်လှည့်၊ ရပါပြီ။
“Good luck next time တဲ့ကွားး” အမြဲတမ်း ဒိုင်စားတာပဲမဟုတ်လား။
FIFA 18 ဗားရှင်းသစ်ထွက်လာပြီးကတည်းက ငွေ အစစ်နဲ့ မဝယ်ရသေးပါဘူး။ ဘတ်ငွေနည်းနည်းနဲ့ ဝယ်ပြီးဖြည့်ထားလိုက်တဲ့အခါ ကျွန်တော့်ဇနီးနဲ့လမ်းလျောက်တတ်စ ကျွန်တော့်ကလေးကတော့ သိနိုင်မှာမဟုတ်ပါဘူး။ FIFA 18 မှာဖေဖေခြေစမ်းလို့ရအောင်လုပ်ပေးထားတဲ့ Squad Battles mode ကိုတော့ ကျေးဇူးတင်ရမှာဖြစ်တယ်။ FUT Coins တွေအများကြီးပေးထားတယ်။ card packs တွေလည်းပေးထားပါတယ်။ကစားချိန်အကန့်အသတ်နဲ့ဖြစ်ပြီး 80-rated အသင်းကိုပေးထားတာဆိုတော့ကျွန်တော့်အတွက်ဟန်ကျပါတယ်။ ခက်တာကပိုကောင်းတဲ့ဘောလုံးသမားတွေနဲ့ပိုကောင်းတဲ့အသင်းကိုလိုချင်နေတာပဲဖြစ်ပါတယ်။ လိုချင်တာတွေကမဆုံးတော့ပါဘူး။အဲ့ဒါကိုလည်းကျွန်တော်နားလည်ပါတယ်။အဘက်ဘက်ကပြည့်စုံတဲ့ Ultimate Teamအသင်းဖြစ်ဖို ကျွန်တော်ဟာစိတ်ရှည်ရှည်နဲ့မသွားချင်ဘူးဖြစ်နေတာပါ။
ဒါကကိုယ်ဖြစ်နေတဲ့ ကိစ္စတွေပါ။ ပြီးတဲ့ တစ်ပတ်ထဲမှာပဲ loot boxes တွေနဲ အွန်လိုင်းဂိမ်းတွေက လောင်းကစားဆန်နေတဲ့ ကိစ္စနဲ့ပက်သက်လို့ပြောဆိုဝေဖန်တာတွေ ထွက်ပေါ်နေချိန် ဆိုတော့ ငါလည်းလောင်းကစားလုပ်နေလားဆိုတာ စိတ်ထဲဖြစ်လာပါတယ်။ card packs တွေကိုဝယ်တာလောင်းကစားလုပ်တာလား။အဖြေကိုကျွန်တော်အပြန်အလှန်စဉ်းစားပါတယ်။ တကယ်ကတော့ ကျွန်တော့အနေနဲ့ ဘောလုံးစတစ်ကာတွေဝယ်ရုံလောက်သာဖြစ်ပါတယ်။ ဒါဟာလောင်းကစားမဟုတ်ပါဘူး လို့စိတ်ထဲမှတ်ထားပါတယ်။ နောက်ထပ်နိုင်ပွဲတစ်ပွဲထပ်လိုချင်ရင်တော့ စတစ်ကာဝယ်ရတော့မှာပါ။ သူများနိုင်ငံက ဥပဒေထဲမှာတော့ loot boxes တွေဟာလောင်းကစားမဟုတ်ဘူးလို့ဆိုထားပါတယ်။ loot boxes ကရတဲ့ Item တွေကိုအပြင်မှာငွေအစစ်နဲ့ဖလှယ်လို့မရတာကြောင့်ဖြစ်တယ်လို့ပြောထားတယ်မဟုတ်လား။
“ဆုကြေးငွေတွေကိုကစားပွဲထဲမှာသာအသုံးပြုဖို့အောင်အောင်မြင်မြင်ကန် သတ်ထားတာဆိုတော့အဲ့ဒီလိုဂိမ်းတွေထဲက features တွေကိုလောင်းကစားလိုင်စင်ယူစရာမလိုပါဘူး” လို့ UK လောင်းကစားကော်မရှင်ကပြောထားတာမဟုတ်လား။ ကိုယ့်နိုင်ငံမှာဆိုရင်တော့ ဒါတွေကို ဘယ်လိုတွေပြောကြမလဲမသိ၊ ထားပါတော့ ဒါက ကိုယ့်ကိစ္စလည်းမဟုတ်။
ပြသာနာကတော့အဲ့ဒီ ဆုကြေးငွေကိစ္စပါပဲ။ ဖီဖာဘောလုံးဂိမ်းမှာ card တွေကို FIFA 18 ဂိမ်းတစ်ခုတည်းမှာပဲသုံးပါဆိုပြီးအောင်မြင်စွာကန့် သတ်ထားခြင်းမရှိတာပဲဖြစ်ပါတယ်။အဲ့ဒီကတ်တွေကိုငွေသားအဖြစ်လွယ်လွယ်လေးထုတ်ယူလို့ရနေတာပါ။
FUT coins တွေကိုငွေသားအစစ်နဲ့ဝယ်ဖို့ ကမ်းလှမ်းနေတဲ့ဝက်ဆိုက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီလိုဝယ်မယ့်အကြောင်းကို နမူနာဗီဒီယိုတောင်ပြထားပါသေးတယ်။ Ultimate Team card တွေဟာအပြင်မှာတကယ်တန်ဖိုးရှိနေတယ်လို့သွယဝိုက်ရှင်းပြထားတာတွေ့ရမှာဖြစ်ပါတယ်။ကိုယ်မလိုချင်တဲ့ကစားသမားတစ်ယောက်ကိုဂိမ်းထဲမှာလေလံတင်ပြီး FUT coins နဲ့ရောင်းချနိုင်ပါတယ်။အဲ့ဒီ FUT coinsတွေကိုကြားခံ (trade website) တွေမှာငွေသားအစစ်နဲ့ရောင်းလို့ရပါတယ်။ဒါကြောင့်အစစ်နဲ့တူတဲ့ဂိမ်းထဲကငွေဟာသွယ်ဝိုက်သဘောနဲ့အပြင်မှာတန်ဖိုးအစစ်ရှိနေတာတွေ့ရမှာဖြစ်ပါတယ်။တန်ဖိုးများလွန်းတယ်လို့မဆိုနိုင်ပေမယ့်အပြင်လောကရဲ့တန်ဖိုးကတော့ရှိနေပါတယ်။
EA ကပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှောင်ခိုဈေးကွက်ကိုနှိမ်နင်းနေတယ်ဆိုပေမယ့်လည်း FIFA Ultimate Team ဂိမ်းရဲ့မှောင်ခိုဈေးကွက်ဟာအင်မတန်ကြီးမားနေပါတယ်။ ရောင်းသူတွေထံကနေငွေအစစ်နဲ့ဂိမ်းထဲကငွေကြေးကိုဝယ်ချင်သူတွေအတွက်coin ရောင်းပေးတဲ့ဈေးကွက်တစ်ခုဖြစ်တဲ့ mmobux.com ကမားကက်တင်း ဌာနအကြီးအကဲ Frank Lewis ကတော့ FIFA 15 ကို၂၀၁၄ မှာထွက်လာကတည်းက FIFAcoins ဈေးကွက်ကြီးဖြစ် ထွန်းလာတာဖြစ်တယ်လို့ပြောပါတယ်။
“coin ဝယ်တာတွေကိုဈေးအတန်းအစားအသီးသီးသတ်မှတ်ပေးပြီး EA ကပြီးခဲ့တဲ့နှစ်တွေကတားဆီးခဲ့ပေမယ့်ဂိမ်းကစားသူတွေကကတော့ coin ဝယ်မယ့်နည်းလမ်းတွေကိုရှာဖွေနေကြဆဲဖြစ်ပါတယ်။ ဒါ့အပြင်ဂိမ်းကစားသူတွေအချင်းချင်းကလည်း coin လိုတဲ့သူကို ပြန်ရောင်းချင်နေကြတာဖြစ်ပါတယ်” လို့သူကအီးမေးလ်ကနေပြန်လည်းဖြေကြားခဲ့တာဖြစ်ပါတယ်။
ဖီဖာဂိမ်းမှာ ဘောလုံးသမား အရောင်းအဝယ်လုပ်ရာကနေ နာမည်ကျော် မှောင်ခိုဈေးကွက်ကြီး ဖြစ်လာတာဖြစ်ပါတယ်။ ကစားသမားဝယ်သူကအော်ဒါမှာလိုက်ပြီးနောက်သူတို့က ရောင်းသူထံမှာ ဘယ်လိုကစားသမားမျိုးရှိသလဲ လို့အကြောင်းကြားပါလိမ့်မယ်။ ဒီလိုအကြောင်းကြားတာဟာ ဝယ်ထားတဲ့coin တွေနဲ့တိကျတဲ့အမြတ်ကိုရချင် တာကြောင့်ဖြစ်ပါတယ်။အဲ့ဒီနောက် supplier (coinရောင်းသူ) ကကစားသမားကိုဝယ်ပါတယ်။
နောက်တစ်နည်းရောင်းဝယ်တာကတော့ ‘comfort trade’ ဖြစ်ပါတယ်။ ဒီနည်းကတော့ coin ရောင်းသူထံကိုမိမိအကောင့်ပေးပြီးမိမိအကောင့်ထဲကိုcoin တိုက်ရိုက်ထည့်ခိုင်းတဲ့နည်းဖြစ်ပါတယယ်။ဒီနည်းကတော်တော်လေးအန္တရာယ်များပါတယ်။ နောက်ဆုံးမှောင်ခိုနည်းကတော့ ကိုယ့်အကောင့်တစ်ခုလုံးကို ရောင်းစားလိုက်တဲ့နည်းပဲဖြစ်ပါတယ်။ ဒါကြောင့် တခြားဂိမ်းတွေလိုပဲသင့်ရဲ့ FIFA Ultimate Team account ဟာအပြင်လောကမှာတန်ဖိုးအစစ်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။
FUT coin sellers ရောင်းစားသူတွေဟာ ရောင်းစားဖို့ FUT coins ဘာလို့ အများကြီးရှိနေကြတာလဲ ဆိုတာစဉ်းစား စရာပါ။ အဲ့ဒါနဲ့ပက်သက်ပြီးနည်းလမ်း၃သွယ်ရှိတယ်လို့လူးဝစ်ကပြောပါတယ်။ coin လိုချင်တဲ့လူတွေအတွက် အရင်ဆုံး coin websites တွေရှိရမှာဖြစ်ပါတယ်။
“ အဲ့ဒီလူတွေဆီမှာကိုယ်ပိုင် gold farms တွေရှိပါတယ်။ အများစုကတရုတ်နဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာရှိကြတာဖြစ်ပါတယ်။ သူတို့ကcoin တွေကိုအသေအလဲစုကြတာဖြစ်ပါတယ်။” လို့သူကပြောပါတယ်။ဒုတိယနည်းကတော့အခြား players တွေဆီကနေ coin တွေကိုဝယ်ယူတဲ့နည်းဖြစ်ပါတယ်။
တတိယနည်းကတော့ပြသနာရှိတဲ့နည်းဖြစ်ပါတယ်။ coin တွေကို ခိုးတာဖြစ်ပါတယ်(hack လုပ်တယ်ပြောရမှာပေါ့)။ ကိုယ့်အကောင့်နဲ့ပက်သက် ပြီးအခြားသူတွေကို ဘာမှမပြောထားတာအကောင်းဆုံးပါပဲ။
အဲ့ဒီမှောင်ခိုဈေးကွက်ဟာ FIFA ဂိမ်းကိုအကြောင်းပြုပြီးဖြစ်ပေါ်နေတာဖြစ်လို့ EA အနေနဲ့ဟန့်တားဖို့မစွမ်းဆောင်နိုင်ဖြစ်နေပုံရပါတယ်။
“ ရောင်းလိုအားနဲ့ဝယ်လိုအားစည်းမျဉ်းကိုတော့သူတို့နားလည်ထားသင့်ပါတယ်။ လူတွေကရွှေမဝယ်ချင်ရင်RMT market မရှိနိုင်ပါဘူး။ ဂိမ်းကစားသူတိုင်းဟာကိုယ်လိုချင်တဲ့ဘောလုံးသမားကိုရဖို့ coin တွေရနိုင်လောက် အောင်ကစားဖို့အချိန်မပေးနိုင်ကြပါဘူး။ packs တွေကိုဝယ်ရုံနဲ့သူတို့ရဲ့ဆန္ဒပြည့်သွားတာမဟုတ်ပါဘူး။
ဒါကြောင့် RMT activities target ထားတာမျိုးထက် ဂိမ်းကစားတဲ့အတွေ့အကြုံတက်လာအောင်လုပ်ဖို့နဲ့လုံခြုံရေးစနစ်တက်လာအောင်လုပ်တာပိုကောင်းပါတယ်” လို့ Lewis ကပြောပါတယ်။
ဒီတော့ ဒီဈေးကွက်က ရပ်သွားစရာ သေးသွားစရာရှိတဲ့ မရှိတဲ့ဈေးကွက်ဖြစ်နေပြီးတော့၊ သားရေ၊ ဖေဖေတို့လည်း ဒီ pack တွေနဲ့ပဲ ဘောလုံးအသင်း ဆက်ထောင်ကြတာပေါ့။
Source : Eurogamers