ဂိမ်းအသစ်တွေအကြောင်းရေးတဲ့ အခါ လူအများစုတစ်ခါတည်းဆော့နိုင်တာကိုရေး ရတာပိုသဘောကျပါတယ်။ တစ်ကယ်က ကျွန်တော့မှာ console မရှိတော့ Noicy Boi တို့လို့ console player တွေက သူတို့ console ဂိမ်းတွေ အကြောင်းပြောရင် မျက်နှာငယ်ရသလိုပဲ ကျွန်တော် PC Mod တွေကိစ္စပြောရင် သူနားမလည်ပါဘူး။ ဒီတစ်ခါမှာတော့ iOS နဲ့ Android player တွေအကုန်ဆော့နိုင်မယ့် အပြင် Free လည်းဖြစ်မယ့် game တွေရှာပေးလိုက်ပါတယ်။ အရင်လထဲကထွက်ထားတာပါ။ တစ်ချို့ဂိမ်းတွေဆော့ကြည့်ရင်း ခုမှရေးဖြစ်တာပါ။ နောက်လတွေမှာတော့ ဒီထက်စောနိုင်မယ်ထင်ပါတယ်။
Youtube trailer တွေတော့ ထုံးစံအတိုင်းရှာပြီးထည့်ပေးလိုက်ပါတယ်။ အရင် post တွေမှာသတိထားမိတာရှိလိုက်တယ်။ ဒီ post ကနေ link လာတောင်းတာတွေ့မိတယ်။ Playstore နဲ့ Appstore ဆိုတာတွေက download သွားလို့ရမယ့် link တွေပါဗျာ။ Android အတွက်က Playstore၊ Appstore ကတော့ iOS အတွက်ပါ။ နှိပ်လိုက်ပါ။
1. War wings
PvP ရတယ် Online လည်းဖြစ်တယ်။ ထုံးစံ အတိုင်း ကျွန်တော်ကတော့ ကိုယ်ပဲ ပစ်ချခံနေရသလိုပဲ၊ ပွဲစပြီး အရင်ဆုံးထိုးဆင်းသွားရင်ကိုယ်ပဲ။ ထိပ်ဆုံးက။ ကောင်းတာကတော့ P-400 လေးက ဘက်မျှတယ်ထင်ပါတယ်။ control ပိုင်းတွေလည်း ပြည့်စုံပါတယ်။ free to play ရဲ့ထုံးစံအတိုင်း နောက်ပိုင်းမှာတော့ silver ရှာရမယ့်အချိန်က အတော်လေးကြာပါလိမ့်မယ်။ အဲ့အချိန်မှာ ဒီဂိမ်းကိုစွဲပြီး ဆက်ဆော့ချင်လည်း gold ဝယ်ကြတာပေါ့ဗျာ။
2. The Guide Axiom
ခေါင်းတွေဘာတွေနာချင်ရင်တော့ ကစားပေါ့။ခေါင်းစားချင်ရင်ပြောတာ၊ စကားဝှက်ဖော်ရမှာ၊ ဒီဂိမ်းပုံစံမျိုးကတော့ ရှားမယ်ထင်ပါတယ်။ သိပ်လည်းမတွေ့ရဘူး။ ဆော့ဖြစ်ရင်တော့ မျောသွားနိုင်မယ့် ဂိမ်းမျိုးဖြစ်ပါတယ်။ စိတ်ပါဝင်စားစွာနဲ့ စကားဝှက်မျိုးစုံကို ဖြည်ရမှာပါ။ Youtube မှာတော့ guide တွေအများကြီးထွက်နေပါပြီ။ ဆော့ရင်း ဘာဆက်လုပ်ရမှန်းမသိရင် အကူအညီ ယူလို့ရတာပေါ့ဗျာ။
3. The walking Dead : March to war
The Walking Dead ကအခုနောက်ပိုင်း သူ့နာမည်နဲ့ game တွေ non-stop ကိုထွက်လာပါတယ်။ တကယ်ဆော့လို့ကောင်းတာပါသလို ကဂျောင်ဖြစ်နေတာလည်းရှိတာပါပဲ။ အကြိုက်ချင်းတော့ မတူနိုင်ပါဘူးလေ။ ဒီ free game ကိုဆော့မယ်ဆိုရင်တော့ သတိပေးလိုက်ပါမယ်။ PvP ဖြစ်ပြီးတော့ အချိန်မရွေး level အမြင့်တွေက လာတိုက်နိုင်တဲ့ အတွက် ဘာအကာအကွယ်မှမရှိပါဘူး။ ရှင်ဖို့ ခက်ပါလိမ့်မယ်။ပျော်ဖို့ဆော့ချင်တာဆိုရင် တော့ ငချေတွေနဲ့ အနိုင်ကျင့်ဖို့ ထိုင်စောင့်နေတဲ့ player တွေလောက်ပဲ server ပေါ်မှာကျန်နေတာပါ။ Clan မရှိထားရင်တော့ သိပ်ကြာကြာဆော့ဖြစ်မှာမဟုတ်ပါဘူး။ Game ကိုယ်တိုင်က အဲ့လို survival ခက်အောင်ထားတာဖြစ်ပါလိမ့်မယ်။ Age of War, Lord mobile တို့ကတော့ ပို အဆင်ပြေပါလိမ့်မယ်။
4. Dungeon Park Heroes
ပျော်စရာဂိမ်းတစ်ခုဖြစ်ပြီးတော့ ချစ်စရာ graphic နဲ့ အရင် RPG ပုံစံလေးတစ်ခုပါ။ ဟိုနားဒီနားမှာတော့ bug တွေရှိနေသေးပေမယ့် update တွေထပ်လာတဲ့ အခါ အဆင်ပြေသွားမယ်ထင်ပါတယ်။
5. Push & Pop
ဒီတစ်ခုက puzzle arcade တစ်ခုပါ။ ဆော့ရတာ ပေါ့ပေါ့ပါးပါးရှိတယ်ထင်ရပေမယ့် တစ်ကယ်တော့ သိပ်မလွယ်ပါဘူး။ အချိန်ဖြုန်းချင်ရင် ခဏတာဆော့လို့အဆင်ပြေပါတယ်။
6. Stormbounds: Kingdom wars
Board game တစ်ခုဖြစ်ပြီးတော့ စိတ်ဝင်စားစရာ graphic အရုပ်တွေနဲ့ဖွဲ့စည်းပေးထားပါတယ်။ Card တွေနဲ့ chess ဆော့ ရတဲ့ feel မျိုးရချင်ရင်တော့ ဒါလေးကဆော့လို့ အဆင်ပြေပါလိမ့်မယ်။ board game တွေမှာပါတတ်တဲ့ feature တွေလည်းစုံပါတယ်။
7. Angry Birds Match
match ဆိုတဲ့အတိုင်း matching game လေးပါ၊ အရင်လိုဟာတွေပါပဲဆိုပြီး ဆော့ရင်း စွဲသွားရင်တော့ ကိုယ့် ဒေါသနဲ့ကိုယ်ပေါ့ဗျာ။ ဆော့ရင် မချင့်မရဲဖြစ်မိတာလေးတွေ ရှိလိမ့်မယ်ဗျ။ တစ်ချို့ကိစ္စက လွယ်တာကို ခက်အောင်လုပ်ပေးထားတာတွေ့ရလိမ့်မယ်။
ပြီးတဲ့ လကတော့ ဒီလောက်ပါပဲ၊ နောက်လတွေမှာတော့ 1st week အတွင်းတင်နိုင်အောင်ကြိုးစားကြည့်တာပေါ့။