Star War ရဲ့ Han Solo လို့ပြောရင် တကယ့် Gamer တွေ မသိစရာတော့ မရှိပါဘူး။ Awaken ပြီးကတည်းက Han Solo အတွက် stand alone (သီးခြား ဦးဆောင်ဇာတ်လမ်း) ရုပ်ရှင်တစ်ခုလာမယ်ပြောနေတာ ကြာခဲ့ပြီပဲ။
ဒါပေမယ့် တစ်ခါမှာတော့ ဇာတ်လမ်းနာမည် ထုတ်မပြောသေးဘူးမဟုတ်လား။ Ron Howard ကပြီးတဲ့ June လတုန်းက director အဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း twitter ကနေ ပုံတွေတော့ share လုပ်ပေးနေတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း ဇာတ်ကားနာမည် ခုထိ ပြောသေးတာမဟုတ်ဘူးလေ။
မနေကတော့ ပုံတွေအပြင် ဇာတ်ကားနာမည်ကိုပါ ထုတ်ပြသွားပါပြီ။ Twitter video ကိုထည့်ပေးလိုက်ပါတယ်။ Solo ရဲ့ Chewbecca ကြီးက လက်ဆင့်ကမ်းပေးသွားတာတွေ့ရပါလိမ့်မယ်။
Hey #Twitterville we just wrapped production so here’s a special message #StarWars pic.twitter.com/8QJqN5BGxr
— Ron Howard (@RealRonHoward) October 17, 2017
နာမည်ကိုတော့ SOLO : A Star Wars Story လို့ပေးထားပြီး ဇာတ်ကောင်တွေအကြောင်းတော့ ဘာမှမပြောသွားပါဘူး။
Alden Ehrenreich ကတော့ Han Solo ရဲ့ ငယ်စဉ်ဘဝကို သရုပ်ဆောင်ပေးထားပါတယ်။ Woody Harrelson, Emilia Clarke, Donald Glover, Thandie Newton, Phoebe Waller-Bridge နဲ့ Joonas Suotamo တို့လည်းအားဖြည့်ထားပါကြောင်း။