ဒီတစ်ပတ် စနေနေ့ရောက်လာပြန်ပါပြီ၊ စိတ်ကူးယဉ်ဆန်ပြီး အေးဆေးတဲ့ ဂိမ်းလေး တစ်ခုပါလာတယ်… Enjoy people…
Stranger Things : The game
တကယ်လို့များ ခင်ဗျားက Netflix ရဲ့ Stranger things series ကိုကြည့်ဖြစ်မယ်ဆိုရင်တော့ ဒီဂိမ်းကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် ရှိမယ်ထင်ပါတယ်။ Stranger things universe ထဲမှာ ဇာတ်လမ်းတည်ထားပါတယ်။ Retro style graphic ကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ action adventure ဖြစ်ပါတယ်။ Monster Crew တို့ The incorruptibles တို့ထုတ်ခဲ့တဲ့ BonusXP ကနေ ထုတ်လုပ်ပြီးတော့ f2p ဖြစ်ပါတယ်။ လာမယ့် နောက် season မစခင်လေးမှာ ဒီဂိမ်းဆော့ရင်းစောင့်ကြတာပေါ့ဗျာ။
REKT!
ဒီတစ်ခုကတော့ ဝယ်ရလိမ့်မယ်။ USD1.99 ဆိုတာက stunt လုပ်ပြီး ဖျက်စီးရမှာတွေနဲ့ ယှဉ်ရင်တော့ တန်တယ်ပြောရမယ်။ ပုံမှန် opponent တွေနဲ့ပဲ ယှဉ်မောင်း ချင်နေတဲ့ သူတွေ အတွက်ဆိုရင်တော့ ဒီမှာ ဘယ်သူမှ မပါပဲ အချိန် တစ်ခုတည်းနဲ့ ပဲ ပြိုင်ရမှာပါ။ graphic က tron ကိုမှတ်မိစေပါတယ်။ ပွက်လောတွေ ရိုက်နေတဲ့ ပတ်ဝန်းကျင်မျိုးမှာ stunt လုပ်ပြီး အချိန်ဖြုန်းချင်ရင်တော့ ဒီဂိမ်း ကအတော်ပါပဲ။
Geostorm
ဒီနာမည်နဲ့ ရုပ်ရှင်ရှိတယ်။ တကယ်ကို ပေါတော့တော့ ရုပ်ရှင်တစ်ကားပါ။ ထင်ထားတာက ဒီဂိမ်းလဲ တလွဲပဲလို့ထင်တာ။ တကယ်တော့ အဆင်ပြေတယ်။ Square Enix ရဲ့ GO ပုံစံယူထားတာတွေ့ရတယ်။ ကိုယ့် character ကို control ကောင်းကောင်းလုပ်လို့ရတယ်။ level ဆောက်ထားတာတွေက တစ်ခါတလေ စဥ်းစားရတယ်။ mobile game တစ်ခုအနေနဲ့ကတော့ မဆိုးပါဘူး။ graphic ကောင်းတယ်၊ control အဆင်ပြေတယ်၊ level ရိုးရှင်းတယ်။ free download ရတယ်။ တော်ပြီပေါ့။
Flower
ထူးထူးဆန်းဆန်း ဂိမ်းတွေထုတ်တတ်တဲ့ Thatgamecompany ဆိုတာရှိတယ်။ Flower ကိုလည်း သူတို့ပဲထုတ်လုပ်ထားပြီးတော့ 2009 လောက်တည်းကရှိနေခဲ့ပါတယ်။ လေနဲ့ အတူလွင့်ပါသွားရမယ့် ပန်းပွင့်ဖတ်လေးတွေ နေရာက ဝင်ကစားရမယ်ဆိုတဲ့ ဂိမ်းစိတ်ကူးက တကယ်ကို စိတ်ကူးယဉ် ဆန်လွန်းပါတယ်။ လေနဲ့ အတူလွင့်ပါရင်း ဖုန်းကို လိုသလိုထိန်းကျောင်းရင် ပေါ့ပေါ့ပါးပါး puzzle လေးတွေနဲ့ စိတ်ချမ်းသာရတဲ့ ဂိမ်းမျိုးပါ။ USD4.99 ရှိပါတယ်။
နောက်ပိုင်းမှာတော့ review တွေကို ဒီထက်ပိုရေးပေးနိုင်အောင်ကြိုးစားကြည့်ပါမယ်။