နောက်လထဲဆိုရင်ပဲ Justice League ကရုံတင်တော့မှာပါ၊ မနေကပဲ Poster အသစ် ၄ ခုထွက်လာတာသတိထားမိကြပါလိမ့်မယ်။ Batman, Aquaman, Wonderwoman, Cyborg နဲ့ Flash တို့ပူးပေါင်းပြီးတော့ မဟာရန်သူတော် Steppenwolf ကိုရင်ဆိုင်ကြမှာပါ။ ဒီ hero ၅ယောက်ရဲ့ poster အသစ်တွေကိုတော့ တင်ပေးလိုက်ပါတယ်။
Justice League ကိုယခင် Man of Steel နဲ့ Batman vs Superman ရိုက်ကူးခဲ့သူ ဒါရိုက်တာ Zack Snyder ကအစပိုင်းမှာပဲ ရိုက်ကူးနိုင်ခဲ့ပြီး သူ့ရဲ့ ၁၅နှစ်သမီးလေး ကိုယ့် ကိုယ်ကို အဆုံးစီရင် သွားတဲ့ အတွက် မေလမှာ ဒီရုပ်ရှင်ကထွက်ခွာသွားခဲ့ပါတယ်။ Avenger ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joss Whedon ကဆက်လက်ရိုက်ကူးပေးခဲ့ပါတယ်။
သြဂုတ်လလောက်မှာတော့ ဒီကားမှာပါဝင်တဲ့ Cyborg ရဲ့ ဇာတ်လမ်းက သိပ်ပြီး ကြမ်းနေတဲ့ အတွက် ပေါ့ပေါ့ပါးပါးဖြစ်အောင် ပြန်လည်ရိုက်ကူးခဲ့ရပါသေးတယ်။
ဒီလို reshoot ဖြစ်သွားတဲ့အတွက် Superman အဖြစ် သရုပ်ဆောင်တဲ့ Henry Cavill က Justice League နဲ့ Mission impossible 6 မှာ ကူးချည်သန်းချည် သရုပ်ဆောင်ခဲ့ရတယ်လို့ပြောပါတယ်။ နောက် အခက်အခဲကတော့ IM6 အတွက် ထားထားတဲ့ ပါးသိုင်းမွှေးတွေ ကို edit လုပ်ယူခဲ့ရပါတယ်တဲ့။
သရုပ်ဆောင်တေါ အနေနဲ့ ကတော့ Batman အဖြစ် Ben Affleck, Wonderwoman အဖြစ် Gal Gadot, Aquaman အဖြစ် Jason Momoa, Flash အဖြစ် Ezra Miller, Cyborg အဖြစ် Ray Fisher တို့ဖြစ်ကြပါတယ်။ November 17th , 2017 မှာရုံတင်ပါလိမ့်မယ်။