eSports ဟာယနေ့ခေတ်မှာ ကွင်းလုံးပြည့်အားပေးခံရတဲ့အနေအထားဖြစ်ပြီ်း အစဉ်အလာအားကစားနည်းဖြစ်လာကာ စိတ်ဝင်စားစရာကောင်းလာခဲ့တာကြောင့် ဂိမ်းလောကထဲကိုNBA အသင်း နှစ်သင်းဖြစ်တဲ့ Cleveland Cavaliers နဲ့ Golden State Warriors တို့ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။
League of Legends Championship Series (LCS) မှာပါဝင်ဖို့ Golden State Warriors အတွက်သူတို့ ဟာပြီးခဲ့တဲ့သီတင်းပတ်တုန်းကဒေါ်လာ၁၃သန်းသုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒါဟာNBA ဘက်စကတ်ဘောပြိုင်ပွဲထဲ ကနေရာသစ်(eSport)အတွက်ကုန်ကျစရိတ်ဟာဒေါ်လာ၁၀သန်းလောက်ရှိတာကြောင့်အခြားအသင်းတွေ eSport ထဲဝင်ချင်ရင်ဒေါ်လာ၁၀သန်းသုံးကြရမယ့်အနေအထားဖြစ်လာပါတယ်။
Cleveland Cavaliers ဟာ Golden State Warriors နဲ့အတူပါဝင်လာတာဖြစ်ပါတယ်။ Golden State Warriors ပိုင်ရှင်ကတော့ Joe Lacob ဖြစ်ပြီးသူဟာ သားဖြစ်သူ Kirk နဲ့ Warriors ကိုပူးတွဲပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
Cleveland Cavaliers ဟာ North American League of Legends Championship Series (LCS) မှာနေရာတစ်နေရယူထားပြီးဖြစ်တယ်လို့ ESPN ကသတင်းဖော်ပြခဲ့ပါတယ်။
နောက်နှစ် North American League of Legends Championship Series (LCS) မှာဝင်ရောက်ယှဉ်ပြိုင်ဖို့ FlyQuest ကလည်းဒေါ်လာ၁၀သန်းရင်းနှီးမြှပ်နှံမယ်လို့သတင်းတွေထွက်နေပါတယ်။ FlyQuest ကို Milwaukee Bucks ပူးတွဲပိုင်ရှင် Wes Edens ကငွေကြေးထောက်ပံ့ပေးထားတာဖြစ်တယ်လို့ဆိုပါတယ်။
အောက်တိုဘာ၁၉ရက်နေ့က New York Yankees အသင်းက Echo Fox မှာအစုရှယ်ယာတွေကိုဝယ်ယူခဲပါတယ်။ Echo Fox ဟာ NBA alum Rick Fox ပိုင်ထားတဲ့ eSports လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
ဒီလိုသတင်းတွေကြားရတဲ့ အခါ traditional sports အစောပိုင်းလက်မခံခဲ့ပဲလတ်တလောမှာ eSports တွေဆီကို ခပ်စိတ်စိတ် ခရီးနှင်လာကြသလားလို့ပါ။