Warhammer: Vermintide 2 ရဲ့gameplay ကိုပြသရင်းအဲ့ဒီဂိမ်းတွေမှာ loot boxes တွေကိုရောင်းစားနေတာမဟုတ်ဘူးလို့Sweden မှ developer ဖြစ်တဲ့ Fatshark ကထုတ်ဖော် ပြောကြားလိုက်ပါတယ်။
Warhammer: Vermintide 2 ရဲ့ gameplay trailer ပြသခဲ့ပြီး Skaven မှာပဲဖြစ်ပေမယ့်လည်း Chaos ဆိုတဲ့ ဂိုဏ်းသစ်တစ်ခုပါဝင်လာမှာဖြစ်တယ်လို့Fatshark ကပြောပါတယ်။။ Vermintide 2 မှာ loot boxes ပါလာမှာမဟုတ်ဘူးလို အင်္ဂလိပ်အက္ခရာကြီး “NOT” ကိုအသုံးပြုကာပြောကြား ခဲ့ပြီး Loot boxes တွေဟာကစားသူရဲ့ပိုက်ဆံအိတ်ကနေလာတာမဟုတ်ဘဲ gameplay ကနေလာတာဖြစ် တယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။
Vermintide 1 ကဟီးရိုး၅ယောက်ပြန်ပါလာမှာဖြစ်ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ‘hero classes’ ၃ခုထဲက တစ်ခုခုကို specialize လုပ်နိုင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။လူုပု Bardin ကို slayer အဖြစ်ကစားနိုင်မှာ ဖြစ်ပေမယ့်အဲ့ဒီလိုကစားရင်ဒိုင်းတွေကိုသုံးနိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။ဒီဂိမ်းမှာလက်နက်သစ်တွေလည်း ပါဝင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ UI (user interface) ပြောင်းသွားပြီး နယ်မြေအသစ်၊ ရန်သူနဲ့ mod တွေ အပြင် dedicated server ရှိလာမယ်ပြောပါတယ်။
ဒီသတင်းမှာသတိထားမိတာက မနေ့တနေ့က HOT ဖြစ်နေတဲ့ loot boxes တွေကိစ္စကို developer တွေက ပိုမကြီးလာခင် ထိန်းသိမ်းချင်ပုံရပါတယ်။
Source :Reddit